|
အမည် |
ဦးအောင်စိုး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၆/သရခ(နိုင်)၀၀၅၀၆၉ |
|
မွေးသက္ကရာဇ်/အသက် |
၂၉-၅-၁၉၆၀/(၅၄)နှစ် |
|
မွေးဖွားရာဇာတိ |
ဆင်ပုနစ်ရပ်၊ ထားဝယ်မြို့ |
|
ပညာအရည်အချင်း |
စက်မှု၊ အ.ထ.က T.H.S (Machine) အောင် |
|
လက်ရှိအလုပ်အကိုင် |
ရွှေပန်းတိမ်လုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘရှီ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှကြည်၊ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဥမ္မာစိုး (ကွဲကွာ)၊TCK-၀၃၅၁၉၉၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မပွင့်ဖြူဖြူအောင်၊၆/သရခ(နိုင်)၀၃၇၁၀၆၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၆၁)၊ လမ်းမတော်လမ်း၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လောင်းလုံမြို့နယ် (ပထမအကြိမ် -၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို သရက်ချောင်းမြို့ အ.မ.က (မော်ရှည်)နှင့် အ.ထ.ကတို့တွင် သင်ယူခဲ့ပြီး မော်လမြိုင်မြို့ စက်မှု အ.ထ.ကတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ သတ္တုတွင်းဝန်ကြီးဌာန ဟိန္ဇဲခဲမဖြူ သေင်္ဘာတူးဖော်ရေးစီမံကိန်း တွင်လည်းကောင်း၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ရန်ကုန်မြို့၌ ရွှေပန်းထိမ်လုပ်ငန်းတွင်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ယနေ့အထိ သရက်ချောင်း၌ ရွှေပန်းထိမ်လုပ်ငန်းတွင်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ယနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လူငယ်အဖွဲ့ဝင်၊ လူငယ်တာဝန်ခံ၊ တိုင်းလူငယ်တာဝန်ခံ၊ တိုင်းအတွင်းရေးမှူး၊ ဗဟိုဦးစီးအဖွဲ့ဝင်နှင့် ဗဟိုလူငယ်ဖော် ဆောင်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ယနေ့အထိ နိုင်ငံရေးကြောင့် (၄)ကြိမ် ထိန်းသိမ်းခံရပြီး ၉-၉-၁၉၉၉ ရက်နေ့မှ ၂၀၀၁ ခုနှစ်အထိ ပုဒ်မ၅၁(စ)အဖြစ် သရက်ချောင်းမြို့တွင် မြို့တွင်း အကျယ်ချုပ်(၂)နှစ် ပြစ်ဒဏ်ကျခံခဲ့ဖူးသည်။ |
