ဦးမောင်မောင်စိုး(သာကေတ မဲဆန္နနယ်)

အမည်

ဦးမောင်မောင်စိုး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/သကတ (နိုင်) ၁၀၅၃၁၂

မွေးသက္ကရာဇ်/အသက်

၁၄-၈-၁၉၄၆ /(၆၅)နှစ်

မွေးဖွားရာဇာတိ

တမာတကောကျေးရွာ၊ ရန်ကုန်တိုင်းဒေသကြီး

ပညာအရည်အချင်း

B.A (Hist), Cert (Agricultural Planning & Statistics, THAI), Cert (Economic & Foreign Trade Management, SINGAPORE)

လက်ရှိအလုပ်အကိုင်

ညွှန်ကြားရေးမှူး (ငြိမ်း)၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှရီ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်ရွှေ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်နွဲ့၊ ၁၂/ကမရ(နိုင်)၀၁၂၃၅၅၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မဧရာစိုး ၊ ၁၂/သကတ(နိုင်)၀၁၂၃၇၆၊ မှီခို
(၂) မနေရာစိုး ၊ ၁၂/သကတ(နိုင်)၁၅၁၆၇၁၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၅၇)၊ မြင်တော်သာလမ်း၊ ၂/မြောက်ရပ်ကွက်၊ သာကေတမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သာကေတ (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က ရန်ကုန်တိုင်း တောင်ညွန့်ကွက်သစ် မူလတန်းကျောင်းနှင့် ကျောက်မြောင်းအစိုးရအထက် တန်းကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။ လုပ်သားများကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး B.A ( Hist )ဘွဲ့ နှင့် Cert ( Agricultural Planning& Statistics THAI ), Cert ( Economic & Foreign Trade Management , SINGAPORE) ရရှိခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံးနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနတို့တွင် တာဝန်ထမ်း ဆောင်ခဲ့သည်။

သာကေတမြို့နယ် (၂)ရပ်ကွက် မြောက်ပိုင်းတွင် လုပ်ငန်းစစ် ဥက္ကဋ္ဌ၊ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၏ အတွင်း ရေးမှူး တာဝန်များအပြင် ရပ်မိရပ်ဖအဖွဲ့၊ ရပ်ကွက်သန့်ရှင်းသာယာလှပရေးကော်မတီ၊ သရဖူ စာကြည့်တိုက်ကော်မတီနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲတို့တွင်ဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့သည်။ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် ၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်) များပေးအပ်ချီးမြှင့်ခံရသည်။