စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာများသည် ကျေးရွာမြို့ဆက် ဖွံ့ဖြိုးရေးလမ်းများကို ကိုယ်ထူကိုယ်ထ စနစ်နှင့် မြေသား လမ်းများကို ငွေကြေးနှင့် လုပ်အား ပါဝင်လှူဒါန်းလျက် မိမိတို့၏ နီးစပ်ရာ ယင်းမာပင် ကပိုင်လမ်းကိုလည်းကောင်း၊ တချို့ကရာကြီးကလေးဝလမ်းကိုလည်းကောင်း ဆက် သွယ်ဆောက်လုပ်ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါကြောင်း၊ ဖောက်လုပ်ပြီး မြေသားလမ်းများ သည် မိုးတွင်း ကာလတွင် လုံးဝဝင်ထွက်သွား မရသဖြင့် ရာသီမရွေးသွားလာနိုင်ရေး အတွက် ဂျင်းကျောက် ခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှကူညီပံ့ပိုးဆောင်ရွက်ပေး ပါရန် ေတောင်းဆိုလျက်ရှိကြပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းမာပင်မြို့နယ် အတွင်း ကိုယ်ထူကိုယ်ထငွေကြေးနှင့် လုပ်ငန်း ထည့်ဝင်ဖောက် လုပ်ပြီးဖြစ်သော မြေသား လမ်း များဖြစ်သော (က) ဝါးရုံမှ ဆင်စွယ်လမ်း ၂ မိုင်(ခ) ဆင်တဲမှ ရင်ပေါင်တိုင်လမ်း ၂ မိုင်(ဂ) ပန်းမထုံးမှ အင်တောလမ်း၃ မိုင် (ဃ) မောက်လုပ်မှ အင်တောလမ်း၂ မိုင်ခွဲ(င) ပေါက်တိုက်မှ ကွင်းစပ်လမ်း ၄ မိုင် (စ)ဝင်းကုန်းမှ ယာကြီး ကလေးဝ လမ်း ၁ မိုင်ခွဲ(ဆ)စီလှောင်မှ သကြားစက်ယာ ကြီးကလေးဝလမ်း ၆ မိုင်တို့ကို ရာသီမရွေး သွားလာ ကူးသန်းနိုင်ရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေခွင့်ပြုချ ထားပေးပြီး ဂျင်းကျောက်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဝါးရုံမှ ဆင်ဆွယ် လမ်း အရှည် ၂ မိုင်၊ ဆင်တဲမှ ရင်ပေါင်တိုင်လမ်းအရှည် ၂ မိုင်၊ ပန်းမထုံးမှ အင်တောလမ်းအရှည် ၃ မိုင်၊ မောက်လုပ်မှ အင်တောလမ်းအရှည် ၂ မိုင် ၄ ဖာလုံ၊ ပေါက်တိုက်မှ ကွင်းစပ် လမ်းအရှည် ၄ မိုင်၊ ဝင်းကုန်းမှ ယာကြီး-ကလေးဝလမ်းအရှည် ၁ မိုင် ၄ ဖာလုံ၊ စီလှောင်မှသကြားစက်-ယာကြီး- ကလေးဝလမ်းအရှည် ၆ မိုင်၊ စုစုပေါင်း လမ်းအရှည် ၂၁ မိုင် ဖြစ်ပြီး လက်ရှိအခြေအနေမှာ တစ်ကြောင်းထိုးမြေသား လမ်းများ ဖြစ်သည့် အတွက် ရာသီမရွေးသွားလာနိုင်သော ဂျင်း ကျောက်ခင်းရန်အတွက် ကုန်ကျငွေကျပ် ၂၄၇.၈ သန်း ဖြစ်ပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၁၀၅၇၂.၂၇၂ သန်းဖြင့် ကတ္တရာလမ်း ၁၅ မိုင် ၇ ဖာလုံ၊ ကျောက်ချောလမ်း ၁၅၇ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၁၅၅ မိုင် ၁ ဖာလုံ၊ သစ်သားတံတား ၅၂၃၅ ပေ၊ ရေကျော် ၁၈၄၅ ပေ နှင့် ရေပြွန် ၇၁၀ ပေတို့ကို လျာထားခွင့်ပြုပြီးဖြစ်ပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၁၇၄.၅၀ သန်းဖြင့် ယင်းမာပင်-ကပိုင်လမ်း ကျောက်လမ်း ၅ မိုင်၊ အလောင်းတော်ကဿဖလမ်းနှင့် ကပိုင်-သပိတ်ဆေးစခန်းကြား လမ်းများ ပေါ်တွင် ရေပြွန် ၅၅ ပေ ဆောင် ရွက်ခြင်းတို့ကို လျာထားခွင့်ပြုပြီး ဖြစ်ပါကြောင်း၊
ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း ခုနစ် လမ်း၊ ၂၁ မိုင်ကို စစ်ကိုင်း တိုင်းဒေ သကြီး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်ဖွံ့ဖြိုးမှု အထောက် အကူပြုအဖွဲ့တို့ ပူးပေါင်း ကွင်းဆင်း စစ်ဆေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် တင်ပြတောင်းခံသွားရန်နှင့် ဆက်လက် တင်ပြလာ ပါက ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွား မည်ဖြစ် ပါကြောင်းနှင့် မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ကိုယ်စား လှယ်တော်ကြီး တင်ပြသော လုပ်ငန်းအားလုံးအတွက် ဘဏ္ဍာငွေလျာထား ရေးဆွဲထားခြင်း မရှိသေး ပါကြောင်းပြန် လည် ဖြေကြားပါသည်။
