(ဂ)-မြေလွတ်၊မြေလပ်၊မြေရိုင်းတစ်နိုင်တစ်ပိုင်လုပ်ပိုင် ခွင့်ကိုမည်သည့်ပုံစံဖြင့်မည်သည့် နေရာသို့လျှောက် ထားရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၆.၁.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် လျှောက်ထားကြရာတွင် တစ်ကြိမ်လျှောက်လျှင် ၁၀ဧက အထိလျှောက်ထား ခွင့်ပေးထားပြီး ဧက ၅၀ အောက် လျှောက်ထားသော လုပ်ငန်းရှင်များ၊ ကုမ္ပဏီကြီးများနည်းတူ အချက်အလက်များအတိုင်း ဆောင်ရွက်ကြရကြောင်း၊ သက်ဆိုင်ရာမြေစာရင်းရုံးများတွင်လည်း အဆိုပါပုံစံမရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၌ သာ ပုံစံရှိသဖြင့် ကျေးလက်နေပြည်သူများ အောက်ခြေတွင် ခက်ခဲနေရ ပါကြောင်း၊ ကျေးရွာအသီးသီးရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများတွင် ပြည်သူများ၏ တင်ပြချက်အရ ၎င်းတို့ အမှန်တကယ် လျှောက်ထားကြသည့် တစ်နိုင်တစ်ပိုင်ဧကများမှာ (၁)ဧကမှ (၅)ဧကအထိသာဖြစ်ကြောင်းတွေ့ ရှိရပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အမှန်တကယ်အထောက် အကူဖြစ်စေရန်အတွက် မြေယာမဲ့ဖြစ်နေသော ကျေးလက်နေပြည်သူများ၏ ခံစားခွင့်ကိုမြေလွတ်၊ မြေလပ် တစ်နိုင်တစ်ပိုင် လျှောက်ထားခွင့်များ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျေးလက်နေပြည်သူများ ၁၀ ဧကအောက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း တစ်နိုင်တစ်ပိုင်လျှောက်ခွင့်ကို မည်သည့်ပုံစံ၊ မည်သည့်နေရာများသို့ လျှောက်ထားရမည်နှင့် လက်ရှိပုံစံတွင် စည်းကမ်းချက်များဖြစ်သည့် ဆောင်ရွက်ရမည့် စီမံကိန်းလျာထားချက်နှင့် ရင်းနှီးမြုပ်နှံငွေ လုံလောက်စွာ ဘဏ်စုဆောင်းငွေရှိကြောင်း၊ ၎င်းတင်ပြချက်များသည် ကျေးလက်နေမရှိ ဆင်းရဲသားပြည်သူများအနေဖြင့် မဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်ပါသဖြင့် စည်းကမ်းချက်များ လျှော့ပေါ့၍ သီးခြားပုံစံ၊ သီးခြားလုပ်ထုံးလုပ်နည်းများဖြင့် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ
ဖြေကြားချက် 

၂၀၁၄-၁၅ ခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ ထုတ်ချေးရာတွင် ပဲခူးတိုင်းဒေသကြီး တစ်ခုတည်းသာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအမံနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းရယူ၍ ထုတ်ချေးပေးခဲ့သော်လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနကသော်လည်းကောင်း၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့်သော်လည်းကောင်း (ပုံစံ-၇) မူရင်းရယူ၍ ချေးငွေထုတ်ချေးပေးရမည်ဟုညွှန်ကြား ထားခြင်းမရှိပါ၍ ပဲခူးတိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မိတ္တူဖြင့် သာ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရပါတယ်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မရရှိသေးဘဲ လယ်ယာလုပ်ငန်းကို အမှန်တကယ်လုပ်ကိုင် လျက်ရှိသည့် တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေများကို သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ကြောင်း စိစစ်ထောက်ခံချက်ဖြင့် ထုတ်ချေးပေး လျက်ရှိကြောင်း ဖြေကြားအပ်ပါသည်။

 မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ သစ်တောမြေများနှင့် စားကျက်မြေများမှာ လယ်ယာစိုက်ပျိုး လျက်ရှိတဲ့ တောင်သူများကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ ထောက်ခံချက်၊ ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေစိစစ်ရေး အဖွဲ၏ စိစစ်ထောက်ခံချက်၊ သက်ဆိုင်ရာဌာန၏ စိုက်ပျိုးခွင့်ပြုကြောင်း ထောက်ခံချက်များနှင့် ထုတ်ချေးပေးလျက် ရှိကြောင်းကို ဖြေကြားအပ်ပါသည်။          စတုတ္ထမေးခွန်းဖြစ်တဲ့ တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)အား ဘဏ်တစ်ခုခုတွင် ပေါင်နှံခွင့် ရရှိရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များသို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းကို ဖြေကြားအပ်ပါသည်။

ပဉ္စမမေးခွန်းဖြစ်တဲ့ စိုက်ပျိုးစရိတ် ချေးငွေများကို နှစ်လတ်နှင်‌့နှစ်ရှည်ချေးပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် ပတ်သက် ၍ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၂) ဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၅)နဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေအရ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် လုပ်ငန်းအဖွဲ့များကိုဦးဆောင်အဖွဲ့၏ အမိန့်ကြောငြာ စာအမှတ် (၇/၂၀၁၅)အရ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည့်အတွက် အတည် ပြုပြဋ္ဌာန်းပြီးသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။

သနပ်ပင်မဲဆန္ဒနယ်၊ ဦးမြင့်ဦးမှ တစ်ဆက်တစ်စပ် တည်းမေးခွန်း မေးမြန်းရာတွင်

လယ်ယာမြေဥပဒေပုဒ်မ ၉ ပုဒ်မခွဲ(ခ)မှာ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်ရှိသည်ဟု ပေးထားပါသည်။ နည်းဥပဒေ အပိုဒ် ၄၈ နည်းဥပဒေခွဲ(ခ)တွင် အစိုးရဘဏ် သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက သတ်မှတ်သည့် ဘဏ်တစ်ခုခု၌သာလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် မူရင်းကို ပေးအပ်ပေါင်နှံရမည်ဟု ရေးထားပါသည်။ အခု စိုက်ပျိုးစရိတ်ချေးငွေမှာ သိမ်းထားသည့်အခါတွင် ကျွန်တော်တို့က ပေါင်နှံလို့၊ ရောင်းချလို့၊ ပေးကမ်းလို့မရပါဘူး။ ဒါကြောင့်မို့လို့ ဥပဒေအရ မညီပါဘူး။ ဒီကိစ္စကိုလည်း ပြန်ပြီးတော့ ပေးစေချင်ပါသည်။ ကိုယ့်ဟာကို မိတ္တူနဲ့ပဲ ကျွန်တော်တို့က ထုတ်ချေးပေးဖို့ ထပ်၍ တင်ပြအပ်ပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊    ဒုတိယဝန်ကြီးဦးအုန်းသန်း

နောက်ဆုံးအတည်ပြုပြဋ္ဌာန်းခဲ့တဲ့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမှာလည်းပဲတောင်သူ လယ်သမားများ၏ အရေးကြီးသည့် ချေးငွေနှင့်အကူအညီပေးရေး အခန်းကဏ္ဍတွင် အသေးစိတ်ချေးငွေနဲ့ပတ်သက်၍ ပါဝင်ပြီး ဖြစ်ပါသည်။ ပေါင်နှံဖို့ကိစ္စတွေကိုလည်း သက်ဆိုင်ရာ လယ်ယာမြေ ဥပဒေတွင်ပါဝင်ပြီးဖြစ်သည့်အတွက် ဒီဥပဒေအရ ပြဋ္ဌာန်း ထားတဲ့လုပ်ငန်းအဖွဲ့များဟာ အဓိကတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်များကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်နဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ နောင်အခါတွင် ပေါင်နှံခြင်း ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဦးဆောင်အဖွဲ့မှ အဖွဲ့ဝင် ဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ၍ ယင်းကိစ္စများကို ပေါင်နှံခွင့်ရရှိရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တောင်သူ လယ်သမားများ အတွက် ချေးငွေမဲ့ပေါင်နှံနိုင်ဖို့ရန် အများပိုင် ဘဏ်တစ်ခုခုကို ထူထောင်၍ ဒီကိစ္စကို ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ကလည်းလာမည့် ၂၀၁၅-၁၆ ခုနှစ် အတွက် တောင်သူလယ်သမားများ၊ လယ်ယာမြေများကို ပေါင်နှံဖို့ရန် အများပိုင်ဘဏ်တစ်ခု ထူထောင်နိုင်ရေးကို စီစဉ်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။