|
အမည် |
ဦးစောဘသိန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ကရင်/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၀/သထန(နိုင်)ဝဝ၉၈၇၂ |
|
မွေးသက္ကရာဇ်/အသက် |
၂၉-၅-၁၉၄၈/ (၆၂) နှစ် |
|
မွေးဖွားရာဇာတိ |
သထုံမြို့ |
|
ပညာအရည်အချင်း |
HSF အောင်၊ HGP အပိုင်း(က)အောင် |
|
လက်ရှိအလုပ်အကိုင် |
ဒု ဦးစီးမှူး (ငြိမ်း)၊ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစောထွန်းမြိုင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ငွေရှင်၊ ဘီအက်ဖ် ၀၀၉၅၂၉၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဝင်းမင်းရီ၊ ၁၀/သထန (နိုင်) ၀၀၉၈၉၃၊အထက(ခွဲ)၊ ပုတိန်ရိုးကျောင်းအုပ်(ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ကျော်ဇင်လတ်၊၁၀/သထန (နိုင်)၀၆၉၉၄၃ တိ/မွေးကုဆရာ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၉၃၅) ရန်ကင်းလမ်း လိပ်အင်းရပ်၊ သထုံမြို့၊ မွန်ပြည်နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
မူလတန်းပညာကို ၁၉၅၄ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ဓမ္မမေဓနီ အ.မ.က၌ သင်ကြားခဲ့သည်။ အလယ်တန်းပညာကို ၁၉၅၄ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ သထုံမြို့ အ.ထ.က(၂)တွင်လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အထက်တန်းပညာကို အ.ထ.က(၁) တွင်လည်းကောင်း သင်ကြားအောင်မြင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင်တပ်မတော်(လေ)၌ အမှုထမ်းဆောင်ပြီး ၁၉၇၁ ခုနှစ်တွင် အရပ်ဌာနသို့ ပြောင်းရွှေ့၍ စိုက်ပျိုးရေးသိပ္ပံ သထုံမြို့၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ ဒုဦးစီးမှူးရာထူးဖြင့် ၁၉၉၉ ခုနှစ်အထိ လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး လုပ်သက်ပြည့်အငြိမ်းစားယူခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ညီလာခံကိုယ်စားလှယ်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၌ တွဲဖက်အတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်များကို ရရှိခဲ့သည်။ |
