(စ)-ချင်းပြည်နယ်၊ မင်းတပ်မြို့ အမှတ်(၁)အ‌ြခေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေး အတွက် ရန်ပုံငွေခွဲဝေခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးပထမနေ့ (၉.၁.၂၀၁၃)
ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အမှတ်(၁)အ‌ြခေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ် နိုင်ရေးအတွက် ရန်ပုံငွေခွဲဝေခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်၊ မင်းတပ်မြို့ အမှတ်(၁) အ‌ြခေခံပညာ မူလတန်းလွန်ကျောင်းမှာ အခုလက်ရှိ မူလတန်းအဆင့် ၃၆၃ ဦး၊ အလယ်တန်း အဆင့်ကျောင်းသူကျောင်းသား ၁၉၂ ဦး၊ စုစုပေါင်းကျောင်းသူ ကျောင်းသား ၅၅၅ ဦး ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်ခင်ဗျား။ ကျောင်းဆောင်နှင့် ကျောင်းသားအားမမျှနိုင်လျှင် ကျောင်းဆောင် ဟောင်းမှာလည်း ကျောင်း၏ဥပဓိရုပ်ညီညွတ်မှုမရှိတာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။ ပြည်ထောင် စုအစိုးရကနေပြီးတော့ ကျောင်းဆောင်သစ်ဆောက်လုပ်ပေးနိုင်ရေးအတွက် လိုအပ်တဲ့ရန်ပုံငွေ ခွင့်ပြုပေးနိုင်ရန် သက်ဆိုင်ရာကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်စွဲနှင့် တင်ပြတောင်းခံ ထားပြီးလည်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှ ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေခွဲဝေ ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အကယ်၍ အစီအစဉ်မရှိသေးပါက လာမည့် ဘဏ္ဍာရေး နှစ်အတွင်းမှာ ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးပါရန် ပြည်သူလူထုကိုယ်စား ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာ တင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျား။
ဖြေကြားသူ
ဦးအေးကြူ(ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ချင်းပြည်နယ်၊ မင်းတပ်မြို့ အမှတ်(၁)အ‌ြခေခံပညာမူလတန်းလွန်ကျောင်း ယခု လပွတ္တာမြို့နယ်က အ‌ြခေအနေ အတိုင်းဖြစ်ပါတယ်။ဒါ့ကြောင့်မို့လို့ မိဘပြည်သူများရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ကျောင်းဆောင် အားဆောက်လုပ်မည်ဆိုပါက လက်ရှိဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ သာမန် အသုံးစရိတ်  ၀၄-၀၂ အဆောက်အဦပြင်ဆင်စရိတ်ခေါင်းစဉ်အောက်မှ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ တစ်ထပ် အဆောက်အဦအတွက်ကျပ် ၁၈.၀ သန်း ရန်ပုံငွေခွဲဝေပေးမည်ဖြစ်ပါကြောင်း တင်ပြ‌  ဖြေကြား အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။