တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု ရေကန်အော်ကျေး ရွာရှိ ဆိပ်ခံတံတားသည် ၁၉၉၂ ခုနှစ်တွင် စတင်တည်ဆောက်ပြီး တံတားအရှည် ၂၅၃ ပေ၊ အကျယ် ၆ ပေရှိပါကြောင်း၊ အဆိုပါတံတားကို စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ခရီးသွားလာ ရေးတို့အတွက် ယင်းတံတားကိုသာ မှီခိုအားထားနေကြ ရသော်လည်း လွန်ခဲ့သည့် ၁၈ ခန့်မှ စတင်တည်ဆောက်ခဲ့၍ ယိုယွင်းပျက်စီးမှုများ ရှိနေခြင်း နေ့စဉ်ထိန်းသိမ်းပြုပြင်ရသည့် ကုန်ကျစရိတ် လွန်စွာများပြားလွန်းခြင်း တို့ကြောင့် ဆက်လက် အသုံးပြုရန်မှာ လုံးဝမဖြစ်နိုင်ပါကြောင်းနှင့် ကျေးရွာလူထု ၏ဆန္ဒသည်လည်း နိုင်ငံတော်၏အထောက်အပံ့နှင့် ကွန်ကရစ် တံတားသစ် တစ်ခုကို တည်ဆောက်လိုကြောင်းကို ကျေးရွာနေပြည်သူများနှင့် ကျေးရွာအုပ်စုဖွံ့ဖြိုးတိုး တက်ရေး ကော်မတီအဖွဲ့အစည်းများမှ တင်ပြတောင်းခံလာကြပါကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု ရေကန်အော်ကျေးရွာရှိ ဆိပ်ခံအောင် တံတားကို ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့်အချိန် တွင် ဆောက်လုပ်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကဘင်ကျေးရွာအုပ်စု၊ ရေကန်အော်ကျေး ရွာတွင် အရှည် ၂၄၀ ပေ၊ အကျယ် ၇ ပေရှိသည့် သစ်သားတံတားသည် အိမ်ခြေ ၁၀၈၇ လုံး၊ လူဦးရေ ၁၀၂၁၁ ဦးတို့အား အကျိုးပြုနေသည့် တံတားတစ်စင်းဖြစ်သော် လည်း ပျက်စီးယိုယွင်းလျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ ယင်းတံတားကို ၂၄၀ ပေ ၁၄ ပေ ကွန်ကရစ်တံတားအဖြစ် တည်ဆောက်မယ်ဆိုပါက ငွေကျပ် ၂၄၀ သန်းကုန် ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ဖြစ်ပါကြောင်း၊ ကျွန်းစုမြို့နယ် တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ကျေးလ က်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၁၀၂၅.၆၂၉ သန်းဖြင့် ကတ္တရာလမ်း ၅ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၂၇ မိုင် ၅ ဖာလုံ၊ ကွန်ကရစ် တံတား ၁၂၀ ပေနှင့် ရေပြွန် ၂၂၀ ပေတို့အား လျာထားတင်ပြထားပြီး လည်း ဖြစ်ပါကြောင်း၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှမေးမြန်းလာသော ကျွန်းစုမြို့နယ်အတွင်းရှိ ရေကန်အော် ကျေးရွာသစ်သား တံတား တည်ဆောက်ခြင်းအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေး လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် လျာထား တင်ပြထားခြင်း မရှိသေးပါကြောင်းနှင့် တင်ပြပါလုပ်ငန်းအား တိုင်းဒေသကြီး ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသေးစိတ်ကွင်းဆင်း တိုင်းတာတွက်ချက်ပြီး ၂၀၁၅-၁၆ ခု ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်အတိုင်း ရန်ပုံငွေတင်ပြ တောင်းခံပေးသွားမည် ဖြစ် ကြောင်း ဖြေကြားပါသည်။
