မာန်အောင်မြို့နယ်ရှိ ကင်းတဲရွာကြီးနှင့် မီးလောင်တောင့်ရွာကြီးနှစ်ရွာကို ဖြတ်သန်းရာမှာ ပေ ၂၀၀ အရှည်နှင့် အနံ ၁၀၀ ပေ အကျယ် ဝါးတံတားကို ပထမလူထုလုပ်အားနှင့် တည်ဆောက်ခဲ့ပါကြောင်း၊ သို့သော် လည်း တောင်ကျရေပြင်းသည့်အတွက်ကြောင့် ပြိုကျခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် အစိုးရမှ သစ်သားတံတား ဆောက်လုပ်ရန်ခွင့်ပြုခဲ့ပါကြောင်း၊ ထိုသို့ ဆောက်လုပ်သည့်အခါတွင် အလုပ်သမားများမကျွမ်းကျင်ပါသောကြောင့် တံတားသည်ခိုင်ခံ့မှုမရှိဘဲ တောင်ကျရေပြင်းထန်မှုကြောင့် ရေစီးနှင့်မျောပါသွားခဲ့ပါကြောင်း၊ ထိုအချိန်မှစပြီး၍ အစိုးရအဖွဲ့သို့ ၎င်းတံတားပြန်လည်တည်ဆောက်ပေးရေးအတွက် နှစ်စဉ်တင်ပြ ခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ပါကြောင်း၊ ဤတံတားကိုအားကိုးပြီး ချောင်းဝရွာ၊ ဆင်နားချောင်ရွာ၊ အထက်ပြင်ရွာ၊ မီးလောင်တောင့်ရွာ တို့မှ အထက်တန်းကျောင်း ကျောင်းသူ/သားများ၊ ရွာသူရွာသားများမှလည်း မဖြစ်မနေ ဝါးတံတားကို မခိုင်မခံ့ပြုလုပ်ထားရပါသည်။ ထို့ကြောင့် အန္တရာယ်များလှပြီး မကြာခဏ ပြန်လုပ်နေရပါကြောင်း၊ ယခုနှစ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို တံတားချဉ်းကပ်လမ်းအတွက် ကင်းတဲရွာ ဝါးတံတားအထိ ပေ ၁၀၀၀ အနံ ၉ ပေကို မြေ သားလမ်းမှတစ်ဆင့် ကျောက်ခင်းလမ်းအထိ ပြုလုပ်ပေးခဲ့ပါကြောင်း၊ သို့ပါ၍ အထက်ပါ ကင်းတဲရွာနှင့်မီးလောင်တောင့်ရွာကြားရှိ ဝါးတံတားကို ၂၀၁၄-၁၅ နှစ်အတွင်း ကွန်ကရစ်တံတား ပြုလုပ် ပေးခြင်းရှိ/မရှိကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကင်းတဲ့ကျေးရွာအုပ်စု မီးလောင်ထောင့် ကျေးရွာအုပ်စု၊ မီးလောင်တောင့် ကျေးရွာကို ဆက်သွယ်ထားသည့်တင်ပြပါ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ယာယီဝါးတံတား၏ အရှည် ၂၂၀ ပေ အကျယ်အားဖြင့် ၃ ပေ၊ အမြင့်အားဖြင့် ၃၀ ပေ ရှိပြီး အဆိုပါအားဖြင့် တံတားကို အရှည် ၂၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၃၀ ရှိ ပေကွန်းကရစ် တံတားအဖြစ်တည်ဆောက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေ သန်း ၂၀၀ ကုန်ကျမည်ဖြစ်ပါကြောာင်း၊ ရခိုင်ပြည်နယ်ချုပ်အနေနှင့် ၂၀၁၄-၁၅ ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုထားသည်မှာ ၁၁၈၄၂ ဘီလီယံ မိမိတို့ လမ်းတံတားများအတွက် အသုံးပြုရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ မာန်အောင်မြို့နယ်အနေနှင့်လည်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ၈၆၁.၆၉ သန်း လမ်းတံတားများအတွက် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ကင်းတဲ-မီးလောင်ထောင့် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်းကရစ်တံတား အတွက် မိမိတို့ ၂၀၁၄-၁၅ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုထားခြင်းမရှိသေးပါကြောင်း၊ သို့သော် လည်းပဲလာမည့် နှစ် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်အလိုက် ရန်ပုံငွေတင်ပြ တောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားပါသည်။
