ဦးအောင်ကြိုင် (ညောင်ဦး မဲဆန္ဒနယ်)

အမည်

ဦးအောင်ကြိုင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/ညဥန(နိုင်)ဝ၂၈၈၃၂

မွေးသက္ကရာဇ်/အသက်

၂၂- ၁-၀၁၉၄၅/ (၆၅) နှစ်

မွေးဖွားရာဇာတိ

မင်းဘူး (စကု)မြို့နယ်၊ ဆင်ခေါင်းရွာ

ပညာအရည်အချင်း

ဝိဇ္ဇာ၊ မြန်မာ

လက်ရှိအလုပ်အကိုင်

ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသူတော် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စောရင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်နွဲ့၊ ၉/ညဥန(နိုင်) ၀၂၈၁၂၁၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်မျိုးညွှန့်အောင်၊ ၉/ညဥန(နိုင်) ၀၂၆၅၃၆၊ ဒု-ညွှန်ကြားရေးမှူး၊ရှေးဟောင်းသုတေသန၊ ပုဂံ
(၂) ဒေါက်တာဌေးဌေးအောင်၊ ၉/ညဥန(နိုင် ၀၀၀၁၉၅၊ လ/ထ ကထိက၊ပခုက္ကူတက္ကသိုလ်
(၃) မောင်ညီညီအောင်၊ ၉/ညဥန(နိုင် ၁၄၉၇၄၇၊ (SeniorTraffic Assistant Air Bagan)

အမြဲတမ်းနေရပ်လိပ်စာ

H-16၊ ခန်းလတ်ရပ်၊ လမ်းမတော်၊ ပုဂံမြို့သစ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ညောင်ဦး မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မင်းဘူးမြို့၌ ရှမ်းစု မူလတန်းကျောင်းနှင့် အစိုးရ အထက်တန်းကျောင်းတို့၌ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်၌ ပြင်ပဝိဇ္ဇာတန်းတွင် တက်ရောက် သင်ကြားခဲ့သည်။ အိန္ဒိယနိုင်ငံ နယူဒေလီမြို့ရှိ ရှေးဟောင်း သုတေသန ကျောင်းတွင်လည်း ပညာသင်ကြားခဲ့သည်။ မကွေးမြို့ ပြည်သူ့ အိုးအိမ်အဖွဲ့၊ ခရိုင် အင်ဂျင်နီယာရုံးနှင့် မန္တလေးမြို့ ရှေးဟောင်း သုတေသန ဦးစီးဌာန (အထက် မြန်မာပြည်)၌လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ မန္တလေးမြို့ ရှေးဟောင်း သုတေသန ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြို့နယ်အလုပ်သမား အစည်းအရုံး အဖွဲ့ဝင် ဖြစ်သည်။ ပုဂံ-မန္တလေးနှင့် ပုဂံ-ရန်ကုန် မီးရထားလမ်းဖြစ် မြောက်ရေးအတွက် နိုင်ငံတော် အကြီးအကဲထံ တင်ပြတောင်းခံခြင်း၊ လမ်းအူကြောင်း ရှာပေးခြင်းတို့ ပြုလုပ်ပေးခဲ့သည်။ ရှေးဟောင်း မြကန်ကြီး ဖော်ထုတ်ရေးအတွက် သတင်းစာတွင် ဆောင်းပါးရေး၍ တင်ပြတောင်းခံခြင်း ပြုလုပ်ခဲ့သည်။ နိုင်ငံတော်မှ ချီမြှင့်သော အေးချမ်းသာယာရေး တံဆိပ်နှင့် စီမံထူးချွန်တံဆိပ်( ဒုတိယဆင့်) ရရှိခဲ့သည်။ စာပေ ဗိမာန်စာမူဆု (၄)ကြိမ်နှင့် ထွန်းဖောင်ဒေးရှင်း စာပေဆု(၁)ကြိမ် ချီမြှင့်ခြင်း ခံခဲ့ရသည်။ ယခုအခါ ဓမရာဇက ဘုရားနှင့် ထီးလိုမင်းလို ဘုရားတို့တွင် ဂေါပက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။