|
အမည် |
ဦးအောင်စိန် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ရခိုင်/ ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ကမရ(နိုင်)ဝဝ၄၇၅၇ |
|
မွေးသက္ကရာဇ်/အသက် |
၂၁.၉.၁၉၄၃ / (၆၇)နှစ် |
|
မွေးဖွားရာဇာတိ |
ကျွန်းရွာ၊ မာန်အောင်မြို့နယ် |
|
ပညာအရည်အချင်း |
ဝိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်) |
|
လက်ရှိအလုပ်အကိုင် |
အငြိမ်းစား (ညွှန်မှူး-လဝက) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဖြူအောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ငွေသာ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မေသိန်း၊ ၁၂/ကမရ(နိုင်) ၀၀၄၇၅၈၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်စိုးမိုးအောင်၊ SCG - ၀၁၁၈၃၉၊ Chief Mate (FG) (၂) မခိုင်ဥမ္မာအောင်၊ ၁၂/ ကမရ (နိုင်) ၀၀၄၇၅၉၊ ဗိုလ်ကြီး ( ငြိမ်း ) (၃) မခိုင်စန္ဒာအောင်၊ ၁၂/ ကမရ (နိုင်) ၀၄၇၈၉၀၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၅၄) မြင့်မိုရ်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်း |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မာန်အောင်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို အ.မ.က ကျွန်းရွာ၊ မာန်အောင်မြို့နှင့် အ.ထ.က မာန်အောင်မြို့၊ စတော့ကိတ်ပညာ ရိပ်သာ၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့နှင့် ပြင်ဦးလွင်စစ်တက္ကသိုလ်တို့တွင် ဆည်းပူးခဲ့ပြီး B.A (D.S.A) ဘွဲ့ရရှိ ခဲ့သည်။ အမှတ်(၂) ဗမာ့သေနတ်ကိုင်တပ်ရင်း၊ မယင်းစခန်း ဟင်္သာတမြို့နယ်၊ အမှတ်(၁၉) ခြေလျင်တပ်ရင်း ကလေးမြို့၊ အမှတ်(၃၆၃) တပ်ထိန်းတပ် တောင်ငူ၊ အမှတ်(၁) တပ်ထိန်းတပ် မင်္ဂလာဒုံနှင့် အမှတ်(၄၆၄) တပ်ထိန်းတပ် ပုသိမ်မြို့တို့တွင် ဒုတိယဗိုလ်၊ ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဖြစ် အဆင့်ဆင့် တာဝန်ထမ်ဆောင်ခဲ့သည်။ ရန်ကုန် လ.ဝ.က ရုံးချုပ်တွင် ဒုတိယညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်ခွဲစည်းရုံးရေးကော်မတီ၊ သနက(၂) မယင်းစခန်း ဟင်္သာတမြို့၊ တပ်ခွဲစည်းရုံးရေးကော်မတီ (၄၆၄) တပ်ထိန်း တပ်ခွဲ ပုသိမ်မြို့ အလုပ်သမားအစည်းအရုံး၊ လ.ဝ.က ပန်းဘဲတန်းမြို့နယ်နှင့် မာန်အောင်မြို့နယ် အသင်းတို့တွင် ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်တို့ကို ချီးမြှင့်ခံခဲ့ရသည်။ |
