ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်
Economic Of Scale နဲ့ ကျွန်တော်တို့အရင်းကြေကာလပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ Subscription Rate နဲ့ Airtime နဲ့သတ်မှတ်ကြလေ့ရှိပါတယ်ခင်ဗျား။ ရှိတဲ့အခါမှာ အခုလက်ရှိကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ကျွန်တော်တို့ Statistic အရပေါ့။ ကျွန်တော်တို့နိုင်ငံနဲ့ GDP မကွာခြားတဲ့နိုင်ငံတွေ ကျွန်တော် တို့နိုင်ငံနဲ့ လူဦးရေမကွာခြားတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင် ကျွန်တော်တို့ဒီတယ်လီဖုန်းပြောဆိုခ ၁ မိနစ်နှုန်းဟာ ကျွန်တော်တို့လက်ရှိ ၅၀ ကျပ်နှုန်းထက် ၂ ဆ၊ တချို့နိုင်ငံမှာ ၃ ဆအထိ လျှော့ချ ပြီးတော့ တောင်းဆိုကောက်ခံနေတာ တွေ့ရှိရပါတယ်ခင်ဗျား။ ကျွန်တော်တို့ထက်ပိုပြီးတော့ လူဦးရေ မြောက်မြားစွာရှိတဲ့ သန်းရာနှင့်ချီတဲ့နိုင်ငံတွေမှာဆိုရင် ဒီထက်နည်းကြောင်းတွေ့ရှိရပါတယ်။ GDP အပေါ်မှာလည်းမူတည်ကြောင်းတွေ့ရှိရပါတယ်ခင်ဗျား။ အဲ့ဒီတော့ လက်ရှိ ဦးကြည်မြင့်ရဲ့မေးခွန်းမှာ ပါတဲ့သန်း ၁၀ ဂဏန်းမျှရှိတဲ့ GSM/CDMA လက်ကိုင်ဖုန်းများ ပြောဆိုဆက်သွယ်ခကို ၁ မိနစ် ၅၀ ကျပ်နှုန်းမှ ၅ ကျပ်နှုန်းသို့ လျှော့ပေးရန်ကမ်းလှမ်းအဆိုပြုသည့် ကုမ္ပဏီများရှိ/မရှိဆိုတဲ့မေးခွန်းနှင့် ပတ်သက်ပြီး ယခုထိတော့ ၅ ကျပ်ထိလျှော့ချပြီးတော့ ဆောင်ရွက်ချင်တယ်ဆိုတဲ့ ကုမ္ပဏီကမ်းလှမ်းချက် မရှိသေးပါဘူးခင်ဗျား။ ကျွန်တော်တို့အနေနဲ့ ဒီဈေးနှုန်းနဲ့ဆက်သွယ်ပြီးတော့ ကျွန်တော်တို့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခုနက Telecom Liberalization နဲ့ Reform Plan အရ ဆက်သွယ် ရေးဝန်ကြီးဌာနမှာ ကျွန်တော်တို့နောက်ပိုင်းမှာ ၃ ပိုင်းကွဲပြားသွားမှာဖြစ်ပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ပေါ်လစီနဲ့မူဝါဒတွေကိုချမှတ်ပြီးတော့ Operator ၄ ဦးအား Independent Private ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူတို့တွေဟာကိုယ်စားလှယ်တော်ကြီး ဦးကြည်မြင့် ခုနက ရှင်းလင်းပြောပြသွားသလို ပြည်သူတွေအတွက် ထိုက်တန်တဲ့ဝန်ဆောင်မှုနှင့် နှုန်းထားပေါ့။ သင့်တင့်တဲ့ မျှတတဲ့နှုန်းထားကို ဖြစ်ဖို့အတွက် Regulator ကနေပြီးတော့ ကျွန်တော်တို့ ထိန်းကျောင်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခုနကပြောတဲ့ ပေါ်လစီနှင့်မူဝါဒကို ထိန်းချုပ်ချမှတ်တဲ့အခါမှာ ပြည်သူပြည်သားများအတွက် အကျိုးရှိမယ့်နှုန်းထား ဖြစ်ဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် နှစ်လယ်လောက်မှာ လုပ်ငန်းဆောင်ရွက်ကြမယ့် Operator ၄ ဦးထိ ဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျား။ ဈေးကွက်ယှဉ်ပြိုင်မှုဖန်တီးပေးမှာ ဖြစ်တဲ့အတွက် ကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုရဲ့ သဘောတရားအရ ကျွန်တော်တို့ Quality နဲ့ ဈေးနှုန်းကိုအပြိုင် အဆိုင်လျှော့ချပြီးတော့ စွဲဆောင်မှုလုပ်လာကြမှာဖြစ်ပါတယ်။ ယခုအချိန်ထိ ၅ ကျပ်နှုန်းထိ ကမ်းလှမ်း အဆိုပြုလာတဲ့ကုမ္ပဏီများမရှိသေးသည့်တိုင် အပြိုင်အဆိုင်လုပ်လာကြမယ့် ကုမ္ပဏီ ၄ ခုအနေနဲ့ ပြိုင်ဆိုင်မှုရဲ့ သဘောတရားအရ တစ်ချိန်ပြီး တစ်ချိန်ဈေးနှုန်းကျဆင်းလာမှာတော့ အမှန်ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာတော့ ၅ ကျပ်အထိ ကျဆင်းကောင်း ကျဆင်းနိုင်ပါလိမ့်မယ်ခင်ဗျား။ သို့ပေမယ့် ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့တော့ လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်မှုအရ ဈေးနှုန်းကိစ္စကို ကျွန်တော်တို့အနေနဲ့ ထိန်းချုပ်မှာမဟုတ်ပါဘူးခင်ဗျား။ သူတို့အနေနဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေး မှာဖြစ်ပါတယ်ခင်ဗျား။ ဒါ ပထမမေးခွန်းဖြစ်ပါတယ်။
ဒုတိယမေးခွန်းဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ တယ်လီဖုန်းခေါ်ဆိုခကို အခြား အိမ်နီးချင်းနိုင်ငံများ ဦးဆောင်၍ လျှော့ချသတ်မှတ်ပေးရန်အစီအစဉ် ရှိ/မရှိဆိုတဲ့မေးခွန်းဖြစ်ပါတယ် ခင်ဗျား။ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ယခုအခြေအနေမှာ ကျွန်တော့်တို့အနေနဲ့ ဝန်ခံရမယ်ဆိုရင် တယ်လီဖုန်းပြောဆိုခတွင်မကဘဲနဲ့ အခြားကောက်ခံတဲ့အခွန်အခများဟာ ခေတ်နဲ့ လျော်ညီမှု မရှိတော့ပါဘူး။ အဲ့ဒီအတွက် ခေတ်နှင့်လျော်ညီမှုရှိစေရန်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပြီးတော့ ကွာဟချက်နည်းပါးမှုအတွက် ကျွန်တော်တို့ပြန်လည်သုံးသပ် ပြင်ဆင်ပြီးဆောင်ရွက် လျက်ရှိပါတယ်။ ခေါ်ဆိုခနှုန်းထားများကို လျှော့ချဆောင်ရွက်ခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မှာဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
