ကျိုင်းတုံမြို့နယ်အတွင်းရှိ ပန်ဝိုင်အောက်ရွာနှင့် လွယ်မွေရွာသစ်တို့သည် လွယ်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေ ကြိုးဝိုင်းတော၊ ကြိုးပြင်တော အတွင်း ကျူးကျော် ရွာများအဖြစ်သတ်မှတ်ပြီး ၎င်းရွာများကို မူလနေရာမှာပင် ပြန်လည်နေရာချ ထားကြောင်း ရွာနယ် နိမိတ်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း၊ ထိုသို့ ရွာနယ် နိမိတ်အဖြစ် သတ်မှတ်သည့်နေရာတွင် လက်ရှိ နေထိုင်ဆဲ၊ လုပ်ကိုင် ဆဲလယ်မြေများ၊ အိမ်များကိုတိုင်းတာပြီး သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည့် အတွက် ထပ်မံ တိုးပွားလာသော အိမ်ထောင်စုအတွက် မြေနေရာများ မရှိတော့ခြင်းကို ကြားသိရပါကြောင်း၊ ကျူးကျော်ရွာအဖြစ်သတ်မှတ်ခြင်းခံရသည့် ပန်ဝိုင်အောက် ရွာဆိုပါက ခေတ်အဆက်ဆက် ကာကွယ်ရေး တပ်ဖွဲ့၊ သောင်းကျန်းသူ ဆန့်ကျင်ရေးတပ်ဖွဲ့၊ ပြည်သူ့ စစ်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် ပြည်တွင်း ရန်၊ ပြည်ပရန်များကို ရွံ့ရွံ့ချွန်ချွန်ကာကွယ်ရင်း တပ်မတော်၏ လက်အောက်၌ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့သော ရွာဖြစ်သည့်အပြင် နှစ် ၁၀၀ ကျော်ကပင် ရွာတည်ထားခြင်းလည်းဖြစ်ကြောင်း။ လွယ်မွေရွာသစ်သည်လည်း ယခင် လွယ်မွေတပ်ရင်းမှူး ၂၂၆ တပ်ရင်း မှူးဖြစ်သော ဗိုလ်ချုပ်ကြီး စိုးဝင်း၏ လက်ထက်တွင် လွယ်မွေ အ.ထ.က ကျောင်းကို တည်ဆောက်စဉ် လွယ်မွေ အ.ထ.က ကျောင်းစီမံချက်နှင့်အညီ ရွာကို တည်ဆောက်ခဲ့ကြောင်းများကို သိရှိရပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များ၊ ရပိုင်ခွင့်များကို ဆက်ခံသည်ဟု ပြဋ္ဌာန်း ထားခြင်းကြောင့် မိမိတို့အနေဖြင့် ဆက်လက် တာဝန်ခံရ မည်ဖြစ်ပါကြောင်း၊ ကျေးရွာရှိ အိမ်ထောင်တစ်စုရှိ သားသမီး သုံးလေးဦးမှ အိမ်ထောင်ခွဲအဖြစ် အိမ်ဆောက် လုပ်ရန် မြေနေရာမရှိတော့ခြင်းများကြောင့်လည်း ၎င်းတို့၏ နေထိုင်ရေးအတွက် ခက်ခဲခြင်း၊ တိုးပွားလာသော မိသားစုများ၏ စိုက်ပျိုးစားသောက်ရေးအတွက် ဥယျာဉ်ခြံမြေများ မရှိတော့ဘဲ ဆင်းရဲ နွမ်းပါမှု လျော့ ချရေးတွင်လည်း အခက် အခဲဖြစ်နေခြင်း၊ တောင်ပေါ်ဒေသရှိမြေများသည်လည်း မြို့မြေနှင့်မတူ တောင်စောင်းများ၊ လျိုများ၊ ကျောက်တုံးများနှင့် ပြည့်နေခြင်း တို့ကြောင့် ကပ်လျက် အိမ်ဆောက်ရန် မဖြစ်နိုင်ပါကြောင်း၊ ၎င်းရွာများကို ဖွဲ့စည်းတည်ဆောက်ရာတွင် ရွာနယ်နိမိတ်၊ ဥယျာဉ်၊ ခြံမြေနှင့် စားကျက်မြေများ အလွန်နည်းပါးသောကြောင့် ရွာ၊ ဥယျဉ်၊ ခြံမြေတို့နှင့် တစ်ဆက်တည်း ထိစပ်လျက်ရှိသော ကြိုးဝိုင်းတော၊ ကြိုးပြင်တော အချို့ကို ထပ်မံပယ်ဖျက်ပေးပြီး ရွာမြေဧရိယာ၊ ဥယျာဉ်ခြံမြေ၊ စားကျက်မြေဧရိယာကို ပိုမိုကျယ်ဝန်းစွာ သတ်မှတ်ပေးနိုင်ြ ခင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို လည်းကောင်း၊ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့် အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကိုလည်း သိရှိ လိုပါကြောင်း မေးမြန်းပါသည်။
မြို့ပြကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများဆောင်ရွက်ရာတွင် ကျေး ရွာနေဒေသခံပြည်သူများ စားဝတ်နေရေး၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်ပေးရန်နှင့် ဆင်းရဲ့နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များ တွင်လည်းအထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန် ချက်နှင့်အညီ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများတွင် နှစ်ကာလ အတန်ကြာ တရားဝင်ခွင့်ပြုချက်မရှိဘဲ အခြေချနေထိုင်လျက်ရှိသည့် ရွာစုနှင့် အိမ်ထောင်စုစာရင်းဇယားများကိုကောက်ယူပြီး ကျေးရွာသစ်များ ပြန်လည် ဖွဲ့စည်းနေရာ ချထားပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေ သကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ စီမံချက်ချမှတ်ရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကောက်ယူရရှိသော စာရင်းဇယားများကို အခြေခံပြီး ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင် အခြေချနေ ထိုင်လျက်ရှိသော အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်ပေါက် ကျေးရွာ ၁၂၁၃ ရွာနှင့် ပြည်ထဲရေးအမည်မပေါက်သေးသောကျေးရွာ ၃၉၁ ရွာ၊ စုစုပေါင်း ၁၆၀၄ ရွာကို ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေ ၄၃၇၅၄၉.၇၄ ဧကကို သစ်တောနယ်မြေအဖြစ်မှ စနစ်တကျပယ်ဖျက်ပေးနိုင်ရေး အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကို တင်ပြအတည်ပြုချက် ရယူပြီးတော့ စိစစ်ဆောင် ရွက်ပေးလျက် ရှိပါကြောင်း။
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေ သဘာဝအမျိုးသားဥယျာဉ်အတွင်းတွင် အိမ်ခြေ ၅၀ နှင့် အထက် ပြည်ထဲရေးအမည်ပေါက် ပန်ဝိုင်အောက်ကျေးရွာနှင့် ပြည်ထဲရေးအမည်မပေါက်သေးသော ရွာသစ်ကျေးရွာများကို သဘာဝနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန်နှင့်ပတ်သက်ပြီး ပန်ဝိုင်အောက် ကျေးရွာတွင် အိမ်ခြေ ၅၇ လုံး၊ လူဦးရေ ၃၀၆ ဦး၊ ပန်ဝိုင်အောက်ကျေးရွာတွင် ရွာမြေ ၉.၄၄ ဧက၊ လယ်မြေ ၈၂.၁၉ ဧကနှင့် ဘုရားကျောင်း ဝ.၅ဧက၊ စာသင်ကျောင်းမြေ ဝ.၇ ဧက၊ သုသာန်မြေ ၃ ဧက၊ စိုက်ပျိုးရေးအရောင်းဆိုင်မြေ ဝ.၂၅ ဧက၊ လက်ဖက်စက်ရုံမြေ ၁ ဧက၊ ပညာရေး ဝန်ထမ်းနေအိမ်မြေ ဝ.၂ ဧက၊ ရွာပိုင်သဘာဝတောမြေ ဧက ၁၀၀ နှင့် သာသနာ၊ အများပိုင်မြေ ၁၀၅.၆၅ ဧက၊ စုစုပေါင်း ၁၉၇.၂၈ ဧကကို သဘာဝနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန်၊ ရွာသစ်ကျေးရွာတွင် အိမ်မြေ ၅၄ လုံး၊ လူဦးရေ ၃၄၁ ရှိပြီး ရွာမြေ ၇.၈၉ ဧက၊ သာသနာပိုင်မြေ၊ အများပိုင်မြေ ဝ.၁၁ဧက၊ စုစုပေါင်း ၈ ဧကသာရှိသည့်အတွက် ယင်းကျေးရွာ (၂) ရွာ တို့အတွက် စုစုပေါင်း ၂၀၅.၂၈ ဧကကို ပယ်ဖျက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၅.၂၈ ဧကကို သဘာဝနယ်မြေအဖြစ်မှ ပယ်ဖျက်စွန့် လွှတ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၃-၉-၂၀၁၃ ရက်စွဲပါစာအမှတ် ၁၁/၄၅၃(၆-လွှတ်တော်)/အဖရ (၂၀၁၃)အရနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၃ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်သည့် သိမ်းဆည်းမြေများအပေါ် စွန့်လွှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်သည့်အပြင် အဆိုပါကျေးရွာများမှ ဥယျာဉ်ခြံမြေ ၂၉.၄၄ ဧကနှင့် နှစ်ရှည်စိုက်ခင်း ၁၄၉.၈၉ ဧက၊ စုစုပေါင်း ၁၇၉.၃၃ ဧကကိုလည်း သီးနှံသစ်တောရောနှောစိုက်ပျိုးသည့်နည်းစနစ်ဖြင့် စည်းကမ်းတကျ နှစ်ရှည် ဆက်လက် လုပ်ကိုင်ခွင့်ရှိရေးကိုလည်း စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ် ပါကြောင်း၊ ယခု အခါ ရေ၊ မြေ၊ တောတောင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို သဘာဝ အတိုင်းထိန်းသိမ်း ထားရှိနိုင်ရန် အဓိက ရည်ရွယ် ဖွဲ့စည်း သတ်မှတ်ထားသော လွိုင်မွေ သဘာဝနယ်မြေ (အမျိုးသားဥယျာဉ်) အတွင်းတွင် တည်ဆဲတောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်း သိမ်းစောင့်ရှောက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ အရ သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျွဲ၊ နွားတိရစ္ဆာန်များ စားကျက်ချခြင်းနှင့် နေထိုင်လုပ်ကိုင် စားသောက်ခြင်း တို့ကို သာမန်အားဖြင့် ခွင့်မပြုနိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် ဒေသခံပြည်သူများ၏ ဘဝရပ်တည်ရေးကို အလေးထားပြီး သဘာဝနယ်မြေအတွင်း အခြေချနေထိုင်လျက်ရှိသော ကျေးရွာများ၏ ရွာမြေ၊ လယ်မြေများကို သဘာဝ နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးခြင်းနှင့် ယာမြေ၊ ဥယျာဉ်ခြံမြေများကို သီးနှံသစ်တောရောနှောစိုက်ပျိုးသော နည်းစနစ်ကို အသုံးပြု၍ နှစ်ရှည်ဆက်လက်လုပ်ကိုင်ခွင့်ပြုခြင်း တို့ကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ယခုအခါ လွိုင်မွေသဘာဝဥယျာယဉ်(အမျိုးသားဥယျာဉ်)အတွင်းမှ ပယ်ဖျက်ပေးမည့်ရွာမြေ၊ လယ်မြေ၊ သာသနာ ပိုင်၊ အများပိုင်မြေများနှင့်ပတ်သက်ပြီး မူလစီမံချက်ပါအတိုင်း သဘာဝနယ်မြေအဖြစ် မှပယ်ဖျက်ပေးသွား မည်ဖြစ်ပါကြောင်းနှင့် ထိုသို့ပယ်ဖျက်ပေးရာတွင် နောင်တိုးပွားလာမည့် လူဦးရေ၊ အိမ်ထောင်ခွဲများ အတွက် နေထိုင်ရန် အိမ်ရာနေရာသစ်များ စိုက်ပျိုးမြေနှင့် စားကျက်မြေလိုအပ်မှုတို့ကို ထည့်သွင်းတွက်ချက် စဉ်းစားပြီး လက်တွေ့ကွင်းဆင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများ၊ ဒေ သခံပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သောမြေကို စိစစ်သတ်မှတ်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
