ဦးစတီဖန် (ကျိုင်းတုံမဲဆန္ဒနယ်)

 

အမည်

ဦးစတီဖန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

လားဟူ/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/ကတန(နိုင်)၀၁၁၂၉၃

မွေးသက္ကရာဇ်/အသက်

၂၂.၈.၁၉၅၅ / (၅၉)နှစ်

မွေးဖွားရာဇာတိ

ပန်ဝိုင်ရွာ၊ လွယ်မွေအုပ်စု၊ ကျိုင်းတုံမြို့နယ်

ပညာအရည်အချင်း

B.A, H.G.P

လက်ရှိအလုပ်အကိုင်

အထက်တန်းရှေ့နေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးယောဟန်၊ ဓမ္မဆရာ(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အီလုံ(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဂျက်လာ၊ ၁၃/ကတန(နိုင်)၀၁၁၂၉၂ ၊ အလယ်တန်းပြ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မဖြူဖြူအေး၊ ၁၃/ကတန(နိုင်)၀၈၄၅၈၄၊ သူနာပြု၊ ကျိုင်းတုံဆေးရုံ

(၂) မစုငြိမ်းအေး၊ ၁၃/ကတန(နိုင်)၀၈၄၅၈၅၊ ဌာနခွဲစာရေး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒေါပုံ ၊ရန်ကုန်

(၃) မချောစုအေး၊ ၁၃/ကတန(နိုင်)၀၈၄၅၈၆၊ သူနာပြု မိုးသီးအထူးကုဆေးခန်း၊ ဒေါပုံ ၊ရန်ကုန်

(၄) မမေမိုးအေး၊ ၁၃/ကတန(နိုင်)၀၈၈၁၂၉၊ စာရေးအဆင့်(၁)၊ခရိုင်တရားရုံး၊ကျိုင်းတုံ

(၅) မယဥ်ယဥ်အေး၊ ၁၃/ကတန(နိုင်)၁၁၉၅၄၆၊ ကွန်ပျူတာစာရေး၊

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး

(၆) မောင်မင်းသီဟထွေး၊ ၁၃/ကတန(နိုင်)၁၃၀၁၁၅၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၅၁)၊ နောင်လိတ်လမ်း ၊နွဲ့နောရပ်၊ရပ်ကွက်(၅)၊ ကျိုင်းတုံမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ကျိုင်းတုံမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ပန်ဝိုင် အ.ထ.က၊ အ.ထ.က(၁) ကျိုင်းတုံနှင့် အ.ထ.က(၄) တောင်ကြီးတို့၌ သင်ကြားခဲ့သည်။ တောင်ကြီး တက္ကသိုလ်မှ စာပေးစာယူဖြင့် ဝိဇ္ဇာဘွဲ့(ပထဝီ) ရရှိခဲ့သည်။ အထက်တန်း ရှေ့နေ စာမေးပွဲ အောင်မြင်ခဲ့သည်။

၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ကျိုင်းတုံမြို့နယ် တရားရုံးတွင် စာရေးအဆင့်(၁)အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ ယနေ့အထိ အထက်တန်း ရှေ့နေအဖြစ် လုပ်ကိုင် လျက်ရှိ သည်။ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြည်နယ်ကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။