ပြီးခဲ့သောလွှတ်တော်အစည်းဝေးတွင် သုံးခွမြို့နယ်က ရေထိန်းတံခါး ၃ ခုနှင့်ပတ်သက်ပြီးမေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးမှ လျှပ်စစ်မော်တာများနှင့် ရေထိန်းတံခါးများကို အမြန်ဖွင့်/ပိတ်နိုင်ရန် လျှပ်စစ်လိုင်းများ ရေထိန်းတံခါးသို့ရောက်ရှိပါက ဆောင်ရွက်ပေးသွားပါမည်ဟု ဖြေကြားသွား ပါကြောင်း၊ ယခုအခါ လျှပ်စစ်ဓာတ်အားများရောက်ရှိနေပြီဖြစ်သည့်အတွက် မည်သည့်အချိန်တွင် ရေတံခါးများကို လျှပ်စစ်မော်တာဖြင့် အဖွင့်/အပိတ် ပြုလုပ်ပေးနိုင်မည်ဆိုသည်ကိုသိရှိလိုပြီး မိုးတွင်းကာလတွင် ရေထိန်းတံခါးများကို ဖြတ်သန်းပြီး ကုန်တင်လှေများမသွားနိုင်သောကြောင့် အဆိုပါရေထိန်းတံခါးများတွင် ကုန်တင်လှေများရပ်တန့်ပြီး အနီးဆုံးလမ်းများမှ ကုန်များတင်နိုင်ရန်အတွက်
(က) တကောရေထိန်းတံခါးမှ သုံးခွမြို့(၂)ရပ်ကွက် တပင်ရွှေထီးလမ်းသို့ ဆက်သွယ်သောလမ်း (၁.၂ ကီလိုမီတာ ခန့်)
(ခ) သုံးခွရေထိန်းတံခါးမှ နံယောကျေးရွာသို့ဆက်သွယ်သောလမ်း (၁.၂ ကီလိုမီတာ) နှင့်
(ဂ) သုံးခွရေထိန်းတံခါးမှ အနောက်ကျေးရွာဘုရားလေးလမ်းသို့ဆက်သွယ်သောလမ်း (၃.၈ ကီလိုမီတာ) များကို ကွန်ကရစ်လမ်းအဖြစ်ခင်းကျင်းပေးနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။
