(စ)-မြဝတီမြို့ခုတင်(၁၀၀)ဆေးရုံတွင်ဓာတ်မှန်ကျွမ်း ကျင်တစ်ဦး၊လက်ထောက်ဆရာဝန်(၂)ဦး၊ကလေးအ ထူးကုဆရာဝန်နှင့်လူနာခုတင်များ ဖြည့်တင်း ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ (၄.၇.၂၀၁၄)

ကရင်ပြည်နယ် မြဝတီမြို့သည် ခရိုင်အဆင့် ဖြစ်ပြီး ပြည်သူလူထုကျန်းမာရေးအတွက် အထောက်အကူပြုသော ခုတင် ၁၀၀ ဆေးရုံလည်းရရှိ ထားပြီးဖြစ်ပါသည်။ ဒေသခံများ၏ လှူဒါန်းငွေနှင့် ဆောက်လုပ်ထားသည့် ကိုယ်ထူးကိုယ်ထ အခပေးဆေးကုသဆောင်ကို အသုံးပြုထားရသော်လည်း နေရာလုံလောက်မှုမရှိသော ကြောင့် JICA မှ အကူအညီနှင့် အဆောက်အအုံပေါ်ကောင်းကောင်း ပေါ်ထွက်လာမည်ဟု ထင်ရသော်လည်း ယနေ့အထိ ပေါ်ထွက်လာခြင်းမရှိသေးပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ နံပါတ်(၁) ခုတင် ၁၀၀ ဆေးရုံနှင့်လျော်ညီသော အဆောက်အအုံ တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ၊ နံပါတ်(၂) လက်ရှိအခြေအနေတွင် ဓါတ်မှန်ကျွမ်းကျင်(၁)ဦး၊ လက်ထောက်ဆရာဝန် (၂)ဦး နှင့် ကလေးအထူကု ဆရာဝန် (၁) ဦး အမြန်လိုအပ်ပါသဖြင့် ခုတင် ၁၀၀ နှင့်လျော်ညီသော ဝန်ထမ်းများ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်  နံပါတ်(၃) လတ်တလေလိုအပ်လျက်ရှိသော လူနာခုတင်များ ဖြည်‌့တင်းပေးရန်အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
အဖြေ

မိမိတို့ ကျန်းမာရေးဝန်ကြီးဌာန အနေနှင့်  မြဝတီမြို့ ခုတင် ၁၀၀ ဆေးရုံ တိုးချဲ့ သုံးထပ်ဆောင်၊ ဆေးရုံအုပ်ကြီးနေအိမ်နှင်‌့ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးရန်အတွက် ကျန်းမာရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ယခုဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၅၀ ကို ကျန်းမာရေးဦးစီး ဌာန၏ ၂၅-၄-၂၀၁၄ ရက်စွဲပါစာအမှတ် ၁၄၂/ဘင(စ) ငွေလုံးငွေရင်းကို ပြည်နယ်ကျန်းမာရေးဦးစီး ဌာနအား ခွဲဝေချထားပြီးဖြစ်ပါကြောင်း၊ ဆရာဝန်လိုအပ်ချက်နှင့် ပတ်သက်၍ လက်ထောက်ဆရာဝန် (ဓါတ်မှန်) ကို မိမိတို့ ၁၆-၆-၂၀၁၄ ကို ခန့်အပ်ပြီးဖြစ်ပါကြောင်း၊ ကလေးအထူးကုဆရာဝန် ဒေါက်တာမျိုးခိုင်ကိုလည်း ၃၀-၆-၂၀၁၄ အမိန့်စာ ဖြင့်မိမိတို့ ခန့်အပ်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိမြဝတီဆေးရုံတွင် ကွန်ဆောရင့် Trandion တစ်ဦး၊ ကွန်ဆောရင့် ဆွယ်ချင် တစ်ဦး၊ ကွန်ဆောရင့် OG တစ်ဦး၊ ကွန်ဆောရင့် အရိုး  တစ်ဦးရှိပြီး Special List AS များအနေများအနေနှင့် ကလေးအထူးကု ဓါတ်မှန် Special List AS၊ မေ့ဆေး Special List AS များ ခန့်ထားပြီးသားဖြစ်ပါကြောင်း၊ ရိုးရိုးလက်ထောက်ဆရာဝန် ကိုးဦးလည်း ခန့်အပ်ထားပြီးဖြစ်ပါကြောင်း၊ ယင်းနောက် မြဝတီခရိုင် ပြည့်သူ့ဆေးရုံ လူနာအပါအဝင် ဆေးရုံသုံးပစ္စည်းများကို ထောက်ပံ့ပေးရန်အတွက် ၂၀-၆-၂၀၁၄ ရက်စွဲပါစာအမှတ် ဖြင့်ခွင်‌့ပြုထားပြီးဖြစ်သည့်အတွက် ရန်ကုန်မြို့ရှိ CMSD ကိုဦး ဆေးသိုလှောင်ရုံ မှ IV No.21/6 ထောက်ပံ့ပေးနိုင်ရေး အကြောင်းကြား ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ မောင်တော၊ တမူး၊ ပူတာအို၊ မူဆယ်၊  တာချီလိတ်၊ မြဝတီ၊ ကော့သောင်း ဆေးရုံအားလုံးသည် အခြားနိုင်ငံဆေးရုံများ၊ အခြားနိုင်ငံ များနှင့် ဆက်စပ်နေသည့် ဆေးရုံများဖြစ်သောကြောင့် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင်‌့ရှောက်မှုကို အဆောက်အအုံ အဆင်‌့မီ တိုးချဲ့ဆောက်လုပ်ရန် စီမံချက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။