တောင်သူလယ်သမားများ လုပ်ငန်းခွင်အသုံးပြုနိုင်ရန် စိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးမှုနှင့်ပတ်သက်၍ တင်ပြလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထဝီအနေ အထားအရ နှစ်စဉ်နေမွန်းတည့်ခြင်း နှစ်ကြိမ်ရှိပါတယ်။ ဇွန်လ ၂၁ ရက်နဲ့ သြဂုတ်လ ၂၁ ရက်ဖြစ်ပါ တယ်။ ပထမမွန်းတည့်ချိန်၏ရှေ့တစ်လဖြစ်သော မေလ ၂၁ ရက်ဝန်းကျင်တွင် မုတ်သုံလေများ စတင်ဝင်ရောက်လာပါသဖြင့် မိုးရာသီဟုခေါ်၍ သီးနှံစိုက်ပျိုးမှုများ စတင်မှာ ဖြစ်ပါတယ်။ တစ်ဖန် ဒုတိယမွန်းတည့်ခြင်းရက်ရှေ့တစ်လအကြို ဇူလိုင်လ ၂၁ ရက်နေ့ဝန်းကျင်တွင် မုတ်သုံဝင်ရောက်လာ တဲ့လမ်းကြောင်းကို တနင်္သာရီကမ်းမြောင်နှင့် ရခိုင်ကမ်းရိုးတန်းတို့အပြောင်းအလဲဖြစ်ချိန်ဖြစ်ပါတယ်။ ထိုကာလမှာ ဝါဆိုမိုးရွာသွန်း၍ မိုးလယ်သီးနှံများ စိုက်ပျိုးကြပါတယ်။
ဒုတိယမွန်းတည့်ခြင်းရဲ့ နောက်တစ်လအကြာ စက်တင်ဘာလ ၂၁ ရက်ဝန်းကျင်ဟာ မြန်မာ နိုင်ငံမှ မုတ်သုံလေစတင်ထွက်ခွာ၍ မိုးနှောင်းရာသီတွင် သီးနှံအောင်မိုးရွာသွန်းပါတယ်။ ဆောင်း ရာသီ ဆောင်းသီးနှံများ စိုက်ပျိုးကြပါတယ်။ နှင်းကျချိန်ဖြစ်၍ နှင်းဖြင့်သီးနှံပင်များ ဖြစ်ကြပါတယ်။ တောင်သူများ အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြရတာကို သိသာပေါ် လွင်စေရန် မိုးရွာသွန်းချိန်များကို တင်ပြရခြင်း ဖြစ်ပါတယ်။ စိုက်ပျိုးရေးဘဏ်အနေဖြင့် မေလဝန်းကျင် တွင် စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးပါတယ်။ ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလတွင် ထုတ်ချေးငွေများ ပြန်လည်သိမ်းယူပါတယ်။ အချိန်အားဖြင့် ခုနစ်လ၊ ရှစ်လကြာမျှချေးငှားပါတယ်။ အတိုးနှုန်းမှာ တစ်လလျှင် ဝ.၇၁ ရာခိုင်နှုန်းဖြစ်၍ အလွန်သက်သာလှပါတယ်။ မနေ့ကပြောပြချက် အရဆိုရင် ၄၂ ပြားနှုန်း အတိုးနှုန်းသာရှိတယ်ဆိုတဲ့အခါ အင်မတန် ကျွန်တော်တို့ ဝမ်းမြောက်မိပါ တယ်။ ဒါပေမယ့် သီးနှံအထွက်မကောင်းခြင်း သို့မဟုတ် ရောင်းလိုအားများပြီး ဝယ်လိုအားကျသော ကြောင့် အရှုံးပေါ်တဲ့နှစ်များဆိုလို့ရှိရင် တောင်သူများဟာ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်နိုင်ရန် အခက်အခဲရှိပါတယ်။ အဲ့တော့ ပြန်ဆပ်နိုင်တဲ့အခါမှာ အခက်အခဲရှိတဲ့အတွက် အပြင်ကနေပြီးတော့ ၁၀ ရာခိုင်နှုန်း၊ ၁၀ နှုန်း၊ တချို့ ၁၅ ကျပ်နှုန်း အတိုးနှုန်းဖြင့် ချေးဆပ်ခဲ့ရပါတယ်။ အဲ့ဒီလို အတိုးနှုန်း ကြီးစွာပေးပြီးတော့ ပြန်လည်ပေးဆပ်ရတဲ့အခါမှာ တောင်သူလယ်သမားများအနေနဲ့ ပိုမိုပြီးတော့ ဆင်းရဲကြပါတယ်။ ဒါ့ကြောင့်မို့လို့ တောင်သူများကို နှစ်တိုချေးငွေထုတ်ချေးခြင်းမပြုဘဲ နှစ်ရှည် ချေးငွေများ ထုတ်ချေး၍ အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးမည်ဆိုပါက တောင်သူလယ်သမားများ အတွက် ပိုမိုအဆင်ပြေလာနိုင်ဖွယ်ရာ ရှိပါတယ်။
ဒါ့ကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တောင်သူလယ်သမားများအတွက် မေးမြန်းလိုတဲ့အချက် သုံးချက်ရှိပါတယ်။ (၁)အချက်ကတော့ တောင်သူလယ်သမားများအတွက် နှစ်ရှည်ချေးငွေများချေးနိုင်/မချေးနိုင်၊ (၂)ကတော့ ပြန်ဆပ်ရာတွင် အရစ်ကျစနစ်ဖြင့် ဆပ်နိုင်/မဆပ် နိုင်၊ (၃)ကတော့ အရစ်ကျပေးဆပ်ရာမှာ သီးနှံပေါ်ချိန်ကာလတွင် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်အနေဖြင့် ရာသီအလိုက်၊ သီးနှံအလိုက် ထုတ်ချေးပေးသော ချေးငွေများအား ပြန်လည် ကောက်ခံရာတွင် သီးနှံပေါ်၍ ရိတ်သိမ်းရောင်းချပြီးချိန် လက်ဝယ်ငွေရွှင်ချိန်ကိုတွက်ဆပြီး၊ နှစ်ချင်း ပြန်ကောက်ခံနေခြင်းဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(က)တွင် လည်း နှစ်စဉ်ချေးငွေဖြစ်လျှင် တစ်နှစ်အထိသာ ချေးငွေထုတ်ချေးပေးရမည်ဟု ဖော်ပြပါရှိပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးသော ချေးငွေများသည် ရာသီဥတုအလိုက်၊ သီးနှံ အလိုက် စိုက်ပျိုးရန်လိုအပ်သော စိုက်ပျိုးစရိတ်ငွေ အရင်းအနှီးရရှိရန်အလို့ငှာ ထုတ်ချေးပေးခြင်း ဖြစ်ပါတယ်။ ကြွေးဟောင်းပြေကြေမှ ကြွေးသစ်ထုတ်ယူခွင့်ပြုနိုင်မြည်ဖစ်ရာ ချေးယူထားသော ချေးငွေ များကို သီးနှံပေါ်ချိန် ငွေရွှင်ချိန်တွင် ချေးငွေအပြည့်အဝ ပြန်လည်ပေးဆပ်ပြီးမှသာ နောက်ထပ် တစ်သီးအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခွင့်ရရှိနိုင်ပါတယ်။ တောင်သူများအနေဖြင့် သီးနှံ ပေါ်ချိန်လက်ဝယ်ငွေရွှင်ချိန်တွင် ချေးငွေအား ပြန်လည်ပေးဆပ်ခြင်းမပြုဘဲ၊ အခြားလုပ်ငန်း ခေါင်းစဉ် တစ်ခုခုတွင် သုံးစွဲကုန်ကျမည်ဆိုပါက၊ ချေးငွေပြန်မဆပ်နိုင်သည့်အတွက် နောက်ထပ် သီးနှံစိုက်ရန် အရင်းအနှီးလိုအပ်လာချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ဥပဒေအရ ထပ်မံထုတ်ချေး ပေးနိုင်ခြင်း မပြုနိုင်သည့်အတွက် တောင်သူများသာလျှင် အခက်အခဲတွေ့ကြုံနေရပါမယ်။ သို့ရာတွင် ယခုအသစ်ရေးဆွဲပြဋ္ဌာန်းလိုက်သော တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေအရ ရေးဆွဲလိုက်သော တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေအတည်ပြု အသက်ဝင်လာပါက ဥပဒေနှင့်ညီညွတ်စွာ အစိုးရမှ အသိအမှတ်ပြုသည့်ဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ချေးငွေများ တိုက်ရိုက်ထုတ်ချေး ခွင့်ရရှိမြည်ဖစ်ပါက ထိုအချိန်တွင် နှစ်ရှည်ချေးငွေထုတ်ချေးပေးနိုင်ရေးကိစ္စများသည် လွှတ်တော် ကိုယ်စားလှယ်တော်ကြီး၏ ဆန္ဒအတိုင်း ပေါ်ပေါက်လာနိုင်ဖွယ်ရာ အလားအလာရှိပါကြောင်း ဖြေကြားပါသည်။
