၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ

သထုံမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေး သိပ္ပံကို ၁၉၆၇ ခုနှစ် မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ “စိုက်ပျိုးရေးကိုအခြေခံ၍ အခြား စီးပွားရေး ကဏ္ဍများကိုလည်း  ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” လို့ ဖော်ညွှန်းထားသည်နှင့် အညီ ဆောင်ရွက်နိုင်ရန်အတွက် အဆင့်မြင့် စိုက်ပျိုးရေး နည်းပညာကောင်းများကို တတ်ကျွမ်းသောသူများ မွေးထုတ်နိုင်ရန် အလို့ငှာ  အောက်မြန်မာပြည်၌ ဖွင့်လှစ်ခဲ့သော သထုံ စိုက်ပျိုးရေး သိပ္ပံအား စိုက်ပျိုးရေး တက္ကသိုလ်အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါသည်။ တိုးမြှင့် ပေးမည်ဆိုပါက မည်သည့်အချိန် တိုးမြှင့်မည်နှင့် မပြုလုပ်နိုင်ပါက မည်သည့် အတွက်ကြောင့် မပြုလုပ်နိုင်သည်ကို သိလိုပါသည်။

အဖြေ

နောင်ဖြစ်ပေါ်လာမည့် အခြေအနေများအရ ဖွင့်လှစ်ရန် လိုအပ်သည့်အခါတွင် စဉ်းစားဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်းဖြေကြား