ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အရှေ့ဘက်ကမ်း ကွင်းအမှတ် ၁၀၀ S ဦးပိုင်အမှတ် ၂၂/ဂရမ်ဧရိယာ ၃.၄၄ ဧကရှိသည့် မြေနေရာကို ဈေးနေရာအဖြစ် ၄-၇-၁၉၈၉ ခုနှစ်၊ တိုင်းမှ လန ၃၈ ဖြင့် အနှစ် ၃၀ မြေငှားဂရမ် ၂၀၀၀ ခုနှစ်မှ ၂၀၃၀ အထိရရှိခဲ့ပါကြောင်း၊ သို့သော်လည်း မူလစီမံကိန်းရေးဆွဲထားသော ဈေး အဓိကဝင်ပေါက်/ ထွက်ပေါက်ဖြစ် ရန်ကုန်-မော်လမြိုင် မော်တော်ကားကြီး၏ လမ်းမဘေးရှိ နေရာကို မြို့နယ်အုပ်ချုပ်ရေးမှူး အဟောင်းမှ မြေကွက်အမှတ် ၆ ဟု သတ်မှတ်ပြီး လုပ်ထုံးလုပ်နည်းနှင့် ညီအောင်နည်းလမ်းမျိုးစုံဆောင်ရွက်ပြီး မိမိ၏နီးအနေဖြင့် ဂရန်ရအောင် ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ ယခုလို အဖြစ်မျိုးမဖြစ်ရန် ယူဆပါသဖြင့် ဒီဂရန်မြေကိုရယူခဲ့သည့် တစ်ဈေးလုံးမြေကို မူလ သတ်မှတ်ထားသည့်အတိုင်း ဝင်ပေါက်/ ထွက်ပေါက်အဖြစ် ပြန် လည်သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် သတ်မှတ်ပေးမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၊ အရှေ့ဘက်ကမ်းရပ်ကွက်ရှိ ကွင်းအမှတ်(TL-8)၊ ဦးပိုင် အမှတ်(၂၂/ဌာန)၊ ဧရိယာ ၃.၃၄၀ ဧကရှိမြေနေရာအား ဝေါမြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်မြေအဖြစ် ၁၀-၁-၂၀၀၀ ရက်နေ့မှ ၁၀-၁-၂၀၃၀ ရက်နေ့အထိ နှစ် ၃၀ မြေငှားဂရန် ရရှိခဲ့ပါကြောင်း၊ ဝေါမြို့နယ်၊ ဈေးအဓိက ဝင်ပေါက်/ ထွက်ပေါက် နေရာသည် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဧရိယာတွင် ပါဝင်ခြင်းမရှိခဲ့ပါကြောင်း၊ အဆိုပါဈေးမြေနေ ရာအား ပြန်လည်တိုင်းတာ သတ်မှတ်ခြင်းနှင့် အဆင့်မီဈေး တည်ဆောက်ရန် မူလစီမံချက်ပါ ဧရိယာသတ်မှတ် ချက်နှင့် အဆင့်မီဈေးတည်ဆောက်ရာတွင် ပါဝင်မည့် လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်မည့် ဧရိယာ သတ်မှတ်ချက်များကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ်အထောက်အကူပြုအဖွဲ့၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများအား အသေးစိတ်ပြန်လည်စိစစ်တွက်ချက်၍ ညှိနှိုင်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဝေါမြို့နယ်၊ ဈေးဝင်ပေါက်/ထွက်ပေါက်နေရာအား ယခင်ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး၏ ဇနီးအမည်ဖြင့် ရရှိထားသည့် နှစ် ၃၀ နှစ်ရှည်မြေငှားဂရန် အမှုတွဲကို ပြန်လည်စိစစ်ပြီး ဈေးဧရိယာအဖြစ် မူလစီမံချက်တွင် ပါဝင်မှုရှိပါက ဂရန်အားပြန်လည်ဖျက်သိမ်းရေး စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
