ဦးအောင်သိန်းလင်း ( တောင်ဥက္ကလာပ မဲဆန္ဒနယ်)

အမည်

ဦးအောင်သိန်းလင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/ခမန(နိုင်)ဝ၁၆၅၈၃

မွေးသက္ကရာဇ်/အသက်

၁၀- ၇- ၁၉၄၉ / (၆၁) နှစ်

မွေးဖွားရာဇာတိ

ပန်းတနော်မြို့နယ်

ပညာအရည်အချင်း

B.Sc (D.S.A)

လက်ရှိအလုပ်အကိုင်

ဥက္ကဋ္ဌ (မြို့တော်ဝန်)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်သိန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်ကြည်ညွန့် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာဒေါ်ခင်ဆန်းနွယ်၊ ၁၂/ဥကတ(နိုင်)၀၈၉၂၂၆၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အကြံပေးအရာရှိ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဗိုလ်ကြီးဇော်ဇော်နိုင်၊ ၁၂/ဥကတ(နိုင်)၁၆၉၈၈၉၊ စစ်မှုထမ်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂)၊ သစ္စာလမ်း၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်ဥက္ကလာပ (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် စိန်မိုက်ကယ်အထက်တန်းကျောင်းနှင့်အ-ထ-က(၁) တောင်ဥက္ကလာပမြို့နယ်တွင် ပညာသင်ကြားခဲ့သည်။ ပြင်ဦးလွင်မြို့စစ်တက္ကသိုလ်၌ ပညာဆက်လက်သင်ကြားခဲ့ပြီး B.Sc (D.S.A) ဘွဲ့ရရှိခဲ့သည်။ အမှတ်(၂) စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သူရဲကောင်းလက်မှတ်နှင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသည်။