ဦးခမိုင်မုန်ကွမ်(ဆွမ်ပရာဘွမ် မဲဆန္ဒနယ်)

အမည်

ဦးခမိုင်မုန်ကွမ်

အခြားအမည်

ဦးခခိုင်တန်

လူမျိုး/ဘာသာ

ဂျိန်းဖော /ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁/မကန(နိုင်)၀၈၁၀၂၅

မွေးသက္ကရာဇ်/အသက်

၁၀-၄-၁၉၅၆/ (၅၄) နှစ်

မွေးဖွားရာဇာတိ

ခမိုင်ကျေးရွာ၊ ဆွမ်ပရာဘွမ်မြို့နယ်

ပညာအရည်အချင်း

အလယ်တန်း

လက်ရှိအလုပ်အကိုင်

အုပ်ချုပ်မှုဒါရိုက်တာ (စီဆန်းစတားကုမ္ပဏီ)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခမိုင်တန်၊ (ကချင်ဒူဝါကြီး)၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခ ခရန်ခါး၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရေဂျီးနား၊ ကုမ္ပဏီဒါရိုက်တာ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ဇော်ဘွမ်၊ မန္တလေးကုမ္ပဏီဒါရိုက်တာ၊
(၂)
မောင်ဇော်လောဒ်၊ ကျောင်းသား၊
(၃)
မောင်မိုက်ကယ်မုန်ဒန်၊ ကျောင်းသား၊
(၄)
မဂျာအောင်၊ မြစ်ကြီးနားကုမ္ပဏီဒါရိုက်တာ၊
(၅)
မဂျာဆိုင်းနန်၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၄၃၂)၊ ယုဇန (မြစ်ကြီးနား)

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဆွမ်ပရာဘွမ် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ဆွမ်ပရာဘွမ်မြို့တွင် အလယ်တန်းထိ ပညာသင်ကြားခဲ့သည်။ ကချင်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်းအသင်းတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာ့ ကျောက်မျက်ရတနာအသင်းတွင် အမှုဆောင် (အဖွဲ့ဝင်) အဖြစ် လုပ်ကိုင်ခဲ့သည်။ ကချင်ရိုးရာကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ Season Star ကုမ္ပဏီတွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။