မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ဘူတာရုံနှင့် ရထားလမ်းဖြတ်ကျော် ခုံးတံတားကို လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)ခန့်က တည်ဆောက်ခဲ့ပါသည်။ နှစ်စဉ်ပြုပြင်ခဲ့သော်လည်း ဥပဓိရုပ်နှင့် အဆင့်အတန်းမှာ မြို့အင်္ဂါနှင့် ကိုက်ညီခြင်း မရှိတော့ပါ ။ ဘူတာရုံရှိ အဆောက်အဦများနှင့် ဂုံးကျော် တံတားမှာများစွာ ပျက်စီးယိုယွင်းလျက် ရှိပါသည်။ သို့ပါ၍ ကျိုက်ထိုမြို့ ဘူတာရုံ ရှိ အဆောက် အဦများကို အဆင့်မြင့် ပြုပြင်ရန် ရှိ/မရှိ ။ ၎င်းဘူတာရုံရှိ ရထားလမ်းဖြတ်ကျော် ခုံးတံတားကိုလည်း အဆင့်မြင့် ပြုပြင်ရန် ရှိ/မရှိ သိလိုပါသည်။
ကျိုက်ထိုဘူတာသည် မြို့နယ်အဆင့် ဘူတာဖြစ်သော်လည်း ဘုရားဖူး ခရီးသည် များပြားသည့်ဘူတာဖြစ်ကြောင်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် တွင် ခရီးသည်ဦးရေ ၁၃၁၀၀၀ ရှိပြီး ဝင်ငွေကျပ် ၅၉ သန်းကျော် ရရှိသော ဘူတာဖြစ်ရာ အသုံးပြုသော ခရီးသည်များ စိတ်ချမ်းမြေ့ အဆင်ပြေစေရေး အတွက် ထိုဘူတာကို ဦးစားပေးပြုပြင်ပေးရန် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း ၊ လူကူး ခုံးကျော်တံတားကိုလည်း မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန် အဆင့်မြင့် ပြုပြင်နေပြီဖြစ်ပါကြောင်းဖြေကြား
