ဒေါ်တင်တင်ရီ(ကျွန်းစု မဲဆန္ဒနယ်)

အမည်

ဒေါ်တင်တင်ရီ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၆/မအရ(နိုင်)၀၇၉၅၂၃

မွေးသက္ကရာဇ်/အသက်

၂၃-၁၁-၁၉၄၆/(၆၉) နှစ်

မွေးဖွားရာဇာတိ

ဈေးတန်းရပ်ကွက်၊ မြိတ်မြို့

ပညာအရည်အချင်း

ဥပဒေဘွဲ့ L.L.B

လက်ရှိအလုပ်အကိုင်

အငြိမ်းစား

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှဖေ၊ BI-018772 အငြိမ်းစား (စခန်းမှူး)(ပ.ရ)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နု၊ EMGI-041821< မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဂျွန်ခင်မောင်၊၆/မအရ(နိုင်)၀၇၉၃၃၅၊ ကြီးကြပ်ရေးမှူး (ငြိမ်း)၊ မြို့နယ်ကုန်သွယ်ရေး၊ မြိတ်မြို့

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမာလာခင်၊ ၆/မအရ(နိုင်)၀၇၉၃၂၅၊ မှီခို
(၂) မသူဇာခင်၊ ၆/မအရ(နိုင်)၀၈.၂၉၃၊ အထက်တန်းပြ
(၃) မောင်ဝင်းဇော်ခင်၊ ၆/မအရ(နိုင်)၀၇၉၃၂၆၊ (NGO) ငှက်ဖျား
(၄) မောင်သန့်ဇော်ခင်၊ ၆/မအရ(နိုင်)၀၀၂၁၈၅၊ ဆေးကုမ္ပဏီ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄)၊ ဗိုလ်ဗထူးလမ်းသွယ် (၇)၊ ခယူတောရပ်ကွက်၊ မြိတ်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျွန်းစုမြို့နယ်

(ပထမအကြိမ် - ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

-

အခြေခံပညာကို ဘုတ်ပြင်းမြို့ အမက ၊ ပုလောမြို့ အမက ၊ မြိတ်မြို့ အမက ၊ အထက (၂)နှင့် အထက (၁)တို့တွင် သင်ယူခဲ့သည်။ ရန်ကုန်မြို့ တက္ကသိုလ် စာပေးစာယူသင်တန်း (ဥပဒေဌာန)မှ ဥပဒေဘွဲ့ (L.L.B) ရရှိ ခဲ့သည်။ မြိတ်မြို့နယ် ကုန်သွယ်ရေးတွင် အထက်တန်းစာရေး ၊ မြိတ်မြို့နယ် တရားရုံးတွင် အထက်တန်းရှေ့နေ နှင့် ကျွန်းစုမြို့နယ် ၊ ကော့သောင်းမြို့နယ် တရားရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လူမှုလူတန်းစားတာဝန်ခံအဖြစ်လည်းကောင်း၊ ရွေးကောက်ပွဲကာလတွင် တနင်္သာရီတိုင်း ဥပဒေရေးရာမှူးအဖြစ်လည်းကောင်း၊ အမျိုးသမီးအဖွဲ့ခေါင်းဆောင်၊ တနင်္သာရီတိုင်းစည်းရုံးရေး အဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

စစ်တရားရုံးမှ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ည )ဖြင့် ပြစ်ဒဏ် (၇)နှစ် ၊ မြိတ်မြို့ နယ် အထူးတရားရုံးမှ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် (၃)နှစ် ၂ကြိမ်၊ စုစုပေါင်း(၁၃)နှစ်အတွက် (၁၁နှစ်၇လ) ပြစ်ဒဏ်ကျခံခဲ့ဖူးသည်။

တာဝန်ထမ်းဆောင်စဥ်ကာလ၌လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌လည်းကောင်း၊ တာဝန်ထမ်းဆောင်စဥ် လူမှုရေးပရဟိတ လုပ်ငန်းများနှင့် ဥပဒေအကျိုးဆောင်အဖြစ်ဆောင်ရွက်စဥ် ဆင်းရဲနွမ်းပါးသူ၊ မတရားခံစားရသူများအတွက် အခမဲ့ အမှုလိုက်ပါဆောင်ရွက် ပေးခဲ့သည်။