ကျောက်ကြီးမြို့နယ်ဟာ ကျွန်တော်တို့ သောင်းကျန်းသူဘေး အန္တရာယ်ကြောင့် တော်တော်လေး အတိဒုက္ခရောက်ပြီး ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့နှစ် အတွင်းကပဲ နိုင်ငံတော်ကနေပြီးတော့ ကျွန်တော်တို့ ဒီလမ်း၊ တံတားကွန်ရက်များနဲ့ပတ်သက်လို့ စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိနေ တဲ့ဝေးလံခေါင်သီတဲ့ဒေသတွေနဲ့ နိုင်ငံတော်ရဲ့အလယ် လမ်းမကြီးတွေကို ဆက်သွယ်နိုင်အောင်ဆိုပြီး တော့မဟာဗျူဟာကျတဲ့ လမ်းတံတားကွန်ရက်တွေကို စတင်ပြီးတော့ ရေးဆွဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျောက်ကြီးမြို့နယ် အရှေ့ဘက်မှာ ရှိတဲ့ စစ်တောင်း-မုပ္ပလင်လမ်းမကြီးဟာ ခိုင်မာတဲ့လမ်းအူကြောင်းနဲ့ တံတားတွေရှိခဲ့ပြီး တော့မှ တစ်နေ့မှာ ဒါနိုင်ငံတကာ ဆက်သွယ်သွားလာ တဲ့အာဆီယံလမ်းမကြီးတစ်ခုဖြစ်မယ်လို့ ကျွန်တော် တို့ ကြိုတင်ပြီးတော့ သိရှိထားရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ စစ်တောင်းမြစ်ကို ဗဟိုပြုပြီးတော့မှ မဟာဗျူဟာကျတဲ့ စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းဒေသတွေနဲ့ လမ်းအလယ်အူကြောင်းကို ဆက်သွယ်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကူးလူးဆက်ဆံမှု၊ စီးပွားရေးအရ ကူးလူးဆက်ဆံမှု၊ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ဟာဖွံ့ဖြိုးတိုးတက်လာမယ်ဆိုပြီးတော့ နိုင်ငံတော်ကစေတနာနဲ့ ဒီအစီအစဉ်တွေကို ရေးဆွဲထားတယ် လို့သိရှိရပါတယ်။ ကျွန်တော်တို့ ကျောက်ကြီးမြို့နယ်ရဲ့ ဒီဘက်ကမ်းမှာရှိနေတဲ့ နယ်မြေခံတပ်ရင်း တစ်ရင်းနဲ့ စစ်ဗျူဟာကွပ်ကဲမှုအဖွဲ့၊ မုန်းအထူးဒေသလို့ခေါ်တဲ့ မုန်းမြို့နယ်ခွဲတို့နဲ့ ဖြူးမြို့နယ်တို့ ဆက်သွယ်တဲ့အခါမှာ အရှေ့ဘက်ရဲ့ အရှေ့ရိုးမတောင်ကြောမှာရှိတဲ့ အရှေ့ဘက် တောင်ခြေပတ်လမ်း မဟာဗျူဟာလမ်းဟာ ဆက်သွယ်မှုရှိပြီးတော့မှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ သွားလာလွယ်ကူမှု တွေနဲ့ပိုပြီးတော့မှ အဆင်ပြေလာမှာဖြစ်တဲ့အတွက် ဒီစီမံကိန်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကြိုတင် ပြီးတော့သိရှိထားရပါမယ်။ သို့ဖြစ်ပါ၍ ဖြူးမြို့နယ်၊ ပန်းလောင်ရွာနှင့် ကျောက်ကြီးမြို့နယ်၊ မြွေတွင်း ရွာကိုဆက်သွယ်ထားမယ့်လမ်းနဲ့ စစ်တောင်းမြစ်ကူးတံတားကို တည်ဆောက်ဖို့ အစီအစဉ်ရှိပါသလား ဆိုတဲ့မေးခွန်းနဲ့ တကယ်လို့ ရှိမယ်ဆိုရင်လည်းပဲ မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပဲနွယ်ကုန်း-ကျောက်ကြီးလမ်းမိုင် ဝ/၁-ဝ/၂ အကြားမှာရှိတဲ့ တံတားအမှတ် ၁/၁ ကျောက်ကြီးမြို့လယ်တံတားဟာ ခန်းဖွင့်အားဖြင့် ပေ ၃၀ နှစ်ခန်း၊ ပေ ၆၀ နှစ်ခန်းနဲ့ ပေ ၃၀ သုံးခန်း စုစုပေါင်းပေအရှည် ၂၇၀ တိတိ ဖြစ်ပါတယ်။ ဒီတံတားကို ဘေလီတစ်ထပ်တံတားအနေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီတံတားနဲ့ ပတ်သက်ပြီးတော့ ဘေလီတစ်လွှာတစ်ထပ်တံတားကြီး ပိုမိုခိုင်ခံ့စေရန်အတွက် ရည်ရွယ်ပြီးတော့ ပေ ၂၇၀ အနက်မှာ အလယ်က ၆၀ ပေ နှစ်ခန်းကို နှစ်လွှာတစ်ထပ်ဘေလီအဖြစ် ၂၀၀၇-၂၀၀၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှာ အဆင့်မြှင့်တင်တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ ရေလယ် တိုင်စင် သုံးတိုင်ကိုလည်း အသစ်တည်ဆောက်ခြင်း၊ သစ်သားယက်မ၊ ကြမ်းခင်း၊ ဘီးလမ်းများ လဲလှယ်ခြင်းနှင့် သံထည်များဆေးသုတ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ တံတားကြီးပေါ်မှာတော့ နေ့စဉ်လူစီးဘတ်စ်ကား နှစ်စီး၊ ထော်လာဂျီငါးစီး၊ ကုန်တင်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်များသာဖြတ်သန်းသွားလာ၍ ယာဉ်သွားလာမှုနည်းပါးပါသဖြင့် ကျောက်ကြီးမြို့လယ် တံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တည်ဆောက်ရန် လောလောဆယ် အစီအစဉ်မရှိ သေးပါဘူးခင်ဗျား။ ကျောက်ကြီးမြို့လယ်တံတားရဲ့ ဆွေးမြေ့နေသော သစ်သားထည်များအား လဲလှယ်ခြင်းနှင့် သံထည်များဆေးသုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေတောင်းခံပြီးတော့ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ ကျောက်ကြီးမြို့နယ်နှင့် ဖြူးမြို့နယ်ကို တိုက်ရိုက် ဆက်သွယ်တဲ့လမ်းမရှိသေးပါဘူးခင်ဗျား။ ကျောက်ကြီးမြို့နယ်မှ ပဲနွယ်ကုန်း-ကျောက်ကြီးလမ်းအတိုင်း စစ်တောင်းမြစ်ကို ဖြတ်ကျော်လျက် ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် ၁၂၂ ကို ရောက်ရှိပြီးတော့ အဲဒီကမှတစ်ဆင့် ပဲနွယ်ကုန်းမြို့သို့လာ နိုင်ပြီး ပဲနွယ်ကုန်းမြို့မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းမကြီးအတိုင်း မိုင်တိုင် ၁၄၂ မှာရှိတဲ့ ဖြူးမြို့သို့ သွားလာနိုင်မှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ ပဲနွယ်ကုန်း-ကျောက်ကြီး လမ်းပေါ်မှာရှိတဲ့အရှည် ၂၇၀ ပေ ရှိစစ်တောင်းမြစ်ကူးတံတား (နတ်သံကွင်း) တံတားကြီးကို အမြန်ဆုံးပြီးစီးအောင် တည်ဆောက်လျက်ရှိပါကြောင်းဖြေကြားပါသည်။
