|
အမည် |
ဦးထွန်းထွန်း |
|
အခြားအမည် |
ဦးထွန်းသိန်း |
|
လူမျိုး/ဘာသာ |
ရှမ်းဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁/မကန(နိုင်)၀၂၈၀၇၂ |
|
မွေးသက္ကရာဇ်/အသက် |
၉-၁၁-၁၉၅၅/ (၅၅) နှစ် |
|
မွေးဖွားရာဇာတိ |
ဟန်ထက်ကျေးရွာ၊ မန်စီမြို့နယ် |
|
ပညာအရည်အချင်း |
(၁၀) တန်းအောင် |
|
လက်ရှိအလုပ်အကိုင် |
သိရောမဏိကုမ္ပဏီ ဥက္ကဋ္ဌ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအောင်သိန်း၊ BMO- ၁၀၂၀၁၉၊ ကုန်သည် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အုန်းစိန်၊ BMO- ၁၀၂၀၂၁၊ ကုန်သည် |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဝေဝေ၊၁/ မကန (နိုင်) ၀၂၇၇၇၄၊ သိရောမဏီကုမ္ပဏီ ကျောက်မျက်ရတနာကုမ္ပဏီ ဒါရိုက်တာ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ဇော်ထွန်းအောင်၊ ၁၂/ဗဟန(နိုင်) ၀၉၂၉၅၉၊ သိရောမဏိကျောက်မျက်ရတနာကုမ္ပဏီ + မဟာရွှေ ဇမ္ဗူရွှေတူးဖော်ရေးကုမ္ပဏီ (ဒါရိုက်တာ)၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၄၄၉)၊ ၁၀/အေ မိုးမခလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မံစီမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံ ပညာကို အမှတ် (၂) အ- လ- က ကန်တော်ရပ်နှင့် အ-ထ-က (၁) နှင့် (၂) ဗန်းမော်တို့တွင် ပညာသင်ယူခဲ့သည်၊၊ သိရောမဏီကုမ္ပဏီ ကျောက်မျက်ရတနာကုမ္ပဏီထူထောင်၍ ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းကို လည်းကောင်း၊ မဟာရွှေဇဗ္ဗူ ရွှေတူးဖော်ရေး ကုမ္ပဏီ ထူထောင်ပြီး ရွှေတူးဖော်ခြင်း လုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။ သာရေး၊ နာရေးအသင်းများအပေါ် ကူညီဆောင်ရွက်မတည်ပေးခြင်း၊ တိုင်းရင်းသား ယဉ်ကျေးမှုဓလေ့ထုံးစံများ ပပျောက်ပျက် အောင် ကူညီခြင်း၊ ပညာရေး၊ ကျန်းမာရေးတို့တွင် ဆေးရုံ၊ ဆေးခန်းများ၊ ဆေးဝါးလှူဒါန်းခြင်း၊ ပြည်နယ်/ခရိုင်၊ မြို့နယ်/ ကျေးရွာရှိ ပြည်သူများ၊ မျက်စိဝေဒနာရှင်များကို အခမဲ့ ဆေးဝါး ကုသပေးခြင်း၊ မိဘမဲ့ကလေးများကို ကူညီထောက်ပံ့ခြင်း၊ ထူးခွန်းကျောင်းသား ကျောင်းသူများကို ပညာသင်စရိတ် ထောက်ပံ့ခြင်း၊ နယ်စွန်းနယ်ဖျားတွင် ပညာသင်ကြားပေးနေသော ဆရာ/ ဆရာမများကို စရိတ်ထောက်ပံ့ခြင်း စသည့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော မဂ္ဂမဟာသီရိသုဓမ္မမဏီဇောတဓရဘွဲ့ကို ရရှိခဲ့သည်။ |
