(ဂ)-သာကေတမြို့နယ်ရှိ မြင်တော်သာလမ်းအား အဆင့်မြှင့်တိုးချဲ့ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၇.၃.၂၀၁၄)

ဦးမောင်မောင်စိုး (သာကေတ)ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် သာကေတမြို့နယ်ရှိ မြင်တော် သာလမ်း၊ ဇင်္ဂမလမ်း ကွန်ရိစရိတ်လမ်း၊ ခိုင်ရွှေဝါလမ်းနှင့် သုမဏလမ်းများ ပျက်စီးနေ သည့်အတွက် အဆင့်မြင့်တိုးချဲ့ ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ၊ ဆောင်ရွက်ပေး မည်ဆိုပါက ဆောင်ရွက်ပေးမည့်ကာလကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ရာ သက်ဆိုင် ရာမှ ဇင်္ဂမလမ်းနှင့် မြင်တော်သာလမ်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှာ ပြုလုပ်ပေး မည် ဖြစ်ကြောင်း ဖြေကြားကတိပေးခဲ့ပြီး ဇင်္ဂမလမ်းကို အဆင့်မြှင့်ပြီးစီးခဲ့ပါကြောင်း။

သို့သော် မြင်တော်သာလမ်းကို ယနေ့အထိ အဆင့်မြှင့် တိုးမြှင့်ပေးခြင်း မပြုလုပ်သေး ပါကြောင်း၊ စုံစမ်းသိရှိ ချက်များအရ သုဝဏ္ဏဘောလုံးကွင်းနှင့် ဆက်သွယ်ထားသော လမ်းများကို အရေးပေါ်တိုးချဲ့ ပေးနေရ သည့်အတွက်မြင်တော်သာလမ်းပြင်ရန် ဘတ်ဂျက်ကို လွှဲပြောင်းသုံးစွဲရပြီး လမ်းကိုအဆင့်မြှင့် တိုးချဲ့ပေးနိုင်ခြင်း မရှိသေးသည်ကို လေ့လာသိရှိရ ပါကြောင်း။၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာလည်း မြင်တော်သာလမ်း အဆင့်မြှင့်တိုးချဲ့ရန် လျာထားဆောင် ရွက်ပြီး ပြုပြင်ပေးခြင်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ သာကေတမြို့နယ် မြင်တော်သာလမ်း အဆင့်မြှင့်တိုး ချဲ့ပေး ရန် ကတိပြုသည့်အတိုင်း ဆောင်ရွက်ပေးရန် ရှိ/မရှိနှင့် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး၊ ဦးအောင်သိမ်းသာကေတမြို့နယ် မြင်တော်သာ လမ်း ၁၀၃၀၀ ပေ x ၂၀ ပေအား ကတ္တရာလမ်းသားတင်ခြင်း ဆောင်ရွက်ရန် ဇင်္ဂမာလမ်း ၂၄၀၀ ပေ x ၂၀ ပေအား ကွန်ကရစ်လမ်းသားတင် ဆောင်ရွက်ရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည်‌့သွင်း လျာထားခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ဇင်္ဂမလမ်းအား ကွန်က ရစ်ဖြင့် လမ်းသားတင်ခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အခြားဆော လျင်စွာ ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများကို ပိုမိုဆောင်ရွက်ခဲ့ရသည့် အတွက် မြင်တော်သာလမ်း လမ်းသားတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပါကြောင်း။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် သာကေတ မြိ့နယ်အတွင်း ရှုခင်းသာလမ်းမကြီး ၁၁၃၀၀ ပေ x ၆၆ ပေ (သန်လျင်တံတားချဉ်းကပ်လမ်းဆုံမှ မဟာမန္ဓုလတံတားအဆင်းအထိ) ကွန်ကရစ်လမ်းသားတင်ခြင်းကို ကျပ်သိန်း ၃၃၅၃၄ သိန်း အကုန်အကျခံ၍လည်းကောင်း၊ ဇင်္ဂမလမ်း ၄၄၆၅ ပေ x ၂၂ ပေအား ကွန်ကရစ်ဖြင့် လမ်းသားတင်ခြင်းကို ကျပ်သိန်း ၂၂၀၀ သိန်းအကုန်အကျခံ၍လည်းကောင်း၊ ရပ်ကွက်အတွင်း လမ်း ၁၂ လမ်းကိုလည်း ကျပ်သိန်း ၁၉၅၉ သိန်းအကုန်အကျခံ၍လည်းကောင်း၊ စုစုပေါင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း သာကေတမြို့နယ်အတွက် ကျပ်သိန်း ၃၇၆၉၃ သိန်းအကုန်အကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း မြင်တော်သာ လမ်းထက် ပိုမိုအရေးကြီးပြီး ကုန်တင်ကားများ သွားလာသော ရှုခင်းသာလမ်းမကြီးအားအဓိက ဦးစားပေးဆောင် ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြင်တော်သာလမ်းမှာလည်း လက်ရှိနှစ်လမ်းသွား ဖြစ်သည့်အတွက် ရေရှည် အသုံးပြုနိုင်ရန်နှင့် လေးလမ်းသွားတိုးချဲ့နိုင်ရန် လမ်းပခုံးသား မြေကြီးဖို့ခြင်း လုပ်ငန်းကို ဦးစွာဆောင်ရွက်ပြီး အသားသေမှ လမ်းတိုးချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လောလောဆယ်အားဖြင့် ကတ္တရာ ကွန်ကရစ်ဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပြီးလာမည့် နှစ်များတွင်မှသာ အပိုင်းလိုက် ဘဏ္ဍာငွေ တင်ပြတောင်းခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။