(စ)-ဆွမ်ပရာဘွမ်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့် ညီ ညွှတ်စေရန်နှင့်ပြည်သူများကိုကြည့်ရှုစောင့်ရှောက် ရာတွင် ပူးပေါင်းအသုံးပြုနိုင်ရန်တို့အတွက် Pajero (၂)စီးFourWheel(၂)စီးနှင့်မီးသတ်ကား(၁)စီးအား စီစဉ်ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၂.၂၀၁၄)

ဦးခမိုင်မုံကွမ် (ဆွမ်ပရာဘွမ်)ဆွမ်ပရာဘွမ်မြို့နယ်ကို မြို့အင်္ဂါညီညွတ်စေရေးအတွက် တာဝန်ကျဌာနဆိုင်ရာများ အနေဖြင့် ပြည်သူများကို ကြည်‌့ရှုစောင့်ရှောက်ရာတွင် ပူးပေါင်းအသုံးပြုနိုင်ရေးအတွက် PAJERO နှစ်စီး၊ Four Wheel နှစ်စီး၊ မီးသတ်ကားတစ်စီးအား စီစဉ် ချမှတ်ဆောင်ရွက်ပေးပါရန် တောင်းခံတင်ပြလိုပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် အများအပြား နယ်စပ်ဒေသမှ တာဝန်ကျဌာနဆိုင်ရာများအနေဖြင့် ဖွံ့ဖြိုးရေးအတွက် ကူညီ တင်သွင်းထားသော ကားများမှာ များပြားသဖြင့် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ကြောင်းနှင့် အန္တရာယ် များပြားပါကြောင်း။

ဆွမ်ပရာဘွမ်မြို့နယ်တွင် ဌာန  များနှင့် လုပ်ငန်းရှင်များတွင် အလျင်အမြန် သွား လာနိုင်သော အချောစီးကားများ မရှိသေး ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲများ အနေဖြင့် ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဆင်းရဲနွမ်းပါးနေသော တိုင်းရင်းသားမိဘပြည်သူများထံသို့ လာရောက်ကြည့်ရှုလျှင် အချောစီးကားများ မရှိသေးသဖြင့် ခြေလျင်ဖြင့်သာ လိုက်ပြရပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာများဖြစ်သော အုပ်ချုပ်ရေးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေး ဌာန၊ ဆောက်လုပ်ရေးဌာန၊ စိုက်ပျိုးမွေးမြူရေးဌာနအနေဖြင့် ပြည်သူများကို ကြည့်ရှုစောင့်ရှောက်ရာတွင် ပူးပေါင်း အသုံးပြုနိုင်ရေးအတွက် Pajero နှစ်စီး၊ Four Wheel နှစ်စီး၊ မီးသတ်ကားတစ်စီးအား စီစဉ်ချမှတ်ဆောင်ရွက်ပေး ပါရန်နှင့် မည်သည့်အချိန်တွင် ကူညီပံ့ပိုးပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်သည် မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်၊ မြို့ပေါ် အိမ်ခြေ ၁၂၉ လုံး၊ မြို့ပေါ်အိမ်ထောင်စု ၁၁၁ စု၊ မြို့ပေါ်လူဦးရေး ၇၃၄ ဦး၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၈ လုံးရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုနှင့် ပတ်သက်ပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လတွင် တပ်ရင်းတပ်ဖွဲ့နှင့် ဦးစီးဌာနများ၏ ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံခဲ့ပြီးတော့ ၂၀၁၁-၁၂ ဘဏ္ဍာ ရေးနှစ် ဒုတိယခြောက်လမှစ၍ အချို့ဦးစီးဌာနမှလွဲပြီး တပ်ဖွဲ/ဦးစီးဌာနများရဲ့ ဘတ်ဂျက်ဆိုင်ရာ ကိစ္စ ရပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြ တောင်းခံလျက် ရှိပါကြောင်း၊  ယာဉ်နှစ်စီးရရှိရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဘတ်ဂျက်ဆိုင်ရာ စီမံခန့်ခွဲမှုဖြင့်သာ လျာထားဆောင်ရွက်ရခြင်းသာဖြစ်သည့် အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ ရန်ပုံငွေတင်ပြတောင်းခံဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊

 ဆွမ်ပရာဘွမ် မြို့နယ်ဟာ ၂၀၁၁ ခုနှစ် မူလဖွဲ့စည်းပုံအရ နှစ်ယူနစ်အဆင့် မီးသတ်စခန်းဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိ ထားသော်လည်း လက်ရှိအခြေအနေတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၇ ဦးသာ ရှိပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်နှင့် မီးသတ်စခန်းများမရှိပါကြောင်း၊  မြို့နယ်မီးသတ်စခန်း မြေနေရာရရှိရေးအတွက် ကချင်ပြည်နယ်၊ မီးသတ်ဦးစီးရုံး ဌာနမှူးရုံးက ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်စွဲပါစာအမှတ်၊ ၂၀၃/၁၅/၇ ဦး ၁ ဖြင့် ကချင် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ဆွမ်ပရာဘွမ်မြို့နယ်သည် ဖွဲ့စည်းပုံအရ မီးသတ် ယာဉ်နှစ်စီးထားရှိ ရမည်ဖြစ်ခြင်းကြောင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှာ ဂျပန်နိုင်ငံလုပ် ဂါလံ ၄၀၀ ဆံ့ နီဆန်းဆာဖာရီ မီးငြှိမ်းသတ်ယာဉ်တစ်စီးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပေးခဲ့သော်လည်း နယ်မြေလုံခြုံရေး အခြေအနေ အရ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းတွင်သာ ထားရှိခဲ့ရပါကြောင်း၊ ယခုအခါ အဆိုပါ မီးငြှိမ်းသတ်ယာဉ်ကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး ဆွမ်ပရာဘွမ်မြို့နယ် အရန် မီးသတ်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊  နိုင်ငံတော်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝ ဘေး အန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်တိုင်းတွင် ဦးစီးအရာရှိဦးစီး အင်အား ကိုးဦးပါ မြို့နယ်ဦးစီးဌာနမှူးရုံး(၁)ရုံး၊ ဒုတိယမီးသတ်ဦးစီးမှူးဦးစီးအင်အား ၂၈ ဦး၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေယာဉ်တစ်စီး၊ မီးသတ်စက် ယာဉ်တစ်စီး စုစုပေါင်း မီးသတ်ယာဉ်လေးစီးပါဝင်သော မြို့နယ်မီးသတ် စခန်းတစ်ခုတို့ဖြင့် တာဝန်ချ ထားရန်အတွက် နိုင်ငံတော်သို့ ဖွဲ့စည်းပုံခွင့်ပြုမိန့်တောင်းခံ ထားရှိခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၄/၂၀၁၃)ဖြင့် ခွင့်ပြုမိန့်ရရှိပြီးဖြစ်ခြင်းကြောင့် သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များ ခန့်ထားရေးအတွက်ကို လည်း စီ မံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်နှင့် အညီ ဆွမ်ပရာဘွမ်မြို့နယ် မီးသတ် ခန်း၏ လိုအပ်ချက်များ ဖြည့်တင်းပေးနိုင်ရန်အတွက် ကချင် ပြည်နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ ပြည်နယ် အစိုးရ အဖွဲ့ သို့ နှစ်အလိုက်ဘဏ္ဍာငွေ ခွင်‌့ပြုမိန့် တင်ပြ တောင်းခံကာ ဖြည်‌့ဆည်းသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။