(ခ)-တနင်္သာရီမြို့နယ်ရှိတနင်္သာရီအောက်ကင်းရေ လမ်းဖြတ်တံတားအားပြန်လည်မွမ်းမံပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၇)ရက်မြောက်နေ့ (၃.၆.၂၀၁၅)

ဒေါ်တင်တင်ရီ(ကျွန်းစု မဲဆန္ဒနယ်)တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၁၀၃၆၀ x ၁၀ x ၁၀ ခွဲပေရှိ အပေါ်ထည်ဘေလီ အောက်ထည်သံကူကွန်ကရစ် တံတားကို  ၁၉၉၉-၂၀၀၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါကြောင်း၊ ခွင့်ပြုအလေးချိန် မော်တော်ယာဉ် HS-20-44၊ ၃၆ တန်၏ တစ်စီးခြင်းခွင့်ပြုတန် ၂၃ တန်သွား လာနိုင်ခဲ့သော်လည်း ယခုအချိန်တွင် တံတားသည် ကျိုးအက်ပျက်စီးနေခြင်း၊ ယာဉ်အကြီးများ မတန်တဆ ဖြတ်သန်းသွားလာနေခြင်း၊ ပေါက်ပြဲနေသည်‌့နေရာများကို ဖာထေးပြုပြင် ခြင်းများ မရှိခြင်း၊  ခရီးသွားပြည်သူများအတွက် အလွန်တရာအန္တရာယ်ကြီးမားလှသည့် တစ်ခု တည်းသော ရေလမ်းဖြတ်တံတားဖြစ်ခြင်းတို့ကြောင့် ဒေသခံများမှ အဆိုပါတံတားကို မော်တော်ကားများဖြင့် ဖြတ်သန်းသွားလာနေထိုင်ရန် အမြဲတမ်းစိုးရိမ်ကြောက်ကြနေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ အဆိုပါတနင်္သာရီတံတားအား ပြန်လည်ပြင်ဆင်မွမ်းမံပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ပြုပြင်ပေးပါမည်နှင့် အစီအစဉ်မရှိပါက မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်ပြည်ထောင်စုလမ်းမကြီးဖြစ်သော ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော်‌့သောင်းလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပေါ်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင်   တနင်္သာရီမြို့အဝင်တွင် တည်ရှိသော အဆိုပါ တံတားကို ၁-၆-၁၉၉၉ က စတင်ပြီးတော့ ၁၂-၁၁-၂၀၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊  တည်ဆောက်စဉ်က Foundation ကို သံကူ ကွန်ကရစ်နှင့်  ရေတွင်းငွေ Foundation၊ Well Foundation ဟူ၍ တည်ဆောက်ခဲ့ပါကြောင်း၊

Foundation ကို နှစ်လမ်းသွားအနေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း တံတားကို အမြန်ပြီးစီးစေရန်နှင့် ပြည်သူများ အမြန်ဆုံး အသုံးပြုနိုင်ရန်အတွက် ဘီလီတံတားကို  အကျယ် ၁၂ ပေ ၄ လက်မရှိသည့်  တစ်လမ်းသွားတံတားအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒီလို ဆောင်ရွက် ဘီလီတံတား ဆောင်ရွက်ပြီးစီးချိန်တွင် အလေးချိန်ပိုမိုဖြတ်သန်းနိုင်ရန်အတွက် ၂၄ တန် ဖြတ်သန်း နိုင်သော အဆင့်ရောက်ရောက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  ထို့ကြောင့် အဆိုပါ ဘီလီတံတားကို အဆင့်လိုက် ပြန်လည်ပြုပြင်ပြီး သံကူတံတားအဖြစ် ဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း၊ တံတား ၏အောက်‌ခြေကို  RCဖြင့် တည်ဆောက်ထားပြီး နှစ်လမ်းသွားအဆင့်ဖြစ်ပါကြောင်းနှင့် ပျက်စီးနေသောကြမ်းခင်းများကို ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် မကြာခင်ကာ လအတွင်း RC တံတားအဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။