ဦးကြည်မြင့်(ကွယ်လွန်) ( လသာ မဲဆန္ဒနယ်)

အမည်

ဦးကြည်မြင့်(ကွယ်လွန်)

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လသန(နိုင်)ဝ၁၁၃၄၉

မွေးသက္ကရာဇ်/အသက်

၁၄-၇-၁၉၅၃ /(၅၇)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်

ပညာအရည်အချင်း

B.Econ

လက်ရှိအလုပ်အကိုင်

အရောင်းအဝယ်/ စာရေးဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမောင်မောင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ပု (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မင်းမင်းဦး၊ ၁၂/လသန(နိုင်)၀၀၂၀၇၅၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် ၉၁/၃-လွှာ၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအင်အားစု (NDF)

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လသာ (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ အခြေခံပညာကို အ-ထ-က (၁) အလုံ၌ သင်ကြားခဲ့သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့ရာ B.Econ ဘွဲ့ရရှိခဲ့သည်။

၁၉၇၂ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ ရန်ကုန်-လွိုင်ကော်-ဖားဆောင်း စီမံကိန်းရုံးများတွင် ဒု-စီမံကိန်းမှူး တာဝန်ထမ်းဆောင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တွင် ၁၉၉၀ ရွေးကောက်ပွဲ၌ လသာမြို့နယ်မှ ဝင်ရောက်ရွေးချယ်ခံပြီး အနိုင်ရခဲ့သည်။

၁၅. ၅. ၁၉၉၃ မှ ၁၀.၁၀. ၂၀၀၁ အထိ ပုဒ်မ ၁၇(၁)၊ ၅(ည)၊ ပုံနှိပ်အက် (၁၇) (၂၀) တို့ဖြင့် ကျခံခဲ့ဖူးသည်။