(ခ)-နိုင်ငံ့ဝန်ထမ်းတစ်ဦး နာမကျန်းဖြစ်သည့် အခါ ကုန်ကျစရိတ်ကို တောင်းဆိုပိုင်ခွင့်ရှိပါသလား၊လုပ် ငန်းကြောင့်ရရှိသောရောဂါများနှင့်ပတ်သက်၍ဆေး ကုသမှုကုန်ကျစရိတ်ကို နိုင်ငံတော်ကကျခံပါသလား တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၂၀.၃.၂၀၁၄)

ဒေါက်တာအောင်သန်း (ရွှေဘို)၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့စွဲ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅) ဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေအခန်း (၄) ပုဒ်မ ၁၁ တွင် ဝန်ထမ်းအခွင့်အရေးများကို ဖော်ပြထားပြီး အပိုဒ်ခွဲငယ် (ဇ) တွင် ဆေး စစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်များ အခွင့်အရေးတစ်ရပ်အဖြစ် ပါဝင် ပါကြောင်း၊ ဖော်ပြပါအခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည် ဟုလည်း ဖော်ပြထားပြီး မည်ကဲ့သို့သော သတ်မှတ်ချက်များဖြစ် သည်ကို မသိကြသော ဝန်ထမ်းများသည် ကျန်းမာရေးဆေးစစ်ခံပိုင်ခွင့်၊ ဆေးကုသခံ ပိုင်ခွင့် များ တောင်း ဆိုနိုင်ကြခြင်းမရှိကြ၍ အခွင့်အရေးများဆုံးရှုံးရပါသည်။

(၁)     ဝန်ထမ်းတစ်ဦး နာမကျန်းဖြစ်သည့်အခါ ဆေးစစ်ခံယူရာတွင် ကုန်ကျစရိတ် ကို တောင်းဆိုပိုင်ခွင့်၊

(၂)     ကုန်ကျစရိတ်ကို တောင်းဆိုပိုင်ခွင့်ရှိပါက အစိုးရဆေးရုံ ဒါမှမဟုတ် ပုဂ္ဂလိကဆေးရုံတွင် ဆေးစစ်ခံခြင်းကို ခွင့်ပြုခြင်း ရှိ/မရှိ၊

(၃)    ဆေးကုသမှုကုန်ကျ စရိတ်ဖြစ်စေ၊ ဆေးစစ်ခံကုန်ကျစရိတ်များကို မည်သည့်ကန့်သတ်ချက် များနှင့်ခွင့်ပြုသည်၊

(၄) ဆေးစစ်ခံယူခြင်းနှင့် ဆေးကုသခံယူခြင်းကို ဝန်ထမ်းအမျိုးအစား ရာထူးအဆင့်အလိုက် ခံစားခွင့် ခွဲခြား ထားခြင်း ရှိ/မရှိတို့နှင့်

(၅) လုပ်ငန်းသဘောကြောင့် ရရှိသောရောဂါများနှင့်ပတ်သက်၍ နိုင်ငံံ့ဝန်ထမ်းသည် ဆေးကုသမှုခံယူခွင့်ရရှိပြီး ကုန်ကျစရိတ်ကို နိုင်ငံတော်မှ ကျခံပေးမည်လားဆိုသည့် မေးခွန်းများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးကျော်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးကျော်သူနိုင်ငံ့ဝန်ထမ်းဥပဒေအခန်း(၄) တာဝန်နှင့်အခွင့်အရေးများ၊ ခေါင်းစဉ်အောက်တွင် ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဇ) ၌ ဆေးစစ်ခံယူမှုနှင့် ဆေးကုသခံ ယူခွင့်ဟူ၍ ဖော်ပြပြဋ္ဌာန်းထားခြင်း အပေါ် ဝန်ထမ်းတစ်ဦး နာမကျန်းဖြစ်သည့် အခါ ဆေးစစ်ကုသခံယူရာတွင် ကုန်ကျစ ရိတ်များကို တောင်းဆိုပိုင်ခွင့်ရှိပါကြောင်း၊ ထိုကဲ့သို့ ကုန်ကျစရိတ်တောင်းခံခြင်းသည် အစိုးရဆေးရုံများတွင် ဆေးစစ်ကုသမှု ခံယူမှသာလျှင် တောင်းခံခွင့် ရှိခြင်းဖြစ်ပြီး ဆေးစစ်ခံရန် ကုန်ကျစရိတ်နှင့်ပတ်သက်ပြီး ကုသမှုပြုသော ဆေး ရုံအခ မဲ့အဖြစ် သတ်မှတ်ထားရှိချက်များနှင့် အကျုံးဝင်သော ဆေးစစ်မှုများကိုသာ ခံစားနိုင် မှာဖြစ်ပါကြောင်း၊ အကယ်၍ နာမကျန်းဖြစ်သော ဝန်ထမ်းသည် လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်သော အာမခံအလုပ်သမားဖြစ်ခဲ့လျှင် ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေ အရ အလုပ်သမား ဆေးရုံကြီးများမှ သို့မဟုတ် ပြည်သူ့ဆေးရုံကြီးများ တွင် ဆေးစစ်ကုသခံယူခွင့်လည်း ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများတွင်သာမက လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသော နိုင် ငံတော်ပိုင်နှင့်ပုဂ္ဂလိကပိုင် ဆေးရုံဆေးခန်းများတွင်လည်း စစ်ဆေးကုသမှု ခံယူခွင့်ရှိပြီး လူမှုဖူလုံရေးအဖွဲ့ အကျုံးဝင်အာမခံ ဝန်ထမ်းလုပ်သားမှ ဆေးစစ်ကုသမှုခံယူခြင်းအတွက် ကုန်ကျစရိတ်များကို လူမှုဖူလုံရေးအဖွဲ့ကပင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များပါ သတ်မှတ်ချက်အတိုင်း ကျခံပေးသွားမှာဖြစ်ပါသည်။ ပြည် ပရှိ မြန်မာသံရုံးများတွင် ကာလကြာရှည်သွားရောက်ပြီး တာဝန်ထမ်းဆောင်ရသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ ကျန်းမာရေးချို့ တဲ့မှုကြောင့် ဆေးစစ်မှုခံယူကြရာတွင် ကုန်ကျစရိတ် ကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေမှ တောင်းခံခွင့်ရှိပါကြောင်း အသိပေးလိုပါသည်။ ပြည်ပနိုင်ငံဖြစ်ခြင်းကြောင့် အစိုးရဆေးရုံ သို့မဟုတ် ပုဂ္ဂလိကဆေးရုံအတွက် ဆေးစစ်ရန် ခွဲခြားသတ်မှတ် ထားခြင်းမရှိဘဲ ဆေးစစ်ကုသမှု ကုန်ကျစရိတ်ကို တောင်းခံသည့်အခါတွင် နိုင်ငံခြားရေး ဝန်ထမ်း ဆေးဝါးကူသမှုအကျိုးခံစားခွင့်နည်းဥပဒေ (Foreign Service Medical Benefit Rules) အရ သတ်မှတ်ထားသောဆရာဝန်၏ ထောက်ခံချက်၊ မူရင်းပြေစာ၊ ဆေးအညွှန်း (Prescription) နှင့် သံရုံးအကြီးအမှူး၏ ထောက်ခံချက်လက်မှတ်များကို ပူးတွဲလျှောက် ထားရမှာဖြစ်ပါကြောင်း၊ ထို့အတူ ဝန်ထမ်းအမျိုးအစား/ ရာထူးအဆင့်အတန်း အလိုက်ခံစားခွင့်ကိုလည်း ခွဲခြားထားခြင်းမရှိဘဲ တစ်ပြေးညီအကျိုး ခံစားခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊ နောက်ဆုံးအချက်ဖြစ်သည့် လုပ်ငန်းသဘောကြောင့် ရရှိသည့်ရောဂါ (Occupational Disease) များနှင့်ပတ်သက်ပြီး ဆေးကုသမှုခံယူနိုင် ရန် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(ဆ) နှင့် နိုင်ငံ့ ဝန်ထမ်းဥပဒေပုဒ်မ ၆၁ တွင်လည်း ဝန်ထမ်းသည် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ၊ ထိခိုက်အနာတရဖြစ်သည့် အခါ တွင်ဖြစ်စေ၊ မသန်စွမ်းဖြစ်သည့် အခါတွင်ဖြစ်စေ၊ အထူးပင်စင်ခံစားခွင့်ရှိစေရမည် ဟူ၍ ပြဋ္ဌာန်းပေးထားသည့် အတွက် ဝန်ထမ်းဘဝမှ အငြိမ်းစား ယူသွားသည့်တိုင်အောင် နိုင်ငံတော်မှဆက်လက်ကြည့် ရှုစောင့်ရှောက်ပေး သွားမှာဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ထမ်းသည် လူမှုဖူလုံရေး အကျုံးဝင်အာမခံ အလုပ်သမားဖြစ်ပြီး အလုပ်ခွင် ထိခိုက်မှု အာမခံစနစ်အတွက် ထည့်ဝင်ကြေးပေးသွင်းထားသူဖြစ်ခဲ့ပါက လူမှုဖူရုံးရေးအဖွဲ့၏ စရိတ်ကျခံ မှုဖြင့် ဆေးကုသခွင့်၊ ယာယီမသန်စွမ်းမှု သို့မဟုတ် အမြဲတမ်းမသန်စွမ်းမှု ငွေကြေးအကျိုးခံစားခွင့်များ လည်းခံစား ခွင့်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။