(ဃ)မြေလွတ်၊ မြေလပ်၊ မြေရိုင်းဖော်ထုတ်ရေး စီမံချက် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ (၉-၃-၂၀၁၁)

ဦးပိုင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဖော်ထုတ်ရေး စီမံချက်ကြောင့် ဒေသခံတောင်သူ လယ်သမားများအား အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ကို သိပါသလား။ တချို့စီမံချက်ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို  ထိခိုက်နစ်နာမှု ရှိလိမ့်မည်ဟု သိပါသလား၊၊ မသိသေးလျှင် အခြေအနေမှန်ကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းစုံစမ်းစေပြီး၊ ၎င်းစီမံချက်ကို ပြန်လည် စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးဌေးဦး
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေနဲ့ ဒေသနဲ့ ကိုက်ညီ ဖြစ်ထွန်းတဲ့ အသီးအနှံတွေ၊ စီးပွားရေးအရ တွက်‌ြခေကိုက်သော အသီးအနှံတွေ၊ နိုင်ငံတော်နဲ့ ဒေသအတွင်း နိုင်ငံတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့  သီးနှံများစိုက်ပျိုး ထုတ်လုပ်ရန် ရည်ရွယ်ပြီးတော့မှ ြမေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အမှန်တကယ်စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ လူပုဂ္ဂိုလ် ၊ ကုမ္ပဏီအဖွဲ့အစည်းတွေကို အဖွဲ့နဲ့ စိစစ်ပြီး လုပ်ပိုင်ခွင့် ချထားပေးတာ ဖြစ်ပါတယ်။

          မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟာ နိုင်ငံတော်ပိုင်ဖြစ်ပါတယ်။ ဒီြမေတွေမှာ သဘာ၀ အလျောက် ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို  ရှင်းလင်းပြီး တန်ဖိုးမြင့်မားစွာ ရရှိစေနိုင်တဲ့  စိုက်ပျိုးပင်၊ စိုက်ခင်းများဖြင့် အစားထိုးဖို့ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ခြင်းဟာလည်း နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ပိုမို စီးပွားဖြစ်ထွန်းစေရန် ဆောင်ရွက်လိုခြင်းသာ ဖြစ်ပါတယ်။ ဒီလို ချထားပေးတဲ့နေရာမှာ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်နိုင်ပြီး  အရင်း အနှီးပြည့်စုံတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကိုသာ သူတို့ရဲ့ ကိုယ်တိုင်ဆန္ဒပြု လျှောက်ထားချက် အရ  စိစစ်ချထားပေးခြင်းဖြစ်တဲ့ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်ဘူးလို့ဘဲ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။

          ဒီလိုခွင့်ပြုတဲ့ နေရာမှာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်စိုက်ပျိုးနိုင်တဲ့ မြေဧရိယာကိုသာ အပိုင်းလိုက် စိစစ်ခွင့်ပြုပြီး နှစ်အလိုက် စိုက်ပျိုးမယ့် မြေဧရိယာကို တောရှင်းမြေ ပြုပြင်၍ စိုက်ပျိုးစေရန်စီမံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပေးထားတဲ့ြမေထဲက စိုက်ပျိုးနိုင်ခြင်းမရှိတဲ့ မြေတွေကို တောရှင်းဆောင်ရွက်ခြင်းကို ခွင့်ပြုထားခြင်းမရှိပါဘူး။စိုက်ပျိုးမယ့်လျာထားချက်နှင့် အညီသာ အဆင့် အလိုက် ဆောင်ရွက်စေတဲ့အတွက် အပင်တွေကလည်း ဆင့်ကဲကြီးထွားလာကြမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ခွင့်ပြုထားတဲ့ သီးနှံအမျိုးအစားတွေကတော့ ရာဘာ၊ ဆီအုန်း၊ သရက် ၊ သီဟိုဠ်စတဲ့ နှစ်ရှည်ပင်ကြီးတွေကို  ဦးစားပေး ဆောင်ရွက်စေလျက်ရှိသည့်နည်းတူ အချို့နေရာတွေမှာ ကော်ဖီကဲ့သို့ တန်ဖိုးမြင့် သီးနှံတွေကိုလည်း စိုက်ပျိုးဖို့ ချထားပေးလျက် ရှိပါတယ်။ ရွာငံမြို့နယ်မှာ ကတော့ ကျွန်တော်တို့ အဓိကအားဖြင့် ကော်ဖီစိုက်ပျိုးတာတွေရှိပါတယ်၊ သရက် ရှိပါတယ်။ ရာဘာ၊ ဆီအုန်း၊ သရက်၊ သီဟိုဠ်စတဲ့ အပင်တွေဟာ နှစ်ရှည်ပင်တွေဖြစ်တဲ့အတွက် သစ်တောတွေနဲ့အ‌ြခေ အနေချင်းတူတဲ့ စိုက်ခင်းတွေဖြစ်ပါတယ်။ ကော်ဖီစိုက်ခင်းတွေဟာလည်းပဲ သတ်မှတ်အရိပ်ရ ပင်ကြီးတွေရဲ့ အောက်မှာ စိုက်ပျိုးရသည့်အတွက် မြေဆီလွှာထိန်းသိမ်းခြင်း၊ မြေအောက်ရေ တည်ရှိမှုအား မြှင့်တင်ထိန်းသိမ်းနိုင်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအား ပိုမို တိုးတက် ကောင်းမွန်စေနိုင်တာဖြစ်ပါတယ်။ အလားတူ စိုက်ခင်းများကြောင့် အကျိုးများရရှိစေမည့် အပြင် မြေလွတ်၊ ြမေလပ်၊ မြေရိုင်းတွေကို စိုက်ခင်းကြီးများ ထူထောင်ခြင်းအားဖြင့် ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိစေခြင်း၊ ဒေသ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေခြင်း၊ မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ မြေအောက်ရေ တိုးမြှင့် ထိန်းသိမ်းနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်တဲ့အတွက် စီမံကိန်းတစ်ခုစီအလိုက် စနစ်တကျ ကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ထူးခြားတဲ့ အ‌ြခေအနေတွေ ရှိမယ်ဆိုရင်တော့ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ထမ်းတွေနဲ့ ဆက်သွယ်ဆောင်ရွက် မယ်ဆိုရင် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။