|
အမည် |
ဦးအောင်သိန်း |
|
အခြားအမည် |
မောင်မောင် |
|
လူမျိုး/ဘာသာ |
မြန်မာ-ထားဝယ်/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/ရငန(နိုင်)ဝ၁၅၈၄၄ |
|
မွေးသက္ကရာဇ်/အသက် |
၃၀-၁-၁၉၄၈/ (၆၂) နှစ် |
|
မွေးဖွားရာဇာတိ |
ထားဝယ်မြို့၊ တနင်္သာရီတိုင်း |
|
ပညာအရည်အချင်း |
(ဒု)နှစ် (သိပ္ပံ) |
|
လက်ရှိအလုပ်အကိုင် |
စိုက်ပျိုးရေး |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမောင်သန်း၊ BG- ၀၁၆၀၄၄၊ ခရိုင်တရားမနှင့် စက်ရှင်ရုံးအုပ်စာရေးကြီး |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အမာရီ၊ ၆/ထဝန (နိုင်) ၀၁၀၈၇၀၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးမြင့်၊ ၁၃/ ရငန (နိုင်) ၀၁၅၅၈၈၊ တောင်သူ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မမိုးမိုးအေး၊ ၁၃/ ရငန (နိုင်)၀၀၀၇၀၅၊ ကုန်သည် |
|
အမြဲတမ်းနေရပ်လိပ်စာ |
မြိုင်ရွာ၊ ရွာငံမြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
တစ်သီးပုဂ္ဂလ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရွာငံမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို အမှတ်(၁)အ-ထ-က ထားဝယ်နှင့် UEI အလွတ်ပညာသင်ကျောင်း ရန်ကုန်မြို့တို့တွင် သင်ကြားခဲ့သည်။ အဆင့်မြင့်ပညာကို တက္ကသိုလ်တွင် ဒုတိယနှစ်အထိ ဆည်းပူးခဲ့သည်။ ကျန်းမာရေးမှူးအဖြစ် ကျေးလက်ကျန်းမာရေးဌာန မြိုင်ကျေးရွာ ၊ ရွာငံမြို့နယ်တွင် လုပ်ကိုင်ခဲ့သည်။ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့အဖြစ်လည်းကောင်း၊ မြို့နယ်အလုပ်သမားအစည်း အရုံးကော်မတီဝင်အဖြစ်လည်းကောင်း ၊ အမျိုးသားညီလာခံကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ မြိုင် တိုက်နယ်ဆေးရုံ ဖြစ်မြောက်ရေးကော်မတီဝင်အဖြစ်လည်းကောင်း၊ မြိုင် တွဲဖက် အ-ထ-က ကော်မတီအဖြစ် လည်းကောင်း ၊ မြိုင်ရွာအပါအဝင် (၁၅)ရွာတွင် သောက်သုံးရေရရှိရေးကော်မတီဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ |
