(ဃ)-ရေဖြူမြို့နယ်၊ကံပေါက်ဒေသတွင်သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ၅၀၀ မဂ္ဂါဝပ် အားမည်သည့် အချိန်တွင် တည်ဆောက်ပေး မည်နှင့်မော်လမြိုင်၊ထားဝယ်လျှပ်စစ်ဓာတ်အား လိုင်းစီမံကိန်းအား၂၀၁၄-၁၅ ဘတ်ဂျက်နှစ်တွင် ပါဝင်နိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၅.၃.၂၀၁၄)

ဦးအောင်စိုး (လောင်းလုံ)ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်မတွင် လျှပ်စစ်မီးတစ်ယူနစ်ကို ၃၅ ကျပ်နှင့် သုံးစွဲနေရသော်လည်း မိမိတို့ တနင်္သာရီတိုင်းဒေကြီးတွင် ပုဂ္ဂလိကဒီဇယ် အင်ဂျင်ကြီး များနှင့် လျှပ်စစ်တစ်ယူနစ်ကို မြို့ကြီးများတွင် ကျပ် ဝန်းကျင်၊ မြို့ငယ်များတွင် ၆၀၀-၇၀၀ ကျပ် ဝန်းကျင်နှင့် ကျေးရွာများတွင် ၁၂၀၀ ကျပ်အထိ ပေးဆောင် သုံးစွဲနေ ရသည့်အပြင် လျှပ်စစ်မီးကို စတင်သွယ်တန်းပါက မီတာနှင့် မီကြိုး တန်ဖိုး၊ သွယ်တန်းခတို့အတွက် ကျပ်ငွေ နှစ်သိန်းသွင်းရသည့်အပြင် အခြေခံယူနစ်အဖြစ် ၁၀ ယူနစ်ကိုမဖြစ်မနေ ပေးဆောင်တို့ကြောင့် တစ်လလျှင်တစ်သောင်းကျပ်ခန့်မှ ချမ်းသာသောမိသားစုများ အနေဖြင့် တစ်လလျှင် တစ်သိန်းဝန်းကျင်ခန့် မီတာ ခပေးဆောင်ပြီးသုံးစွဲနေကြရပါကြောင်း၊ လျှပ်စစ်မီးဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် ထားဝယ်ဒေသသည် တိုးတက်သင့်သလောက် မတိုးတက်နိုင်ဘဲ ဖွံ့ဖြိုးမှုနောက် ကျနေကြရပါကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍လည်း နိုင်ငံတော်မှ ယခုအချိန်ထိ ဆောင်ရွက်ပေးခြင်း မရှိသေးပါကြောင်း၊  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကန်ပေါက်ဒေသမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ရတနာစီမံကိန်းဖြင့် ပြင်သစ်နိုင်ငံ တိုးတင်ကုမ္ပဏီမှ ၁၉၉၈ ခုနှစ်တွင်သော်လည်းကောင်း၊ ရဲတံခွန်စီမံကိန်းဖြင့် မလေးရှား နိုင်ငံ ပက်ထိုးနစ် ကုမ္ပဏီမှ ၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊  ရာင်းချလာခဲ့သည်မှာ နိုင်ငံတော် အတွက် ဒေါ်လာ ဘီလီယံနှင့်ချီပြီး ရရှိနေပြီးလည်းဖြစ်ပါကြောင်း၊  ထားဝယ်ဒေသခံများကို လျှပ်စစ်မီးရရှိစေရန် အတွက် ၁၉၉၈ ခုနှစ်တွင် စက်ရုံဝင်းတည်ဆောက်ခြင်း၊ ကန်ပေါက်-ထားဝယ် ၅၆ မိုင်အကွာအဝေးကို လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရန် ဓာတ်တိုင်ကြီးများကို ၁၉၉၇ ခုနှစ်ကတည်းက စိုက်ထူထားခဲ့ပြီးဖြစ်သော်လည်း ယနေ့ အချိန်အထိ လျှပ်စစ်မီးလုံးဝမရရှိခဲ့ပါကြောင်း၊ ထားဝယ်ဒေသမှရရှိသော သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ရန်ကုန်၊ မော်လမြိုင်မြို့ကြီးများတွင်သာ သုံးစွဲခွင့်ရရှိ၍ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးမသုံးစွဲနိုင်ခြင်းတို့ကြောင့် လူနေမှု အဆင့်အတန်းဟာလည်း နိမ့်ကျနေခဲ့ပါကြောုင်း၊  ၂၀၁၂ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲရာတွင်လည်း  တိုင်းဝန်ကြီးချုပ်မှ အဓိကစီမံကိန်းဖြစ်သော ထိုင်းနိုင်ငံ၏ PTTEP ကုမ္ပဏီမှ ဓာတ်ငွေ့ပိုက်လိုင်းအသစ်ကို သွယ်တန်းနေကြောင်း သွယ်တန်းပြီးပါက ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထားဝယ်ဒေသခံများအား လျှပ်စစ်မီးရရှိစေမည်ဖြစ်ကြောင်း မိမိဝန်ကြီးချုပ်အနေဖြင့်လည်း ထားဝယ်ဒေသနှင့် တနင်္သာရီတစ် တိုင်းလုံး လျှပ်စစ်မီးရရှိအောင် ကြိုးစားဆောင်ရွက်နေ သည်ဟုပြောကြား ခဲ့ပါကြောင်း၊  သို့သော်လည်း ယနေ့အချိန်တွင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ကို PTTEP ကုမ္ပဏီမှ ပို့လွှတ်ရောင်းချဖို့အတွက် အဆင့်သစ်ဖြစ်နေသော်လည်း  ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးရရှိရေးကို အကောင်အထည်ဖော်မှု လုံးဝမရှိသေးသည့်အတွက် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တွင် မေးမြန်းရာတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ကံပေါက်ဒေသမှထွက်ရှိသော သဘာဝဓာတ်ငွေ့ဖြင့် ၅၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် စီမံကိန်းရှိကြောင်းနဲ့ မော်လမြိုင်မှ ထားဝယ်သို့ မဟာဓာတ်အားလိုင်းကိုလည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ထည့်သွင်းရေးဆွဲရန် လျာထားသည်ဟု ဖြေကြား ခဲ့ပါကြောင်း၊  ထို့ကြောင့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက် ဒေသတွင် ၅၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မည်သည့် အချိန် တွင် မည်သို့အကောင်အထည် ဖော်ဆောင်ရွက်ပေးပါမည်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အဆိုပါ စီမံကိန်းအား မဖြစ်မနေ ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြမေးမြန်ခဲ့ပါသည်။


 

အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦးတနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေး စက်ရုံတည်ဆောက်ရန် Star Sapphire Co.,Ltd နှင့် Andaman Power and Utility Co.,Ltd တို့ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန် လွှာကို ၁၁-၄-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ကန ဦးဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအရ ပထမအဆင့် ၅၁.၆ မဂ္ဂါဝပ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၊ ဒုတိယအဆင့်အနေဖြင့် ၅၃.၁ မဂ္ဂါဝပ်ကို ၂၀၁၅ ခုနှစ် ဇွန်လနှင့် တတိယအဆင့်အနေဖြင့် ၃၃၆.၈ မဂ္ဂါဝပ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတို့တွင် BOT စနစ်ဖြင့် တည်ဆောက်ရန် လျာထားတင်ပြထားမှုရှိပြီး ၏လေ့လာမှု အစီရင်ခံစာအရ အသေးစိတ် ညှိနှိုင်းနေဆဲ ဖြစ်ပါကြောင်း၊ မော်လမြိုင်၊ ရေး၊ ထားဝယ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်းတွင် ဓာတ်အားလိုင်း အူကြောင်းတိုင်းတာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး လိုအပ်သောငွေကြေးကိုလည်း ပြည်ပချေးငွေ ရရှိရေးအတွက် ညှိနှိုင်းထားသည့်အတွက် အဆိုပြုထားရှိမှုအရ နှစ်ဖက်အသေးစိတ်ညှိနှိုင်းလျက်ရှိ ပါကြောင်းပြန် လည်ဖြေကြားပါသည်။