ဦးမြင့်လွင် (ကျိုက်ထို မဲဆန္ဒနယ်)

အမည်

ဦးမြင့်လွင်

အခြားအမည်

ဦးအောင်ကျင်

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/ကထန(နိုင်)ဝဝ၃၄၄၆

မွေးသက္ကရာဇ်/အသက်

၂၈-၁၂-၁၉၄၂/ (၆၈) နှစ်

မွေးဖွားရာဇာတိ

ကျိုက်ထို

ပညာအရည်အချင်း

B.Com(AA)

လက်ရှိအလုပ်အကိုင်

ပရိဘောဂဆိုင်၊လျှပ်စစ်ပစ္စည်းဆိုင်၊ဝင်းမှန်လုံယာဉ်ကားလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးရွှေထွန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကျင်မေ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းစန်းမြင့်၊ ၁၀/ကထန(နိုင်) ၀၀၃၄၄၇၊ အထက်တန်းပြ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မကေခိုင်လွင်၊ ၁၀/ကထန(နိုင်)၀၀၀၀၆၀၊ မှီခို
(၂) မောင်ဥက္ကာလွင်၊
၁၀/ကထန(နိုင်)၀၀၁၇၈၉၊ လျှပ်စစ်ပစ္စည်းဆိုင် (၁)
(၃) မောင်ထွန်းအောင်လွင်၊ ၁၀/ကထန(နိုင်) ၀၀၁၇၉၀၊ မှန်လုံယာဉ်လုပ်ငန်း
(၄) မတင်ထားလွင်၊ ၁၀/ကထန(နိုင်) ၀၆၈၈၆၀၊ လျှပ်စစ်ပစ္စည်းဆိုင် (၂)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၂/၇) ၊ နှင်းဆီလမ်း၊တောင်သူစုရပ်ကွက်၊ ကျိုက်ထိုမြို့၊ မွန်ပြည်နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျိုက်ထိုမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က ဦးသိန်းဟန် မူလတန်းကျောင်း ကျိုက်ထိုမြို့၊ ဦးအောင်ဟိန်း အလွတ်ပညာသင်ကျောင်း ရန်ကုန်မြို့နှင့် အ.ထ.က(၁) ကျိုက်ထိုမြို့တို့တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ ကျိုက်ထိုမြို့ အ.ထ.က(၁)တွင် အထက်တန်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။ အ.ထ.က(၁) မိဘဆရာအသင်းတွင် နယက၊ ပြည်သူ့ဆေးရုံကြီးကြပ်မှုတွင် ကော်မတီဝင်၊ ကျိုက်ပေါလော ဂေါပကအဖွဲ့တွင် ဥက္ကဋ္ဌနှင့် သာသနာ့ဗိမာန် တည်ဆောက်ရေးအဖွဲတွင် ဥက္ကဋ္ဌအဖြစ် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၂၀၀၈ အမျိုးသားညီလာခံ ကိုယ်စားလှယ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းရေးတွင် ပြည်နယ်ကော်မရှင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။