မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ မံစီမြို့နယ်အတွင်းရှိ မန်သဲကျေးရွာနှင့် ဟန်ထက်ကျေးရွာ ရွာချင်းဆက်တာပေါင်ရိုးလမ်းအား ၂၀၁၄-၁၅ ဘဏ္ဍာနှစ်များမှာ ပြုပြင်ပေးရန်မရှိကြောင်းနှင့် တာဘောင်ရိုးလမ်းဖောက်လုပ်ရာတွင် တာဘောင်ရိုး မြေများအား လမ်းဝဲ/ယာမြေ နယ်မြေများမှ တူးဖော်ရန် လယ်မြေပေါ်ဖြတ်သန်းသွားလာမှု လယ်ရှင် များ ခွင့်ပြုပေးရန်လိုအပ်ကြောင်း ပြန်ကြားလာပါတယ်။ အဆိုပါတာဘောင်ရိုးလမ်းကို မန်သဲကျေးရွာ၊ ဟန်ထက်ကျေးရွာ လမ်းခွဲလမ်းအတွက် တာရိုးမြေများအား လမ်းဝဲ/ယာမြေများကို တူးယူရန် လယ်မြေ အပေါ် ဖြတ်သန်းသွားလာမှုများအား အုပ်ချုပ်ရေးမှူးနှင့် လယ်ယာရှင်များ ခွင့်ပြုချက်ပြန်လည်ရရှိပြီး ဖြစ်ပါတယ်။ သို့ပါ၍ မန်သဲကျေးရွာနှင့် ဟန်ထက်ကျေးရွာ တာဘောင်ရိုးလမ်း ပြုပြင်ခြင်းကို မိုးရာသီ မတိုင်မီ အမြန်လိုအပ်လျက်ရှိပါသဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်များမှာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိကို ဒုတိယဥက္ကဋ္ဌကြီးမှ ထပ်မံတင်ပြမေးမြန်းအပ်ပါတယ်။
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းရှိ မန်သဲကျေးရွာမှ ဟန်ထက်ကျေးရွာနှင့် ဆက်သွယ်ထားသည့် တာဘောင်ရိုးလမ်းတွင် အရှည် ၁ မိုင်ခန့်ရှိပြီး မြေပြုပြင်ခြင်းအပါအဝင် သဲကျောက်လမ်းခင်းမည်ဆိုလျှင် ငွေကျပ် ၈၇.၁၉ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း၊ အဆိုပါလမ်းသည် ကျေးရွာ(၂)ရွာရှိ လူဦးရေ ၂၁၂၁ ဦးကို အကျိုးပြုပါကြောင်း၊ ကချင်ပြည်နယ်အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံဖြိုးရေးဝန်ကြီး ဌာနက ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၇.၀၂ ဘီလီယံ ကျပ်သန်း ကို ပေါင်း ခွင့်ပြုခဲ့ပါကြောင်း၊ ကတ္တရာလမ်း ၂၀ မိုင်၊ ကျောက်ချော လမ်း မိုင် ၆၀၊ ၆ ဖာလုံ၊ မြေသားလမ်း ၇၉ မိုင် ၂ ဖာလုံနှင့် ကွန်ကရစ်တံတား ၂၀၀ ပေ၊ သစ်သားတံတား ၁၇၄၅ ပေ၊ ရေပွန် ၆၃၈ ပေကို ဆောင်ရွက် ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊
မံစီမြို့နယ်အတွင်းတွင်လည်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၁၀၈.၂၀ သန်းဖြင့် ကျောက်ချောလမ်း ၂ မိုင်ခင်းရန် ခွင့်ပြုခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ မံစီမြို့နယ်အတွင်းရှိ မန်သဲကျေးရွာမှ ဟန်ထက်ကျေးရွာချင်းဆက် သဲကျောက်လမ်း ၁ မိုင် ခင်းခြင်းလုပ်ငန်းကို ယခုနှစ် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားပြီး တင်ပြအတည်ပြုချက် ရယူပြီးကြောင်းကို ရှင်းလင်းဖြေကြားပါသည်။
