(က)-ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင်ကျောက် မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှထုတ်လွှတ် အခိုးအငွေ့များ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ များနှင့်ပတ်သက်သည့်ရေအရည်အသွေးနှင့်ရေဇီဝ ဝန်းကျင်တို့၏စံချိန်စံညွှန်းများ၊သတ်မှတ်ချက်များနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၂၆.၃.၂၀၁၄)

ဦးကြည်သာ (ဂွ)၁၇-၁၂-၂၀၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အကြီးအကဲ များကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်နိုင်ရန် အရပ်ဖက်လူ့အဖွဲ့အစည်းမှ ပန်ကြားသည့် သန့်ရှင်းသောမြေ ပြည်သူ့ပန်ကြားလွှာ အစီရင်ခံစာတွင် မိမိတို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ၁၄ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ ၂ ဦး၊ ရန်ကုန် တိုင်းဒေ သကြီးလွှတ်တော်မှ ၃ ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးနှင့်  ပါတီဝင်များ ၁၄ ဦး၊ အရပ်သား ၁၄၆၁ ဦး မှ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး သန့်ရှင်းသောလေ ရရှိရေးဟုဆို၍ စိမ်းလန်းအမိမြေအဖွဲ့က ဦးဆောင်နေခြင်းဖြစ် ပါကြောင်း၊ 

ကောင်း မွန်သောစိတ်စေတနာဖြင့် သန့်ရှင်းသောလေ ရရှိရေးအတွက် လွှတ်တော်ကိုယ်စားလှယ် များအပါအဝင် ကန့်ကွတ်ကြခြင်းများ ရှိနေသကဲ့သို့ ယနေ့နိုင်ငံတော်တွင် လျှပ်စစ်မီးမလုံလောက်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေ ရာတွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်မည့် လုပ်ငန်းများရှိနေသည့်အတွက်  မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

သန့်ရှင်းသောလေ ရရှိရန် စီးပွားရေးအရကုန်ကျမှု၊ နည်းပညာပိုင်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း၊ နိုင်ငံရေးဆိုင်ရာ လက်ခံနိုင်စွမ်း စသည့်အချက်များပေါ်တွင် မူတည်ပြီး ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊

အမေရိကန်နိုင်ငံ တွင် သန့်ရှင်းသောလေရရရန်အတွက် ဖြစ်မြောက်နိုင်သော ထိန်းချုပ်မှုနည်းပညာ၊ အကောင်းဆုံးဖြစ်မြောက်နိုင်ဖွယ် ထိန်းချုပ်မှုနည်းပညာနှင့် အနိမ့်ဆုံးဖြစ်မြောက်နိုင်သော လွင့်ထုတ်မှုနည်းပညာဟူ၍ အဆင့်များခွဲခြားကာ သန့်ရှင်းသောလေရရှိရေးဥပဒေ Clean Air Act ကိုဆောင်ရွက်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နယ်မြေ အပိုင်းအခြား Class (၃)ခု ခွဲထားပါကြောင်း၊ Class 1 သည် နိုင်ငံတကာဥယျာဉ်  International Park  Class နှင့် အမျိုးသားသဘာဝထိန်းသိမ်းရေးဧရိယာ ဧက (၅၀၀၀) ထက်ပိုသော အမျိုးသားအထိန်းအမှတ်နေရာ၊ ဧက (၆၀၀၀) ထက်ပိုသော အမျိုးသားဥယျာဉ်၊ Class 2 သည် ကျေးလက်ဒေသလေသန့်ရှင်းမှုနှင့်  Class 3 သည် မြို့ပြဒေသ အာဗန်ဧရိယာဟူ၍ ခွဲခြားထားပါကြောင်း၊

သန့်ရှင်းသောလေရရှိရန် ဥပဒေနှင့်ပြဋ္ဌာန်းမည်ဆိုပါက ချင်းပြည်နယ်၊ ကန်ပက်လက်ရှိ နတ်ပတ်တောင် လေအရည်အသွေးနှင့် နေပြည်တော်၏လေအရည်အသွေး မတူ ညီခြင်း၊ နေပြည်တော်၏ လေအရည်အသွေးနှင့် ရန်ကုန်မြို့၏ လေအရည်အသွေးမ တူညီခြင်းများကဲ့သို့ နေရာဒေ သကိုကြည့်ပီး လေ၏အရည်အသွေးများကို ဥပဒေနှင့် ပြုစုခြင်း၊ ယင်းဥပဒေအရလိုက်နာနိုင်သော ကျောက်မီးသွေး စက်ရုံကို ခွင့်ပြုမည်နှင့် မလိုက်နာနိုင်ပါက ခွင့်မပြု ဆိုသည့် ရည်ရွယ်ချက်မျိုးဖြင့် ဆောင်ရွက်သွားမှသာ သန့်ရှင်းသောလေကို ရရှိမည့်အပြင် နိုင်ငံတော်ကလိုအပ်သော လျှပ်စစ်ကိုလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဲ

၃၀-၃-၂၀၁၂ ရက်နေ့က မိမိတို့အတည်ပြုခဲ့သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေသည် ပြဋ္ဌာန်းထားသည်မှာ (၁) နှစ်ရှိပြီး ယနေ့အချိန်ထိ နည်းဥပဒေများကို ဆက်လက်ဖော်ပြခြင်းမရှိပါကြောင်း၊ ယင်းဥပဒေ အခန်း(၆)၊ ပုဒ်မ (၁၀)၊ (ဃ) တွင် လေထုအရည်အသွေး စံချိန်စံညွှန်းများကို ဖော်ပြရမည်ဖြစ်ပြီး ပုဒ်မ (၁၀) တွင် လွှင့်ထုတ်ပြုခွင့်ပေး Absorb Gas များ၏ စံချိန်စံညွှန်းများကို ဖော်ပြရမည်ဆိုသော်လည်း ယနေ့အထိ ဖော်ပြနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့အတူ မိမိသည် ဥက္ကဋ္ဌကြီးနှင့်အတူ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံများကို ချစ်ကြည်ရေးခရီစဉ် လိုက်ခဲ့စဉ် က  ကျောက်မီးသွေးစက်ရုံ (၃) ရုံကိုသွားရောက်လေ့လာခဲ့ရာ ထိုင်းနိုင်ငံတွင် Emation Status ဆိုသည့် အချက် (၃)ချက်ကို နိုင်ငံတော်က  ဥပဒေပြဋ္ဌာန်းထားပါကြောင်း၊

ပထမတစ်ချက်သည် လေထုထဲတွင် အမှုန်အမွှား မည်မျှရှိရမည်ဆိုသည့်အချက်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံဥပဒေအရ လေထု ၁ ကုဗမီတာတွင် အမှုန် ၁၂၀ မီလီဂရမ်အထက် မပိုရဟူ၍ ဥပဒေပြဋ္ဌာန်းထားရာ ထိုင်းနိုင်ငံက BLC ဆေးရုံသည် ၁ ကုဗမီတာတွင် ၄၃ မီလီဂရမ်သာရှိပြီး ဂျပန်နိုင်ငံတွင် မိမိတို့ နောက်ဆုံးကြည့်ခဲ့သည့်စက်ရုံသည် ၅ မီလီဂရမ်သာရှိပါကြောင်း၊  ထို့အတူ Outside of Sulphur ဆိုတာကို 320 ppm ဆိုသည်မှာ ကျောက်မီးသွေးစက်ရုံ တစ်ခုမှ ထုတ်လုပ်သော အမှုန်ကို ဓာတ်ခွဲကြည့်လျှင် အမှုန်ပေါင်း (၁) သန်းတွင် ဆာဖာအမှုန်လေး ၃၃၂ သာလျှင် ပြမည်ဟု သတ်မှတ်ထားပါကြောင်း၊ မိမိတို့ သွားရောက်ကြည်ရှုခဲ့သည် ထိုင်းနိုင်ငံမှ စက်ရုံသည် ၁၂၄ သာရှိပြီး ဂျပန်နိုင်ငံသည်  ၁၀ ရှိပါကြောင်း၊ ထို့အတူ Outside Nitrogen ဆိုသည့် အင်နိုတူးသည် 350 ppm ထက် မများစေရဟု  ဥပဒေတွင်ပြဋ္ဌာန်းသော်လည်း ထိုင်းနိုင်ငံတွင် ၂၄၄၊ ဂျပန်တွင် ၁၃ သာရှိပါကြောင်း၊ ကောင်းသောလေ ထုကိုလိုချင်လျှင် cost လိုပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်ရုံ များမှ လေထုသို့ စွန့်ထုတ်မည့် ထုတ်လွှတ် အခိုးအငွေ့စံချိန်စံညွှန်းများ သတ်မှတ်ချက်နှင့် ရေအားလျှပ်စစ်ဓာတ် အားပေး စက်ရုံများနှင့် ပတ်သက်သည့် ရေအရည်အသွေး (Water Quality)နှင့် ရေဇီဝဝန်းကျင် (aquatic ecology) စံချိန်စံညွှန်းများ၊ သတ်မှတ်ချက်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမော်သာထွေး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမော်သာထွေးလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ပြည့် မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို နိုင် ငံတော်အနှံ့အပြားတွင် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ လျှပ်စစ်စီမံကိန်းများ၏ သဘောသဘာဝအရ စီမံကိန်းပမာဏ ကြီးမားသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ပတ်ဝန်းကျင်များကို အနည်းနှင့်အများ ထိခိုက်မှုရှိနိုင်ပါကြောင်း၊ သို့ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်စီမံကိန်းများအကောင် အထည်ဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေရေး အလေး ထား ဆောင်ရွက်လျက်ရှိပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို အကောင်အထည်ဖေါ်ပြီးဖြစ်သော်လည်း လုပ်ထုံးလုပ်နည်း နည်းဥပဒေများ ကျန်ရှိနေပါကြောင်း၊ ကျန်ရှိနေသေးသော နည်းဥပဒေများ ရေးဆွဲနေစဉ်ကာလမှာ မိမိတို့အနေဖြင့် တစ်ချို့သောလျှပ်စစ်စီမံကိန်းများကို မလုပ်မဖြစ် လုပ်ရမည့် တာဝန်များ ရှိနေသည့် အတွက် ၂၀၀၈ ခုနှစ်တွင် ကမ္ဘာဘဏ်က သတ်မှတ်ထားသော စံချိန်စံညွှန်းများဖြင့် ဆောင်ရွက်နေပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း အမှုံအမွား၊ ဆာလဖာအောက်ဆိုဒ်၊ နိုက်ထရိုဂျင် အောက်ဆိုဒ် သုံးမျိုးရှိရာ လေထုညစ်ညမ်းသော အဆင့် မသတ်မှတ်သောနေရာမှာ တစ်နေရာနှင့် တစ်နေရာ မတူ ပါကြောင်း၊ လေထုညစ်ညမ်းမှု သတ်မှတ်သော နေရာတွင် အဆင့် နှစ်မျိုးရှိပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာဘဏ် က သတ်မှတ်ထားသော ကိန်းဂဏန်းအရ မီလီ စက္ကန့် ၃၀ သတ်မှတ်ပြီး ယင်းနှုန်းထက် ကျော်လွန်ပါက လက်မခံ ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်တင်ပြသော ၁၂၀ အောက်တွင် အများကြီး ရှိပါကြောင်း၊

လေထုညစ်ညမ်းမှုတွင် ဆာလဖါ အောက်ဆိုဒ်သည် part per million 70 သာပြထားသဖြင့် ကိုယ်စားလှယ် တင်ပြချက်ထက် ပိုမို နိမ့်ကျပါကြောင်း၊ နိုက်ထရိုဂျင်အောက်ဆိုဒ် သည်လည်း တင်ပြထားသည်ထက် ပိုမို နိမ့်ကျသော part per million 97 အောက်တွင် ဆောက်ရွက်သွားမည့် သဘောတူညီချက်ဖြင့် ဒီစက်ရုံများကို အကောင်အထည်ဖေါ် ခွင့်ပြုနေခြင်း ဖြစ်ပါကြောင်း။

ကမ္ဘာ့ဘဏ်နှင့် နိုင်ငံအချို့၏ ထုတ်လွှတ်အခိုးအငွေ့ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း-

20180423

 

 

 

 

နိုင်ငံတစ်နိုင်ငံ၏ စံသတ်မှတ်ချက်သည် သူ့နိုင်ငံ၏ ဖြတ်သန်းလာသည့် အတွေ့အကြုံ၊ ငွေကြေးတတ်နိုင်မှု၊ နည်းပညာမြင့်မားမှု အပေါ်တွင်များစွာ မူတည်ပါကြောင်း၊ အဓိကအချက်မှာ နည်းနည်း ပညာနှင့် ငွေကြေးကောင်းကောင်း သုံးနိုင်ရန်လိုပါကြောင်း။

မိမိတို့အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်းဥပဒေ မပေါ်သေးသည့်အတွက် တာဝန်ရှိသည့်  ဆာင်ရွက်နေသည်များကို လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့်တစ်ပြည်လုံးကို သိရှိနိုင်စေရန်အတွက် တပါ တည်း တင်ပြခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။