ညောင်ဦး-ချောက် ကတ္တရာလမ်းမှ ခွဲသွားသော ကန်နီပေါက်ကျေးရွာ-ကျောက်ကန်ရွာ-တောရွာများသို့ သွားသော ကျေးရွာချင်းဆက်လမ်းမှာ မိုးတွင်းအခါတွင် သွားလာရေးအလွန်ခက်ခဲပါကြောင်း၊ ယင်းလမ်းသည် ကုန်ထုတ်လမ်းလည်းဖြစ်သည့်အတွက် ရွာချင်းဆက်လမ်းလည်းဖြစ်ပြီး ရွာ (၃) ရွာကို အကျိုးပြုနေသည့်အတွက် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ညောင်ဦးမြို့နယ်တွင် ချောက်နှင့် ညောင်ဦးကိုသွားသည့် ကတ္တရာလမ်းရှိပါကြောင်း၊ ယင်းလမ်းမှ ၃ မိုင်၊ ၄ ဖာလုံဝေးသည့် ကျော်ကန်ရွာရှိပါကြောင်း၊ ဆက်၍သွားပါက တောရွာနှင့် ကန်နီပေါက်ရွာ နှစ်ရွာရှိပါကြောင်း၊ ထိုလမ်းသုံးလမ်းကိုဆက်ပါက ၄ မိုင်၊ ၄ ဖာလုံခန့်ရှိပါကြောင်း၊ မိမိတို့ ဖြည့်စွက်ရန်ပုံငွေတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးမည်ဟု ဖြေကြားထားပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း လာမည်ဘဏ္ဍာနှစ်တွင် လျာထားတင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
