(ဃ)-အခြေခံပညာကျောင်းများမှအပ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊သိပ္ပံကျောင်းများနှင့်အခြားကျောင်း များတွင်ကျောင်းဈေးဆိုင်ခန်းရောင်းချရရှိငွေ၊ငှားရမ်း ခရငွေများနှင့်အခြားဝင်ငွေများရရှိမှု နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၆.၁၀.၂၀၁၄)

ဦးသိန်းထွန်းဦး (အမရပူရ) နိုင်ငံတော်မှ ပညာရေးကဏ္ဍတိုးတက်‌စေရန်အတွက် ကျောင်းများနှင့်လိုအပ်သော အဆောက်အဦ ပရိဘောဂများနှင့် ကျောင်းများ၏လိုအပ်ချက် များကို နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများမှအပ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သိပ္ပံကျောင်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး လက်အောက်ရှိ အခြားကျောင်းများတွင် ကျောင်းဈေးဆိုင် ဆိုင်ခန်းများ၊ ရောင်းချငွေများ၊ ငှားရမ်းခငွေ များနှင့် အခြားဝင်ငွေများရရှိကြောင်း ကြားသိရသည်ဖြစ်ခြင်းကြောင့် အဆိုပါရရှိဝင်ငွေများသည် နိုင်ငံတော်ဘဏ္ဍာသို့ အပြည့်အဝအားလုံး ပေးသွင်းခြင်းရှိ/မရှိ၊ အပြည့်အဝ ပေးသွင်းခြင်းမရှိခဲ့လျှင် မည်သို့ထိန်းသိမ်းသုံးစွဲသည်နှင့် သုံးစွဲမှုများကို နှစ်စဉ်စာရင်းစစ်ဆေးမှုများရှိ/မရှိ၊ အဆိုပါကျောင်း များတွင် သီးခြားရန်ပုံငွေထားရှိ ခွင့်ပြုထားသည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်း၊ အမိန်ကြော်ငြာစာ၊ အမိန်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများရှိ/မရှိ၊ မရှိခဲ့ပါလျှင် မည်သို့ဆောင် ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန