(ဇ)-အဆင့်တိုးမြှင့်ပေးထားသော စာသင်ကျောင်းများ စာသင်နှစ် အမီ ဖွင့်လှစ်ပြီး ဆရာ၊ ဆရာမများ ခန့်ထားပေးရန် နှင့် ထပ်မံ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂.၇.၂၀၁၃)

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မြောင်မြို့နယ်ရှိ မင်းတန်းအလယ်တန်းကျောင်းကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးခဲ့ပြီး မြစ်သာ တွဲဖက်အထက်တန်းကျောင်းကို အထက်တန်း ကျောင်းခွဲအဖြစ်၊ ပန်းညို မူလွန် ယခင်တွဲဖက် အလယ်တန်းကျောင်းကို အလယ်တန်းကျောင်းခွဲ အဖြစ် ၂၀၁၃-၂၀၁၄ တွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဌာနမှ ပြန်ကြားခဲ့ရာ ယခုအခါ ဒေသ၏ လိုအပ်ချက်များ အရ ကျောင်းများ အဆင့် တိုးမြှင့်ပေးသည့်အတွက် မဲဆန္ဒနယ်ရှင်ပြည်သူများ အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိနေကြပါကြောင်း၊ သို့ရာတွင် တိုးမြှင့်လိုက်သည့် ကျောင်းများတွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ လုံလောက်စွာမရှိသေးပါသဖြင့်  ကျောင်းများအတွက် သက်ဆိုင်ရာ ဆရာ/ဆရာမ ဝန်ထမ်းများ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ နှင့် ခန့်ထားပြီးစီးမှုအခြေအနေများကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန