|
အမည် |
ဦးဉာဏ်ဆွေဝင်း |
|
အခြားအမည် |
မောင်ကံဝင်း |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/ကကန (နိုင်) ဝဝ၄၄၄၅ |
|
မွေးသက္ကရာဇ်/အသက် |
၁၉-၂-၁၉၄၇/ (၆၄) နှစ် |
|
မွေးဖွားရာဇာတိ |
နတ်သံကွင်းရွာ၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
(H.S.F) အောင်၊ တိ/မွေး/ကု သိပ္ပံအောင် |
|
လက်ရှိအလုပ်အကိုင် |
မြို့နယ်ဦးစီးမှူး (ငြိမ်း)၊ မွေးမြူကုသရေးဦးစီးဌာန၊ ဆေးဆိုင်လုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘိုးရ၊ ၇/ကကန (နိုင်) ၀၁၁၂၂၅၊ မှီခို |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြခင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဖြူဖြူမြင့်၊ ၇/ကကန (နိုင်) ၀၀၅၀၀၃၊ မူ/အုပ် (ငြိမ်း)၊ ပညာရေးဌာန |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မစံပယ်ဖြူဆွေ၊ ၇/ကကန (နိုင်) ၀၃၁၁၄၁၊ မှီခို၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
A-21/1 အနော်ရထာလမ်း၊ ပဲခူးရပ်ကွက်၊ ကျောက်ကြီးမြို့၊ တောင်ငူခရိုင် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်ကြီး (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို အ-မ-က နတ်သံကွင်းရွာ၊ အ-လ-က ကျောက်ကြီးမြို့နှင့် အ-ထ-က ကျောက်တံခါးမြို့တွင် လည်းကောင်း၊ အထက်တန်းပညာကို မန္တလေးမြို့တို့တွင် လည်းကောင်း တက်ရောက်အောင်မြင်ခဲ့သည်။ စိုက်ပျိုးရေးအတတ်သင်ကျောင်း (တပ်ကုန်း)မြို့နှင့် တိ/ကု သိပ္ပံကျောင်း၊ အင်းစိန်မြို့တို့တွင် ပညာသင်ကြားခဲ့ပြီး တိ/မွေး/ကု သိပ္ပံဖြင့် အောင်မြင်ခဲ့သည်။ ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့ရှိ လယ်ယာစိုက်ပျိုးရေး ဌာနတွင် ကျေးလက်ကြီးပွားရေးမှူး၊ ကျောက်ကြီးမြို့ရှိ မွေး/ကု ဌာနတို့တွင် မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တွင် တပ်ခွဲမှူးများ တာဝန်ထမ်းဆောင်ခဲ့သည်။ ပါတီယူနစ်ကော်မတီဝင်(အချိန်ပြည့်) နှင့် လမ်းစဉ်လူငယ်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ မြို့နယ် လယ်သမား အစည်းအရုံးတွင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ လမ်းစဉ်ပါတီတွင် မြို့နယ်ပါတီယူနစ် အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ မြို့နယ် စည်းရုံးရေးမှူး၊ ပဲခူးတိုင်း စည်းရုံးရေး ကော်မတီဝင်၊ ပါတီ ဗဟိုကော်မတီဝင်နှင့် တိုင်းရင်းသာ စည်းလုံးညီညွတ်ရေးပါတီတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ |
