မုဒုံမြို့ပေါ်တွင် မြို့မ(၁)၊ မြို့မ(၂)၊ မြို့မ(၃) နှင့်မြို့မ (၄) ရပ်ကွက်ကြီး ၄ ရပ်ကွက်ရှိပါကြောင်း၊ ဝင်းကဖိုရပ်ကွက်သည် မြို့မ(၁) တွင် မုဒုံကြီးရပ်ကွက်၏ အနောက်ဘက်တွင်တည်ရှိပြီး ဝင်းကဖိုရပ်ကွက်တွင် လူနေအိမ်တွေကြားထဲတွင် ကြက်မွေးထားသောအိမ် (၃) အိမ်ရှိသဖြင့် ရပ်ကွက်နေ ရပ်ကွက်သူ/ရပ်ကွက်သားမှ ကြက်အနံ့ကြောင့် ကျန်းမာရေး ထိခိုက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ကြက်မွေးထားသော အိမ်သုံးအိမ်ကို လူနေရပ်ကွက်/လူနေ ရပ်ကွက်နှင့်ဝေးသော နေရာတို့ကို ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မုဒုံမြိုနယ်၊ ဝင်းကပို ရပ်ကွက် ကြက်မွေးထားသော နေအိမ် ၃ အိမ်မှ အိမ်ရှင်များကို ၁၈-၆-၂၀၁၄ ရက်နေ့တွင် မုဒုံမြို့နယ် ကော်မတီ ၄ ရပ်ရှေ့တွင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ ကြက်ခြံပိုင်ရှင်များမှ မွေးမြူထားသော ကြက်များမှာ ၁၅ ရက်သားရှိသည့်အတွက်ကြောင့် အချိန်ကာလတစ်ခု စောင့်ဆိုင်းပေးရန် တင်ပြခြင်းအတွက် ၂၅ ရက် သတ်မှတ်ပေးပြီး ၁၃-၇-၂၀၁၄ ရက်နေ့တွင် အပြီးဖယ်ရှားပေးရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း၊ ကော်မတီ ၄ ရပ်ရှေ့တွင် ကတိပြုပြီးဖြစ်သည့်အတွက် ဆက်လက်မွေးမြူလိုပါက ရပ်ကွက်နှင့်ဝေးသောနေရာကို ပြောင်းရွှေ့မွေးမြူ ရန် မှာကြားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
