(င)-တမူးမြို့ဘောလုံးကွင်းအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းနှင့်အားကစားအရာရှိနေအိမ်ဆောက်ရေးကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၄.၂.၂၀၁၄)

ဦးခင်မောင်ဆွေ (တမူး) တမူးမြို့နယ်သို့ အားကစားဝန်ကြီး သူရဦးအေးမြင့် ရောက်ရှိစဉ်က အားကစားကွင်းများ ကို လိုက်လံစစ်ဆေးကြည့်ရှုပြီး မြို့နယ်ပြည်သူများ၏ တင်ပြချက်အရ တမူးမြို့ ရှိဘောလုံးကွင်း၊အားကစားအရာရှိနေအိမ်နှင့်စက်ရောင်ဘီလူးခန်းမ ပျက်စီးနေခြင်း များကို တင်ပြခဲ့ရာ ဆောင်ရွက်ပေးရန်အတွက် ၂၀၁၁-၂၁၂ ဘဏ္ဍာရေးနှစ်လျာ ထားချက်တွင် ပါဝင်သော်လည်း (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲအတွက် ပယ်ဖျက်ခြင်းခံခဲ့ရပါကြောင်း၊  ၂၀၁၂-၂၀၁၃ အားကစား ဝန်ကြီးဌာန၏ ဘဏ္ဍာရေးလျာထားချက်တွင် ပါဝင်ခဲ့ပါကြောင်း၊ သို့သော်လည်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲပြီးဆုံးသည့်အချိန်ကျမှသာလျှင် စဉ်းစားပေးမည် ဟု ပြန်ကြားခဲ့သောကြောင့် ၂၀၁၁-၂၀၁၂၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် လျာထားခဲ့ပြီး အမှန်တကယ်ဆောင်ရွက်ခြင်းမရှိခဲ့ခြင်းမရှိသေးသော တမူးမြို့ ဘောလုံး ကွင်းအား သံဇကာ ကာရံခြင်း၊ ပြင်ဆီးနေပြီဖြစ်သော အားကစားခန်းမ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် အားကစား အရာရှိနေ အိမ်များ ဆောက်လုပ်ပေးရေးလုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ဆောင် ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့် မည်သို့စီမံဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး၊ ဦးသန့်ရှင်း
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် တမူးမြို့ဘောလုံးကွင်း အား အတွင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် တမူးအားကစားရုံ နှစ်ထပ်လျှာထိုး ကြမ်းခင်းခြင်း လုပ်ငန်းနှင့် အားကစားအရာရှိ နေအိမ်တည်ဆောက်ပေးရေးလုပ်ငန်းအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုအစိုးရသို့ ထည့်သွင်းလျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။