မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့သည် ရန်ကုန်-မန္တလေး အမှတ်(၁)လမ်းမကြီး၊ ရန်ကုန်-ပြည် လမ်းမကြီး ဆုံရာ မြို့တစ်မြို့ဖြစ်ကြောင်း၊ မင်္ဂလာဒုံမြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ် ၅ မြို့မှာလည်း တစ်မြို့နယ်စီတွင် လူဦးရေ တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင် အထိ နေထိုင်ပြီး စုစုပေါင်း တစ်သန်းနီးပါးမျှ ပြည်သူများနေထိုင်သော မြို့နယ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်ရန်၊ အရေးပေါ်လူနာများကို အချိန်တိုအတွင်းကုသနိုင်ရန်အတွက် မင်္ဂလာဒုံမြို့နယ၊် ထောက်ကြန့်မြို့ လမ်းဆုံရာမြို့တွင် ခုတင် ၂၀၀ ဆံ့ ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးပါရန်၊ ထိုကဲ့သို့ ဆောက်လုပ်ရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၈.၅ ဧကကို သတ်မှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ သို့အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ၊် ထောက်ကြန့်တွင် ခုတင် ၂၀၀ ဆံ့ ဆေးရုံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိခဲ့ပါက မည်သည့်ကာလတွင် ဆောက်လုပ်ပေးမည်ဆိုသည်ကို ဖြေကြားပေးပါရန် မေးမြန်းသွားပါသည်။
