ဦးထန်းလိန်း( မင်းတပ် မဲဆန္ဒနယ်)

အမည်

ဦးထန်းလိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ချင်း/ ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၄/မတန(နိုင်)၀၀၂၅၉၄

မွေးသက္ကရာဇ်/အသက်

၁၅.၃.၁၉၅၈၊ (၅၆)နှစ်

မွေးဖွားရာဇာတိ

လုံစူးကျေးရွာ၊ မင်းတပ်မြို့နယ်

ပညာအရည်အချင်း

B.Sc, B.Ed (ပထမနှစ်အောင်)

လက်ရှိအလုပ်အကိုင်

လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း)၊ အား/ကာ ဦးစီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဟုန်းထန်း၊ MDT- 041238

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကီးရောင်၊ MDT- 027237

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အိုင်ဒါ၊ ၄ / မတန(နိုင်) ၀၀၂၇၃၇၊ ကျောင်းဆရာမ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါ်အက်စတာလိန်းအွယ်၊ ၄/မတန(နိုင်)၀၁၈၈၈၁၊ လယ်/ ပြ
(၂) ဒေါ်လီလီ၊
၄/မတန(နိုင်)၀၂၀၅၆၇၊ သူနာပြုဆရာမ
(၃) ဒေါ်ကေသီ၊ ၄/မတန(နိုင်)၀၂၀၇၀၀၊ မြှားပစ်အဖွဲ့ချုပ်
(၄) မစာရာလိန်း၊ ၄/မတန(နိုင်)၀၂၆၇၂၉၊ ကျောင်းသူ
(၅) မောင်ဆယ်မြူရယ်လိန်း၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ဘဝသစ်ရပ်ကွက်၊ မင်းတပ်မြို့။

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်းတပ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က ၁၉၆၃ ခုနှစ်တွင် အောက်ချိုင်ကျေးရွာ၌ စတင်ပညာသင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အခြေခံပညာအထက်တန်းကို (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၇၉ခုနှစ်တွင် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့သည်။

၁၉၇၆ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စာရေးအဆင့်ဖြင့် အမှုထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ပညာရေးဌာနသို့ ကူးပြောင်းခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ဦးစီးအရာရှိရာထူးဖြင့် ကူးပြောင်းခဲ့သည်။ ၂၀၀၄ ခုနှစ် ၂၀၁၀ ပြည့်နှစ်အထိ လက်ထောက်ညွှန််ကြားရေးမှူး ရာထူးဖြင့် မင်းတပ်ခရိုင် အားကစား နှင့် ကာယဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည်။၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ မင်းတပ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ နိုင်ငံတော်မှချီးမြှင့်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ကို ရရှိခဲ့သည်။