|
အမည် |
ဦးမြင့်ရွှေ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/ဝမန (နိုင်) ဝဝ၃၅၉၁ |
|
မွေးသက္ကရာဇ်/အသက် |
၅-၁၂-၁၉၄၇/(၆၃) နှစ် |
|
မွေးဖွားရာဇာတိ |
ဝေါမြို့နယ်၊ ကျုံရဲ့ကျေးရွာ |
|
ပညာအရည်အချင်း |
B.A, Dip E.d |
|
လက်ရှိအလုပ်အကိုင် |
ခရိုင်ပညာရေးမှူး (ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလှမောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကျင်မြင့် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စိန်မှုံ၊ ၇/ဝမန (နိုင်) ၀၀၇၄၅၈၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ကိုကျော်ကျော်ဦး၊ ၇/ဝမန (နိုင်) ၁၀၀၄၃၃၊ အင်ဂျင်နီယာ၊ ရန်ကုန်စည်ပင်၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၂၇) ၊ အောင်မြေလမ်း၊ အလင်းရောင်ရပ်၊ အရှေ့ဘက်ကမ်းရပ်ကွက်၊ ဝေါမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝေါမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို ဝေါမြို့အရှေ့ဘက်ကမ်း အ-မ-က ၊ အ-ထ-က ဝေါမြို့တွင် သင်ကြားခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် အလယ်တန်းဆရာဖြစ် (၁)နှစ်သင်တန်းနှင့် (၂)နှစ်သင်တန်းတို့ကို မော်လမြိုင် တက္ကသိုလ်၌ တက်ရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ် B.A Dip.Ed ဘွဲ့ရရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်အထူးမွန်းမံသင်တန်း(၁)လ တက်ရောက်ခဲ့ပြီး၊ ၁၉၉၆ ခုနှစ်တွင် အမှတ် (၁) အခြေခံပညာဦးစီးဌာန ကျောင်းအုပ်ကြီးများမွန်းမံသင်တန်း(၁)လတက်ရောက်ခဲ့သည်။
မူလတန်းပြဆရာအဖြစ် ကြာလဟာနှင့် ကမာကဘံ(ဝေါမြို့နယ်) တို့တွင်လည်းကောင်း၊ အလယ်တန်းပြ ဆရာအဖြစ် အ-လ-က(မြစ်ကျိုး) နှင့် အ-ထ-က ဝေါမြို့တို့တွင်လည်းကောင်း၊ အထက်တန်းပြဆရာအဖြစ် အ-ထ-က ဝေါမြို့နှင့် အ-လ-က ကျွန်းကုန်းကြီး၊ ကြို့ပင်ကောက်မြို့ တို့တွင်လည်းကောင်း၊ အလယ်တန်း ကျောင်းအုပ်အဖြစ် အ-လ-က ဖိုးခေါင် သာယာဝတီမြို့၊ အ-လ-က (ဖိုးစပါယ်) ၊ အ-လ-က ဘုရားပျိုနှင့် အ-လ-က ဝေါအရှေ့ ဝေါမြို့နယ်တို့တွင်လည်းကောင်း ၊ အထက်တန်းကျောင်းအုပ်အဖြစ် အ-ထ-က ငသိုင်းချောင်းနှင့် အ-ထ-က ဘုရားကြီး ပဲခူးမြို့တို့တွင် လည်းကောင်း၊ မြို့နယ်နှင့်ခရိုင်ပညာရေးမှူးအဖြစ် ကျောက်တံခါးမြို့နယ် နှင့် ပဲခူးမြို့တို့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဝေါမြို့နယ် ပညာရေးဂျီအီးစီတွင် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အုပ်ချုပ်မှုဒါရိုက်တာအဖြစ်လည်းကောင်း၊ ဝေါမြို့နယ် ပညာရေးနှင့်ကျန်းမာရေး ငွေစုငွေချေးသမဝါယမအသင်း တွင် ၁၉၉၅ မှ၁၉၉၈ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ်လည်းကောင်း လူမှုရေး လုပ်ငန်းများလုပ်ကိုင်ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သည့် နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေတံဆိပ်များရရှိခဲ့သည်။ |
