နှစ်ပေါင်း ၇၀ ကျော် အင်္ဂလိပ် ကိုလိုနီခေတ်တွင် စစ်တွေမြို့ လူဦးရေသုံးသောင်းကိုခန့်မှန်းပြီး အရည်းတော်ကုန်းတွင်မြေဧက ၁၀ ကျော် ကို ရေလှောင်ကန်အဖြစ် တည်ဆောက်ပြီး မြို့သူမြို့သားများအား အိမ်ပေါက်စေ့ သံပိုက်လုံးများနဲ့ ရေပေးဝေခဲ့ပါတယ်။ မိုးရေချိန်လက်မ ၂၀၀ ကျော်နဲ့ လူဦးရေ ထိုအချိန်တွင် ကိုက်ညီသော်လည်း ယခုအခါ လူဦးရေ နှစ်သိန်းကျော် တိုးလာပါတယ်။ ရေကန်၏ အောက်ခြေမှာ အပေါက်ကြီးများဖြင့် ပေါက်ပြဲနေပါတယ်။ သံပိုက်လုံးများမှာလည်း သံချေးတက်ပြီးတော့ ပျက်စီးနေပါတယ်။ ရာသီဥတု ဖောက်ပြန်လာ တဲ့ အခုအခါ သတ်မှတ်တဲ့ရေကို မရရှိခဲ့ပါ။ ရာသီမရွေး ပျက်စီးခြင်းမျိုးစုံနဲ့ ကြုံတွေ့နေရပြီး ရေမရရှိခဲ့ပါ။ ၄ မိုင်ခန့် ဝေးတဲ့ အောင်လံ ငါးမွေးမြူရေး ရေကန် မှ ရေမှာလည်း မသန့်မရှင်းနဲ့ သယ်ယူရန် အလွန် ခဲယဉ်းပါတယ်။ အောင်လံရေလွှတ်တဲ့သတင်းကို ရတဲ့ မြို့သူမြို့သားများဟာ ရေကိုမသုံးဘဲ အဝီစိကိုသုံးကြပါတယ်။ အဝီစိတွင်းများမှ ရေကိုသုံးပြန်လျှင် လည်း ပင်လယ်နဲ့နီးတဲ့အတွက် ဆားငန်ရေ ပေါက်ပါတယ်။ ဒါကြောင့် တချို့နေရာတွေမှာ လောကနိဗ္ဗာန် ထူထောင်နိုင်တဲ့နေရာမှာ အခု စစ်တွေမြို့မှာ အဝီစိကို ရောက်သွားပြီဆိုပြီးတော့ စစ်တွေသားတွေ ရယ်စရာပြောနေပါတယ်။ စစ်တွေမြို့သူ မြို့သားများ သောက်သုံးရေ အလွန်တရာ အခက်အခဲ တွေ့နေရပါတယ်။ ရေလွှတ်ချိန်နဲ့ လျှပ်စစ်မီးပေးချိန် လွဲချော်နေတဲ့အတွက် ပိုပြီးတော့ ခက်ခဲနေပါတယ်။
သို့ဖြစ်ပါ၍ -
(က) စစ်တွေမြို့သူ မြို့သားများ သောက်သုံးရေ အခက်အခဲဖြစ်နေသည်ကို သိပါသလား။
( ခ ) ရေ အခက်အခဲရှိသည်ကို သိလျှင် ရေလှောင်ကန်ကြီးလုပ်ရန် စီမံကိန်းရှိပါသလား။
( ဂ ) စီမံကိန်းရှိလျှင် မည်သည့်အခါ လုပ်ပေးပါမည်နည်း။
မြို့သာယာလှပရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ၁၉၉၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၅။၉၃ ဖြင့် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ ပုဒ်မ ၉ မှာ စည်ပင်သာယာရေးအဖွဲ့များ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန် ၃၁ ချက် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကြီးကြပ်ကွပ်ကဲရန် သတ်မှတ်ပေးခဲ့ပါတယ်။ အဆိုပါ မြို့ သာယာလှပရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အတွက် မြို့နယ်အတွင်း ဥပဒေအရခွင့်ပြုထားတဲ့ အခွန်အခ၊ အကောက် ကောက်ခံပြီးတော့ ရငွေနဲ့ မြို့နယ်ဝင်ငွေအဖြစ်သတ်မှတ်ပြီးတော့မှ ဥပဒေနဲ့အညီဝန်ကြီးဌာနကခွင့်ပြုပြီးတော့မြို့သာယာလှပ ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို ပြန်လည်ဆောင်ရွက်ရတဲ့ ဒေသန္တရအဖွဲ့အစည်းများ ဖြစ်ပါတယ်။ စစ်တွေမြို့အနေနဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များရဲ့ ဥပဒေအရ နှစ်စဉ် ကောက်ခံရရှိတဲ့ အခွန်အခအကောက်ဟာ ဝင်ငွေအသင့်အတင့်ရရှိသော်လည်းပဲ ပုံမှန်မြို့သာယာ လှပရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိုသာ ဆောင်ရွက်နိုင်ပြီး ခုနတင်ပြတဲ့ မြို့ရေပေးရေးလို လုပ်ငန်းကြီးမျိုး၊ အချို့သော ငွေလုံးငွေရင်းနဲ့ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကိုတော့ များများစားစား ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ဝန်ကြီးဌာနမှ နေပြီးတော့မှ နိုင်ငံတော်ကို ခွင့်ပြုချက်တောင်းခံပြီး နိုင်ငံတော်ရဲ့ ထောက်ပံ့ငွေနဲ့ ထပ်ဆောင်းပြီးတော့မှ လုပ်ငန်းများ ဆောင်ရွက်ပေးနေရခြင်း ဖြစ်ပါတယ်။
စစ်တွေမြို့ရေပေးရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ကြီးကြပ်မှုနဲ့ ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့ရဲ့ အနီးကပ်ကြီးကြပ်မှုတို့ ဖြင့် စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၁၃၆ ဧက ကျယ်ဝန်းပြီး ရေဂါလံ သန်း ၄၁၀ သိုလှောင် နိုင်တဲ့ ကန်တော်ကြီး ရေကန်ကနေပြီးတော့ မြို့ရေပေးဖို့အတွက် မြို့တွင်းကို ရေပိုက်လိုင်းအရှည် စုစုပေါင်း ၁၃၃၄၄၀ ပေ သွယ်တန်းထားပြီးတော့ တစ်နေ့ကို ရေဂါလံ ၁၂၀၀၀၀၀ ခန့်နဲ့ အခြားအရင်း အမြစ်များဖြစ်တဲ့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူထိန်းသိမ်းထားတဲ့ မိုးရေလှောင်ကန် ၁၄ ကန်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် အချင်း ၂၀ ပေရှိတဲ့ လက်တူးတွင်းကြီး ၁၂ တွင်း၊ အခြားဌာနပိုင် အချင်း၂၀ ပေရှိတဲ့ ၁၀ တွင်း၊ ပုဂ္ဂလိကပိုင် အချင်း ၃ ပေ ရှိတဲ့ လက်တူးတွင်းငယ် ၁၂၇ တွင်း၊ တုန်ကင် တွင်း ၈၇၅ တွင်းတို့မှ တစ်နေ့ကို ရေဂါလံ ၁၃.၅ သိန်း ဖြန့်ဝေနိုင်တဲ့အတွက် စစ်တွေမြို့မှာ တစ်နေ့ကို ရေဂါလံ ၂၅.၅ သိန်း ဖြန့်ဝေပေးလျက်ရှိပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ ၊ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်နေ့၊ ၂၀၁၀ ပြည့်နှစ်၊ မေလ ၁၇ ရက်နေ့မှာ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် စစ်တွေမြို့ကို ရောက်ရှိပြီးတော့မှ စစ်တွေမြို့ ရေခက်ခဲမှုရှိကြောင်း ရခိုင်ပြည်နယ်၊ အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရဲ့ တင်ပြချက်အရ နိုင်ငံတော် ဝန်ကြီးချုပ်မှ စစ်တွေမြို့ရေရရှိရေး အတွက် နိုင်ငံတော်အနေဖြင့် ကူညီဆောင်ရွက်ပေးရန် ကျွန်တော်တို့ ဝန်ကြီးဌာနကို တာဝန်ပေးခဲ့ ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်တာဝန် ပေးချက်အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ရေရရှိရေး လုပ်ငန်းစဉ် သုံးရပ်ကို စစ်တွေမြို့အတွက် မေတ္တာစေတနာထားပြီးတော့မှ ဆောင်ရွက်ပေးခဲ့ပါတယ်။
ပထမလုပ်ငန်းစဉ်ကတော့ မြို့ရေပေးစနစ်ဟာ ဟောင်းနွမ်းနေတဲ့အတွက် ရေပိုက်လိုင်းများ ဆေးကြောသန့်စင် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းကို နံပါတ် ၁ လုပ်ငန်းအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလို ဆောင်ရွက်တဲ့အခါမှာ စည်ပင်သာယာဦးစီးဌာနရုံးချုပ်က ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဌေး ကိုယ်တိုင် ဦးဆောင်ပြီးတော့မှ ရုံးချုပ်အင်ဂျင်နီယာအဖွဲ့နဲ့ ကွင်းဆင်းတိုင်းတာ စစ် ဆေးပြီးတော့မှ ရေပိုက်လိုင်းတွေ ပြန်လည်ပြင်ဆင်ခြင်း၊ အထူးသဖြင့်တော့ ရေပိုက်လိုင်းတွေဟာ ဃှု ပိုက်ပေါ့လေ ဃasအ Iမသည ပိုက်တွေဖြစ်တဲ့အတွက် နှစ်ကြာတဲ့အခါမှာ သံချေးတက်နေခြင်း၊ အနှစ်အနယ်များ ပိတ်ဆို့ခြင်း၊ အချို့ပိုက်လိုင်းတွေဟာ ပေါက်ပြီးတော့မှ ရေတွေစိမ့်ထွက်နေခြင်း ဖြစ်ပေါ်တဲ့အတွက် ကျွန်တော်တို့ စည်ပင်သာယာရေးဦးစီးဌာန အင်ဂျင်နီယာများ ထပ်မံဖြည့်ဆောင်း ပြီးတော့မှ မြို့ထဲမှာရှိတဲ့ ပိုက်တွေအားလုံးဖော်၊ ပိုက်တွေအားလုံးကိုဆေး၊ ပိုက်အသစ်လဲဖို့ လိုတဲ့ဟာတွေကို အသစ်လဲတဲ့ လုပ်ငန်းတွေကို တစ်မြို့လုံး အုန်းအုန်းကြွက်ကြွက် ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးခဲ့တာ စစ်တွေမြို့တစ်မြို့လုံး အသိဖြစ်ပါတယ်။ အဲဒီလို ရေပိုက်လိုင်းတွေ ဆေးကြော သန့်စင်ပြီးတော့ အပြင်ကို နောက်ထပ်ပိုက်လိုင်းအသစ် ၈၅၀၀ ပေ ကိုလည်းပဲ သွယ်တန်းပေးခဲ့ပါတယ်။ ဒါတင်မဟုတ်ဘူး။ ကျွန်တော်တို့က တကယ်လို့ တချို့နေရာတွေမှာ ရေမရတဲ့အတွက် ရေကလာတော့လာတယ်၊ ဏမနျကမန နည်းတဲ့အခါမှာ ရေမရတဲ့အတွက် ထပ်ပြီးတော့မှ အဲဒီနေရာမှာ ကျွန်တော်တို့ ကိုယ်တိုင် ဒါကို အကြံပြုပြီးတော့မှ ဩူအနမ ဏကာစ ပေါ့လေ၊ ဩူအနမ ဏကာစ ဆိုတာကတော့ အဲဒီရေယက်တဲ့နေရာမှာ ပြန်ပြီးတော့မှတွန်းပေးတဲ့ ရေတွန်းစက် သုံးလုံးကိုလည်းပဲ စစ်တွေမြို့မှာ ထပ်ပြီးတော့မှ တိုးချဲ့တည်ဆောက်ပေးခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ စောစောကတင်ပြသလို ပိုက်လိုင်းဟောင်းများ ပြင်ဆြင်ခင်း၊ အသစ်သွယ်တန်းခြင်း၊ ရေတွန်းစက်များ တပ်ဆင်ခြင်းလုပ်ငန်းကို နိုင်ငံတော်က နေပြီးတော့မှ ၆၉၆.၂ သိန်း အကုန်အကျခံဆောင်ရွက်ပေးခဲ့ပါတယ်။ စစ်တွေမြို့လုပ်ငန်းခွင်မှာ ရေဖြန့်ဖြူးခြင်း လုပ်ငန်းကို ရေပိုက်လိုင်းများမှတစ်ဆင့် အိမ်သွယ်ရေအထိုင်ပေါင်း ၂၇၆၀၊ အများ သုံးရေကန် ၁၂၀ တို့ဖြင့် ရပ်ကွက်ကို ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါလုပ်ငန်းစဉ် (၁) ဖြစ်ပါတယ်။
ဒုတိယလုပ်ငန်းစဉ်အနေနဲ့ကတော့ ရေရရှိရေးအဓိကဖြစ်တဲ့ ကန်တော်ကြီးရေကန် ရေတိုးတက် ရရှိရေးဆောင်ရွက်ခြင်းလုပ်ငန်းွဖစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ နွေရာသီ ရေအခက်အခဲ မရှိစေရေးအတွက် ကန်တော်ကြီးရေကန်ကို ရေပြည့်နိုင်ရေးအတွက် မြို့နဲ့လေးမိုင်ခန့်အကွာမှာရှိတဲ့ ကျွန်တော်တို့ ယခင်တုန်းက ဒေသအာဏာပိုင်နဲ့ ပြည်သူပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရေဂါလန် ၅၂၅ သန်း သိုလှောင်နိုင်တဲ့ အောင်လံရေချိုကန်ကနေပြီးတော့ ရှစ်လက်မ ပိုက်လိုင်း နှစ်လိုင်းကို ကျွန်တော်တို့ ဝန်ကြီးဌာနကနေပြီးတော့ သွယ်တန်းပြီးတော့မှ မြင်းကောင်ရေ ၅၀ အင်အားရှိတဲ့ ရေတွန်းစက် နှစ်လုံးနဲ့ တွန်းပို့ပြီးတော့မှ ရေတစ်နေ့ဂါလန် ၁၂ သိန်းကို အောင်လံကန်မှ တစ်ဆင့် ကန်တော်ကြီးကို ရေဖြည့်ပြီးတော့မှ ရေကူအနေနဲ့ဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ ရေကူဖြည့်ခြင်း လုပ်ငန်းအတွက် ဒေသစည်ပင်သာယာရေးအဖွဲ့မှရန်ပုံငွေ ၁၆၁၂ သိန်း၊ ကျွန်တော်တို့ ဝန်ကြီးဌာန ကနေ နိုင်ငံတော်ကို တင်ပြတောင်းခံပြီးတော့ မှ နိုင်ငံတော်က ခွင့်ပြုခဲ့တဲ့ငွေဟာ သိန်းပေါင်း ၂၀၄၄.၇ သိန်း၊ စုစုပေါင်း ၃၆၅၇ သိန်း အကုန်ကျခံပြီးတော့မှ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကန်တော်ကြီး ရေပိုမိုဝင်ဆန့်နိုင်ရေးအတွက် ရေပိုမိုလှောင်ဖို့အတွက် ကန်တော်ကြီးကို မြေသားတာဘောင်ထပ်ပြီး တော့မှ ငါးပေအမြင့်ကို မြှင့်တင်ပေးခဲ့ပါတယ်။ ငါးပေအမြင့် မြှင့်ခဲ့တဲ့ အရှည်ဟာဆိုလို့ရှိရင် ပေပေါင်း ၄၇၀၀ ပေ မြှင့်တင်ပေးခဲ့ပါတယ်။ ဒါကျွန်တော် တို့ မိုးတွင်းဘက်မှာ မိုးများတဲ့အချိန်မှာ ရေပိုမိုလှောင် နိုင်ဖို့အတွက် ငါးပေမြှင့်ပြီးတော့မှ ၄၇၀၀ ပေ အရှည်ကို ထပ်ပြီးတော့မှ ကျွန်တော်တို့ ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ငန်း လုပ်တဲ့အတွက် နိုင်ငံတော်ကနေပြီးတော့မှ သိန်းပေါင်း ၇၉၀ အကုန်အကျခံပြီးတော့မှ ဆောင်ရွက်ပေးခဲ့တဲ့အတွက် ရေဂါလန် ၄၀ သန်း၊ သန်းပေါင်း ၄၀ ပိုမိုသိုလှောင်နိုင်တာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို ကန်တော်ကြီး ရေဖြည့်သွင်းရေး၊ ဘောင်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့တဲ့အတွက် အခု စစ်တွေမြို့မှာ တစ်နေ့ကို ရေဂါလန် သိန်း ၃၀ ခန့် ဖြန့်ဝေနေပြီဖြစ်ပါတယ်။ တဖြည်းဖြည်း ကျွန်တော်တို့ တိုးပြီးတော့မှ ဆောင်ရွက်လာတဲ့ အခြေအနေကို တင်ပြခြင်းဖြစ်ပါတယ်။
နောက် လုပ်ငန်းစဉ် ၃ ကတော့ ကျွန်တော်တို့ စစ်တွေမြို့မှာ ဆတ်ရိုးကျချောင်းဆိုတာရှိပါတယ်။ အဲဒီချောင်းကို ပိတ်ပြီးတော့မှ ရေလှောင်တမံလုပ်ကာ ရေတိုးတက်ရရှိရေးလုပ်ငန်းကိုလည်းပဲ ဆောင် ရွက်နေပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ကျွန်တော်တို့ ဘယ်က နမူနာယူလည်းဆိုတော့ ဧရာဝတီတိုင်းဒေသ ကြီး လပွတ္တာမြို့မှာ ကျွန်တော်တို့က အဝီစိတွင်းတူးလည်း ရေငန်ပဲထွက်တယ်၊ လက်တူးတွင်းတွေ ကလည်း ရေငန်ပဲဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လပွတ္တာ ၃မိုင်မြို့တည်ဆောက်တဲ့အခါမှာ ၃ မိုင်မြို့အနီးမှာ ရှိနေတဲ့ လျှိုကိုပိတ်ပြီးတော့မှ ရေချိုလှောင်ပြီးတော့မှ အဲဒီ ရေချိုကနေပြီးတော့မှ မြို့သစ် ကိုလည်း ရေပေးတယ်။ လပွတ္တာမြို့ရဲ့ ရေအခက်အခဲကိုလည်းပဲ ဒီဟာနဲ့ပဲ ဖြေရှင်း ပေးခဲ့တယ်။ အဲဒီ နမူနာယူပြီးတော့မှ စစ်တွေမြို့မှာလည်းပဲ ရေပိုမိုပြီးတော့ ရရှိစေဖို့အတွက် စစ်တွေမြို့ရဲ့ မြောက်ဘက် ၄၂၀၀ ပေအကွာမှာရှိတဲ့ ဆတ်ရိုးကျချောင်းလက်တက် ကန်ပိုင်ချောင်းကို ပိတ်ပြီးတော့ မြေသားတာဘောင်အလျား ၆၄၀၀ ပေ၊ အမြင့် ၁၅ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီဟာ ဆောင်ရွက်ပြီးလို့ရှိရင် ရေဂါလန် သန်း ၁၃၀ သိုလှောင်နိုင်မှာ ဖြစ်ပြီးတော့ စစ်တွေမြို့မြောက်ပိုင်း ရပ်ကွက်ခုနှစ်ခုကို တစ်နေ့လျှင် ရေဂါလန် သုံးသိန်းခန့်
ပိုမိုပေးဝေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းအတွက်ကို ကျွန်တော်တို့ နိုင်ငံတော်ကနေပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကနေ ၁၉၅၂ သိန်း ထောက်ပံ့ပေးပြီးတော့မှ လုပ်ငန်းစတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အဲဒါပြီးသွားလို့ရှိရင် ကျွန်တော်တို့ စစ်တွေမြို့ဟာဆိုလို့ရှိရင် တစ်နေ့ကို ရေဂါလန် ၃၄ သိန်းခန့် ဖြန့်ဝေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါလေးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ လုပ်ငန်း မစခင်တုန်းက တစ်နေ့ကို ကျွန်တော်တို့ ပေးနိုင်တဲ့ရေဂါလန်ဟာ ၂၅ သိန်းပဲ ရှိပါတယ်။ အခုကျွန်တော်တို့ ၃၄ သိန်းခန့် ၂၅ သိန်းကနေ ၃၄ သိန်းကို ဖြန့်ဝေနိုင်အောင် တိုးချဲ့ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ စစ်တွေမြို့သောက်သုံးရေ ရရှိရေးအတွက်ကို ၂၀၁၀ ပြည့်နှစ်၊ မတ် ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ပေါ့လေ၊စောစောကတင်ပြခဲ့တဲ့ ရက်တွေမှာ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ကန်တော်ကြီးရေကန်ကို သွားရောက်ကြည့်ရှုပြီးတော့မှ ကျွန်တော်တို့ ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ အွခေအနေကို နိုင်ငံတော်ဝန်ကြီးချုပ်ကို တင်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌကလည်းပဲ အခြေအနေတွေ အားလုံး တင်ပြပြီးတော့ ဒီလုပ်ငန်းတွေကို ဆက်ပြီးတော့မှ ဆောင်ရွက်ဖို့အတွက် လမ်းညွှန်ခဲ့ပါတယ်။ အလားတူပဲ ဒီသတင်းတွေကို မြန်မာ့ ရုပ်မြင်သံကြား၊ သတင်းစာများမှာလည်းပဲ အပြည့်အဝဖော်ပြထားပြီး ဖြစ်ပါတယ်။ အဲဒါကို ကြည့်ခြင်း အားဖြင့် နိုင်ငံတော်ဟာ ကျွန်တော်တို့ ပြည်နယ်၊ တိုင်းဒေသတွေမှာ အခက်အခဲ ရှိလာလို့ရှိရင် အကြီးအကဲများကိုယ်တိုင်ဆင်းပြီးတော့မှ ကူညီဆောင်ရွက်ပေးနေတယ်ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အဆိုပါ ရှင်းလင်းပြချက်ကို လေ့လာခြင်းအားဖြင့် နိုင်ငံတော်မှ စစ်တွေမြို့သူမြို့သားများ သောက်သုံးရေအခက်အခဲမရှိစေရန် ဆောင်ရွက်ပေးမှု အခြေအနေကို လည်းပဲ သိသိသာသာ မြင်နိုင်မှာဖြစ်ပါတယ်။ နောင်မှာလည်းပဲ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ အရ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များရဲ့ အခွန်အခများကို ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ပြည်နယ်ဘဏ္ဍာရေး အရအသုံးဆိုင်ရာ ဥပဒေအတိုင်း မြို့နယ်များမှာစည်ပင်သာယာရေးအဖွဲ့များ ဥပဒေနဲ့အညီပြန်လည်သုံးစွဲရန် ခွင့်ပြုထားပါတယ်။ ဒါကြောင့် နောင်မှာလည်းပဲ နိုင်ငံတော်က ဆောင်ရွက်သလို ပြည်နယ် ဝန်ကြီးချုပ်တွေကလည်း ပြည်နယ် ရန်ပုံငွေဖြင့် သောက်သုံးရေဖူလုံစွာရရှိရေးကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း နှင့် စစ်တွေမြို့ရေပေးရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဆောင်ရွက်မှု အခြေအနေများကို ပြန်လည်ဖြေကြားပါသည်။
