ဦးသောင်းဟန်( ယင်းမာပင် မဲဆန္ဒနယ်)

အမည်

ဦးသောင်းဟန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ယမပ(နိုင်)၀၁၈၀၃၈

မွေးသက္ကရာဇ်/အသက်

၁၄-၁၀-၁၉၄၉/(၆၁)နှစ်

မွေးဖွားရာဇာတိ

ရေစကြိုမြို့၊ မကွေးတိုင်း

ပညာအရည်အချင်း

B.A (Hist:), Dip:Agri:

လက်ရှိအလုပ်အကိုင်

လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) စက်မှုလယ်ယာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘမြိုင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးမူ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းဝင်း၊ ၅/ယမပ(နိုင်)၀၀၅၃၀၀၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာသဲမွန်ဟန်၊ ၅/ယမပ(နိုင်)၀၂၇၂၁၇၊ လက်ထောက်ဆရာဝန်၊ မန္တလေးပြည်သူ့ဆေးရုံကြီး

(၂) ဒေါက်တာထက်ခိုင်၊ ၅/ယမပ(နိုင်)၀၃၄၂၄၄၊ တွဲဖက်ပါမောက္ခ၊ ဝန်ကြီးရုံး၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နေပြည်တော်

(၃) ဒေါက်တာဇင်မာဟန်, ၅/ယမပ(နိုင်)၀၅၀၆၇၉၊ လက်ထောက်ဆရာဝန်၊ ပြည်သူ့ဆေးရုံ၊ ယင်းမာပင်မြို့နယ်

(၄) ဒေါ်အေးမွန်ဟန်၊ ၅/ယမပ(နိုင်)၀၅၀၅၆၉၊ နည်းပြ၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)

အမြဲတမ်းနေရပ်လိပ်စာ

(ဂ)တိုးချဲ့ရပ်ကွက်၊ ယင်းမာပင်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ယင်းမာပင်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို ရေစကြိုမြို့ မြို့မရပ်ကွက်တွင် သင်ယူခဲ့သည်။ ပခုက္ကူမြို့ လူငယ်ရေးရာ ညကျောင်းတွင်လည်းကောင်း၊ သထုံမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင်လည်းကောင်း၊ မန္တလေးတက္ကသိုလ်၌ စားပေးစာယူသင်တန်းကိုလည်းကောင်း တက်ရောက်ခဲ့သည်။ B.A (Hist:), Dip: (Agri:)ရရှိခဲ့သည်။

  ပခုက္ကူမြို့၊ ပ-က-ရ-ဖ၊ ဇုံအမှတ် (၄၀)တွင် အငယ်တန်းစာရေးအဖြစ်လည်းကောင်း၊ ပုလဲမြို့ရှိ မြေကျေးရှင်း/လယ်စိုက်ရှင်းတွင် အငယ်တန်းအလုပ်သင်အရာရှိအဖြစ်လည်းကောင်း၊ ယင်းမာပင်မြို့ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်းတွင် အုပ်စုမန်နေဂျာအဖြစ်လည်းကောင်း၊ ယင်းမာပင်မြို့ ဝက်လက်မြို့နှင့် ချောင်းဦးမြို့ရှိ စက်မှုလယ်ယာဦးစီးဌာနတွင် ဒုမြို့နယ်ဦးစီးမှူးအဖြစ်လည်းကောင်း၊ ဦးစီးအရာရှိအဖြစ် လည်းကောင်း၊ ဗန်မော်မြို့နှင့် မုံရွာမြို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ မိတ္ထီလာမြို့စက်မှု လယ်ယာဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဒုတိယကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း မုံရွာမြို့ခရိုင်စက်မှုလယ်ယာဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ပြီး ၂၀၁၀ပြည်နှစ်တွင် အငြိမ်းစားယူခဲ့သည်။

 ယင်းမာပင်မြို့နယ် အလုပ်သမားအစည်းအရုံးကော်မတီဝင်နှင့် မြို့နယ်ပြည်သူ့ကောင်စီဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မုံရွာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ ဝန်ထမ်းပေါင်းစုံ သက်သာချောင်ချိရေးအဖွဲ့နှင့် ငွေစုငွေချေး သမဝါယမအသင်းတွင် အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ မြို့နယ်ဆေးပဒေသာပင်တိုးပွားရေးကော်မတီ၊ မြို့နယ်ဘောလုံးဆပ်ကော်မတီတို့တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် နာဂစ်မုန်တိုင်းသင့်ဒေသ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဒေးဒရဲမြို့နယ် အဖွဲ့ခေါင်းဆောင် (စက်မှုလယ်ယာဦးစီးဌာန) အဖြစ်လည်းကောင်း ဆောက်ရွက်ခဲ့သည်။

  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးတံဆိပ်ရရှိခဲ့သည်။ လှည်းကူးမြို့ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ဇေယျ (၄၆)၊ ပြည်သူ့ရေးရာဝန်ထမ်းလောင်းသင်တန်း၊ မင်္ဂလာဒုံမြို့နယ် ဗဟိုနိုင်ငံရေး တက္ကသိုလ်တွင် အမှတ် (၄၆) အခြေခံနိုင်ငံရေးသင်တန်း၊ စစ်ကိုင်းမြို့ တပ်မ (၃၃)တွင် အခြေခံအလုပ်သမားရေးရာသင်တန်း၊ မင်္ဂလာဒုံမြို့နယ် ဗဟိုနိုင်ငံရေးတက္ကသိုလ်တွင် အလုပ်သမားရေးရာစီမံခန့်ခွဲမှုသင်တန်းကိုလည်းကောင်း၊ မိတ္ထီလာမြို့ စက်မှုလယ်ယာလေ့ကျင့်ရေးး သင်တန်းကျောင်း လူ့စွမ်းအားအရင်းအမြစ်သင်တန်း (H.R.D.C) ကိုလည်းကောင်းတက်ရောက်ခဲ့သည်။