(က)-မင်းတပ်မြို့နှင့် မတူပီမြို့ကို ဆက်သွယ်သည့် ကားလမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင် ရန်နှင့် အောက်ချိုင်ရွာ၊ မားတူရွာ အကြားရှိ လည် မြိုချောင်းကိုသံကူကွန်ကရစ်တံတားဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၄)ရက်မြောက်နေ့ (၁၅.၆.၂၀၁၅)

မင်းတပ်မြို့နှင့်မတူပီမြို့ကို ဆက်သွယ်သည့် မင်းတပ်-အောက်ချိုင်၊ မားတူ၊ အမ်းဆွေး၊ မတူပီ မော်တော်ကား လမ်းအား ရေရှည်ထိန်းသိမ်းနိုင်ရန်နှင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး ရန်နှင့် အောက်ချိုင်ရွာနှင့် မားတူရွာအကြားရှိ လည်မြိုချောင်းတွင် သံကူကွန်ကရစ်တံတား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဦးထန်းလိန်း( မင်းတပ် မဲဆန္ဒနယ်) (1241)ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မတူပီမြို့ကို ဆက်သွယ်သည့် မင်းတပ်-အောက်ချိုင်၊ မားတူ၊ အမ်းဆွေ၊ မတူပီ မော်တော်ကားလမ်းကို ၂၀၁၅ ခုနှစ်၊ မေလမှာ ဖောက်လုပ်ပြီးစီးခဲပြီးဖြစ်ပါကြောင်း၊ လမ်း၏အရှည်မှာ ၉၄ မိုင်ရှိပြီး လမ်းအကျယ်က ၁၈ ပေရှိ မြေသားလမ်းအမျိုးအစားဖြစ်ပါကြောင်း၊ မင်းတပ်ခရိုင်နှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်တို့ကို ဆက်သွယ် ဖောက်လုပ်သည့် အခါတွင်အသုံးပြုမည့် မော်တော် ကားလမ်းလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကို အဆင်‌့မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ အဓိကခရီးသွားလုပ်ငန်းတွင် အရေးကြီးသည့် ဒေသများမှာ ပုဂံညောင်ဦးဒေသ၊ ချင်းပြည်နယ်တွင် လမ်းမတောင်အမျိုးသားဉယျာဉ်၊ ရခိုင်ပြည်နယ်တွင် ညောင်ဦးဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ငွေဆောင်စသည်အားဖြင့် ထင်ရှားသည့် နေရာဒေသများတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ သွားလာလျက်ရှိပါကြောင်း၊ ထိုနေရာများကို ဆက်သွယ်သည့်လမ်းမှာ ပုဂံညောင်ဦးမှ ပခုက္ကူ- ပေါက်-ကျောက်ထု-ကန်ပက်လက်-စောကန်ပက်လက်-နတ်မတောင် အမျိုးသားဉယျာဉ်၊ မင်းတပ်မှ အောက်ချိုင်၊ မားတူ၊ ရခိုင်ပြည်နယ်တွင် မြောက်ဦး-စစ်တွေ-ငပလီနှင့် ငွေဆောင်၊ ပြည်မှာရှိသည့် သရေခေတ္တရာမြို့ဟောင်းများကို လမ်းကြောတစ်ကြောတည်းဖြင့် သွားရောက်လေ့လာနေသည့် ခရီးလမ်းဖြစ်ပါကြောင်း၊  မင်းတပ်-အောက်ချိုင်၊ မားတူ၊ အမ်းဆွေ၊ မတူပီ မော်တော်ကားလမ်းကို ရေရှည်ထိန်းသိမ်းနိုင်ရန်နှင်‌့ အဆင့်မြှင့်တင်ဆောင် ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနကို အောက်ချိုင်-မားတူ-အမ်းဆွေး-မတူပီ မော်တော်ကားလမ်းကို ရေရှည်ထိန်းသိမ်းနိုင်ရန်နှင်‌့ အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် ၎င်းမော်တော်ကားလမ်းပေါ်ရှိ အောက်ချိုင်ရွာနှင့်မားတူရွာအကြားရှိ လည်မြိုချောင်းတွင် သံကူ ကွန်ကရစ်တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

ဒုတိယဝန်ကြီး ဦးတင်ငွေချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် မတူပီမြို့သို့ ဆက်သွယ်သည့် မင်းတပ်-အောက်ချိုင်၊ မားတူ၊ အမ်းဆွေ၊ မတူပီမြေသားလမ်းသည် ၁၀၄ မိုင် ၄ ဖာလုံရှိသည့်အနက်မှ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၆၀၅.၅၅၆ သန်းဖြင့် မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်အတွင်း အရှည်အားဖြင့် မိုင် စုစုပေါင်း ၅၁ မိုင်အား ၁၈ ပေအကျယ် မြေသားလမ်း အဆင်‌့မြှင်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မင်းတပ်မြို့နှင့် မတူပီမြို့သို့ ဆက်သွယ်သည့် မြေ သားလမ်း ရေရှည်ထိန်းသိမ်းရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပါက ပြည်နယ်အစိုးရမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကန့်ကွက်ခြင်းမရှိပါက လွှဲပြောင်းလက်ခံလို့ရပါကြောင်း၊ နောက် မင်းတပ်မြို့နယ်တွင်ရှိသည့် မင်းတပ်-အောက်ချိုင်၊ မားတူ၊ အမ်းဆွေ၊ မတူပီကားလမ်းကြားရှိ အောက်ချိုင်ရွာနှင့် မားတူရွာ ကြားရှိလည်မြိုချောင်းကူး တံတားဖြစ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်၍လည်း သံကူကွန်ကရစ်တံတား တည်ဆောက်မည်ဆိုလျှင် ပေ ၄၀၀ ခန့် ရှိသည့်အတွက် ခန့်မှန်းကုန်ကျငွေကျပ်သန်း ၄၀၀ ခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊  ချင်းပြည်နယ်အတွင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင်‌့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၃၃၁၆.၉၁၃ သန်း၊ လမ်းနှင့် တံတားများအတွက် ခွင့်ပြုထားခြင်းရှိပါကြောင်း၊ မင်းတပ်မြို့နယ် အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ယခုနှစ်တွင် ရန်ပုံငွေကျပ် ၆၆၈.၂၈ သန်း လမ်းတံတားများအတွက် ခွင့်ပြုထားပါကြောင်း၊  မတူပီမြို့နယ်အတွက်ဆိုလျှင်  ၂၀၁၅-၁၆ ယခုနှစ်၊ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၁၉၅.၀၃ သန်း လမ်းတံတား များအတွက် ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊ မင်းတပ်မြို့နယ်၊ အောက်ချိုင်ရွာနှင့် မားဒူရွာကြားမှာရှိုသည့် လည်မြိုချောင်းကူးတံတားသည် သံကူကွန်ကရစ်တံတားပေ ၄၀၀ ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားထားခြင်မရှိကြောင်း၊ လည်မြိုချောင်းကူးတံတားသည် ကျေးရွာချင်းဆက် လမ်းပေါ်တွင် တည်ရှိသော်လည်း အရှည်အားဖြင့် ပေ ၄၀ ရှိပြီး မြစ်ချောင်းများရေစီးသန်သည့် အတွက်ကြောင့် မိမိတို့ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် တံတားတည်ဆောက်ရာ၌ ကျွမ်းကျင်သော အင်ဂျင်နီယာများ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ငန်းအပ်နှံစနစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း နှင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။