|
အမည် |
ဦးအောင်သန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၄/မမန(နိုင်)၀၃၉၃၀၃ |
|
မွေးသက္ကရာဇ်/အသက် |
၂၀-၃-၁၉၄၉/(၆၂)နှစ် |
|
မွေးဖွားရာဇာတိ |
ရွှေဘို |
|
ပညာအရည်အချင်း |
M.B.B.S |
|
လက်ရှိအလုပ်အကိုင် |
မြတ်မွန်အထွေထွေရောဂါကုဆေးခန်း၊ အငြိမ်းစားအဖွဲ့ခေါင်းဆောင် ဆရာဝန်၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးဌာန၊ ရွှေဘို |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးပြူး၊ ၅/ရဘန (နိုင်) ၀၂၆၄၀၄၊ မှီခို |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှသိန်း (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကြည်ကြည်ဝင်း (ကွယ်လွန်) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ကိုဝင်းနိုင်၊ ၁၄/ မမန(နိုင်) ၁၄၄၂၄၂၊ ကျူရှင်ဆရာ (၂) မမေမျိုးအောင်၊ ၉/စကန(နိုင်) ၀၀၀၁၁၃၊ မှီခို (၃) မစုစုဝင်း၊ ၉/စကန(နိုင်) ၀၀၀၃၃၉၊ မှီခို (၄) မခိုင်သင်ဇာ၊ ၁၄/မမန(နိုင်) ၀၃၉၃၄၁၊နည်းပြ (ကွန်ပျူတာတက္ကသိုလ်) |
|
အမြဲတမ်းနေရပ်လိပ်စာ |
ရန်ကြီးအောင်လမ်း၊ ပျဉ်ဈေး၊ ရွှေဘိုမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရွှေဘိုမဲဆန္ဒနယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို ရွှေဘိုမြို့ အ-လ-က ဒိုင်အိုစီဇင်ကျောင်းနှင့် အ-ထ-က (၁) တွင် သင်ယူခဲ့သည်။ မန္တလေးဆေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး M.B.B.Sဘွဲ့ ရရှိခဲ့သည်။ ဝက်လက်မြို့နယ်ရှိ ရွာသာကြီးပြင်ပဆေးခန်းလုပ်ငန်းကိုလည်းကောင်း၊ ဗန်းမောက်မြို့၊ ရွှေဘိုမြို့၊ မြောင်းမြမြို့ရှိ ပြည်သူ့ဆေးရုံများတွင် လက်ထောက်ဆရာဝန်အဖြစ် လည်းကောင်း၊ မဘိမ်းမြို့နှင့် စဥ့်ကူးမြို့ရှိ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်အဖြစ်လည်းကောင်း၊ အင်္ဂပူမြို့ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဌာနမှူးအဖြစ်လည်း ကောင်း၊ ရွှေဘိုမြို့ ကျန်းမားရေးဦးစီးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသား ရောဂါတိုက်ဖျက်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ဆရာဝန်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ စဥ့်ကူးမြို့ မြို့နယ်ကြက်ခြေနီအသင်းတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စဥ့်ကူးမြို့ မိခင် နှင့်ကလေးစောင့်ရှောက် ရေးအသင်းတွင် နာယကအဖြစ်လည်းကောင်း၊ စဥ့်ကူးမြို့ ရွှေဂုံတိုင်ကျေးရွာအုပ်စု မဲဆန္ဒနယ်တွင် အချိန်ပိုင်းမြို့နယ် ပြည်သူ့ကောင်စီဝင်အဖြစ် လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီတွင် တင်းပြည့်ပါတီဝင်အဖြစ်လည်းကောင်း၊ မြောင်းမြမြို့ မြို့နယ်ကြက်ခြေနီအသင်းတွင် အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အင်္ဂပူမြို့နှင့်ရွှေဘိုမြို့ မြို့နယ်ကြက်ခြေနီအသင်းတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတွင် နာယကအဖြစ်လည်းကောင်း၊ သားဖွားခန်းတာဝန်ခံဆရာဝန်အဖြစ်လည်းကောင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ထိုင်နိုင်ငံ Workshop on communication strategies & techniques for sexual behavioral changes၊ အင်ဒိုနီးရှားနိုင်ငံ Workshop on planning for HIV/AIDS communication၊ စပိန်နိုင်ငံ Delegation for international AIDS conference နှင့် ထိုင်းနိုင်ငံ Study tour for 100% Condom Use၊ ထိုင်းနိုင်ငံ Management training on HIV/AIDS Control Programme စသည့် အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။ |
