|
အမည် |
ဦးမြသိန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
မွန်/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၀/မလမ(နိုင်)ဝ၂၄၀၁၈ |
|
မွေးသက္ကရာဇ်/အသက် |
၉-၄-၁၉၄၇ (၆၃)နှစ် |
|
မွေးဖွားရာဇာတိ |
မုဒုံမြို့ |
|
ပညာအရည်အချင်း |
M.Sc(Chemistry) |
|
လက်ရှိအလုပ်အကိုင် |
ဒုတိယ ပါမောက္ခချုပ်(ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလှသောင်း (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စောတင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၈၆) ၊ မြနန္ဒာလမ်းထိပ်၊ မုဒုံကြီးရပ် မုဒုံမြို့၊ မွန်ပြည်နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မုဒုံ (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က မုဒုံမြို့၊ ကျောင်းနောက်ရပ် အစိုးရမူလတန်းကျောင်းနှင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။ မော်လမြိုင်ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ မော်လမြိုင်ကောလိပ်နှင့် ပညာရေးတက္ကသိုလ် ဓာတုဗေဒဌာနတွင် သရုပ်ပြဆရာ၊ မော်လမြိုင်ဒီဂရီကောလိပ်တွင် လက်ထောက်ကထိက၊ မော်လမြိုင်တက္ကသိုလ်တွင် ကထိက၊တောင်ကြီးတက္ကသိုလ် ဓာတုဗေဒဌာနတွင် တွဲဖက်ပါမောက္ခနှင့် ပါမောက္ခ၊ မော်လမြိုင်တက္ကသိုလ် ဓာတုဗေဒဌာနတွင် ပါမောက္ခ၊ ဒုတိယ ပါမောက္ခချုပ်နှင့် ဘားအံတက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မွန်ပြည်နယ် မုဒုံမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ |
