ရန်ကုန် -နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ပြီး နောက် ပိုင်း ပြည်သူများအနေဖြင့် လမ်းပမ်းဆက်သွယ်ရေး ပိုမိုချောမွေ့လာသည့်အတွက် ဤလမ်းမကြီးမှာ အလွန်အရေးပါသော လမ်းမကြီးဖြစ်ပါကြောင်း၊ သို့သော်လည်း မကြာခဏ ဆိုသလိုယဉ်မတော်တဆဖြစ်မှုများ၊ ယာဉ်စက်ချို့ယွင်းမှုများ၊ ဖြစ်ပြီး ထိုကဲ့ သို့ ဖြစ်လာပါက လက်ကိုင်ဖုန်းများကိုသာ အားကိုးပြီး အရေးပေါ်လိုအပ်သလို ဆက် သွယ် ဆောင်ရွက်နေကြရပါကြောင်း၊ သို့သော် ယင်းလမ်းမပေါ်ရှိ မိုင်တိုင် ၃၀ နှင့် မိုင်တိုင် ၉၀ ကြားတွင် တချို့လက်ကိုင်ဖုန်း အမျိုးအစားများမှာ လိုင်းမမိခြင်း၊ ခေါ်ဆို ၍မရခြင်းများ ဖြစ်နေသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ အထူးသဖြင့် ညဘက်အချိန်တွင် ပိုပြီးဒုက္ခတွေ့ကြရပါကြောင်း။
သို့ဖြစ်ပါ၍ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် မည်သည့်နေရာတွင်မဆို လက်ကိုင် ဖုန်းများအားလုံး ဆက်သွယ်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ နှင့်မည်သည့် အချိန်တွင် ဆောင် ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
[ဦးသာဝင်း (ရန်ကင်းမဲဆန္ဒနယ်) ကိုယ်စား ဦးမောင်မောင်စိုး (သာကေတမဲဆန္ဒနယ်) မှ မေးမြန်းသည်။]
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် တယ်လီဖုန်း သိပ်သည်းဆတိုးတက်မြင့်မားလာစေရန်၊ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို နှစ်စဉ် စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန် -နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် ခရီးသွားပြည်သူများနှင့် ၎င်းလမ်းမကြီး ဘေးဝဲယာတွင် နေထိုင်ကြသော ပြည်သူများ မိုဘိုင်းတယ်လီဖုန်းများ အဆင်ပြေချောမွေ့စွာဆက်သွယ် အသုံးပြုနိုင်ရန်အတွက် GSM/ UMTS ရေဒီယို စခန်း ၃၁ ခုနှင့် CDMA-450 ရေဒီယိုစခန်း လေးခုကို မိုင်တိုင်အမှတ် (၂၀)၊ မိုင်တိုင်အမှတ် (၂၃၅)၊ မိုင်တိုင်အမှတ် (၂၅၆) နှင့် မိုင်တိုင်အမှတ် (၂၈၄)တို့တွင် တည်ဆောက်တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါနေရာများတွင်လည်း ဆက်သွယ်မှု အဆင်ပြေလျက် ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း။ သို့သော် CDMA-450 တယ်လီဖုန်းများမှာ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘက်ပိုင်းတွင် တည်ဆောက်တပ်ဆင်ပေးထားသော CDMA-450 ရေဒီယိုစခန်းများနှင့် ချိတ်ဆက်အသုံးပြု ရခြင်းဖြစ်သည့်အတွက် တချို့နေရာများတွင် CDMA-450 များဖြင့်ခေါ်ဆိုရခက်ခဲသည်ကို စိစစ်တွေ့ရှိရပါကြောင်း။ သို့သော်မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းအနေဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် GSM နည်းတူ CDMA-450 ရေဒီယိုစခန်းများကို တိုးချဲ့တပ်ဆင်ပေးရန် တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ကြောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက် မိုဘိုင်းတယ်လီဖုန်းများ အားလုံးကောင်းမွန်စွာ ဆက်သွယ် ပြောဆိုနိုင်ရေးအတွက် နည်းပညာရေးဆိုင်ရာ ပံ့ပိုးဖြည့်ဆည်းမှုများကိုလည်း အဆင့်လိုက်စီစဉ်ဆောင် ရွက်ပေးသွားမှာ ဖြစ်သည့်နည်းတူ ထပ်မံပြီးလိုအပ်ချက်မျာကိုလည်း ဖြည့်တင်းသွားရန် ဆောင်ရွက်ထားရှိ ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
